• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, November 9, 2014

နွားနို့နှင့် တွဲဘက်မစားသင့်သောအရာများ

နွားနို့နှင့် တွဲဘက်မစားသင့်သောအရာများ

November 10, 2014
Sunday 


လိမ္မော်သီး

နွားနို့ မသောက်ခင် ၁-နာရီနဲ့ သောက်ပြီး ၁-နာရီ ၀န်းကျင်မှာ လိမ္မော်သီးကို မစားသင့်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ နွားနို့ထဲက ပရိုတင်းဓါတ်နဲ့ လိမ္မော်သီးထဲက တာတာရစ်အက်ဆစ်တို့ ဓါတ်ပြုပြီးရင်
အနယ်ထိုင်မှု ဖြစ်တတ်လို့ပါ။


ချောကလက်

နွားနို့ထဲမှာ ပရိုတင်းဓါတ်နဲ့ ကယ်လီဆီယံဓါတ် အများကြီးပါပါတယ်၊။
ချောကလက်ထဲက အော့ဇာလစ်အက်ဆစ် ရှိတယ်။
အဲဒီစားစရာနှစ်မျိုးကို အတူတူစားရင် ကယ်လီဆီယံဓါတ် စုပ်ယူမှုကို ထိခိုက်နိုင်မယ်။
ပြီးတော့ ဆံပင်ခြောက်သွေ့မှု၊ ၀မ်းလျှောမှု စတာတွေလည်း ဖြစ်စေနိုင်မယ်။


ဆေး

နွားနို့ဟာ ဆေးလုံးဆေးပြားအပေါ်ယံမှာ ဖုံးအုပ်ထားတဲ့အလွှာတစ်ခု ဖြစ်တတ်တယ်။
ပြီးတော့ နွားနို့ထဲမှာပါဝင်တဲ့ ကယ်လီဆီယံဓါတ်၊ မဂ္ဂနီဆီယံဓါတ်တွေ က ဆေးထဲမှ ပါဝင်တဲ့ ဓါတ်အမျိုးမျိုးနဲ့
ဓါတ်ပြုမှု ဖြစ်ပွါးတတ်ပါတယ်။

Copy from http://myanmar.cri.cn/666/2014/11/06/1s33874.htm