• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, November 12, 2014

တီကျစ်၌ ကလေးတစ်သိန်းလျှင် ၅၁၀၀ ခန့် ရောဂါဖြစ်နေ


တီကျစ်၌ ကလေးတစ်သိန်းလျှင်

၅၁၀၀ ခန့် ရောဂါဖြစ်နေ

By တောင်ပိုင်းသား (မြစ်မခ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ခွဲ၊ တီကျစ်ကျေးရွာ၌တည်ရှိသော ကျောက်မီးသွေးစက်ရုံမှ ထွက်
ရှိသည့် ကျောက်မီးသွေး ပြာမှုန့်များသည် လေနှင့်အတူ တီကျစ်ရွာသို့လွှင့်ပါလာ ခင်းကြောင့် ဒေသခံများ
ကျန်းမာရေး ထိခိုက်နေကြခြင်းဖြစ်ပြီး ထိုပြာမှုန့်များကြောင့် တိရစ္ဆာန်များ၏မျိုးပွားခြင်းကိုလည်း ထိခိုက်လျက်
ရှိသည်ဟု ဒေသ,ခံတို့က ဆိုသည်။

“ကျောက်မီးသွေးပြာတွေက လေတိုက်တိုင်း ကျွန်တော်တို့အိမ်တွေပေါ်ကို ကျလာတယ်။
နေရတာအဆင်မပြေဘူး။
ဒီလိုဖြစ်တာ စက်ရုံစလည်ပတ်တဲ့ နှစ်ကတည်းကပါ။
အခုဆို မီးသွေးပြာတွေကျတဲ့အိမ်က၀က်တွေဆိုရင် သားတောင်မပေါက်နိုင်တော့ဘူး။
မွေးလို့လည်းမရတော့ဘူး”
ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျောက်မီးသွေးတွင် မာကျူရီ၊ ခရို မီယမ်၊ ဆယ်လီနီယမ်တို့ ပါဝင်ပြီးထပ်မံ ပါဝင်သည့် မိုလီဒီနမ်အဆိပ်တစ်
မျိုးကြောင့် တိရိစ္ဆာန်များ ကြီးထွားမှုနှေးခြင်း၊ ကိုယ်အလေးချိန်မပြည့်ဘဲမွေးဖွားခြင်းတို့အပြင် မျိုးမပွားနိုင်ခြင်း
တို့ ဖြစ်နိုင်သည်ဟု တိရစ္ဆာန်ဆရာဝန်တစ်ဦးက ဆိုသည်။
“ကျောက်မီးသွေးပြာတွေထဲပါနေတဲ့ မိုလီဒီနမ်ကတော့ တိရစ္ဆာန်တွေရဲ့သားပေါက်နှုန်းနဲ့ ကြီးထွားနှုန်းကို
ဒုက္ခပေးတယ်လို့ ဆေးပညာမှာ ပါရှိတယ်”
ဟု အဆိုပါ တိရစ္ဆာန်ဆေးကုဆရာဝန်က အတည်ပြုပြောကြားသည်။

ကျောက်မီးသွေးစက်ရုံမှထွက်ရှိသော နိုက်ထရိုဂျင်အောက်ဆိုဒ်များသည် ၉၇ရာခိုင်နှုန်းထုတ်လုပ်လျက်ရှိကာ
ယင်းဓာတ်ငွေ့သည် ကလေးများ၏ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားလျက်ရှိကြောင်း သိရ
သည်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ တီကျစ်ကျောက်မီးသွေးစက်ရုံကို ၂၀၀၅ခုနှစ်မှ စတင်လည်ပတ်လျက်ရှိပြီး
၎င်းဒေသရှိ ကလေးသူငယ်ဦးရေတစ်သိန်းလျှင် (၄၀၉၉.၆) ယောက်သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါများဖြစ်ပွားလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ဝေထားသည့် Annual Public Health
Statistics Report (2009) အရ,သိရသည်။

တောင်ပိုင်းသား (မြစ်မခ)

Copy from http://www.hotnewsweekly.com/node/3736