• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, November 14, 2014

နောက်ဆုံးအနည်းဆုံး အာဖရိက

မြို့တော် Ouagadougou
Source photos from http://www.google.com/images

November 14, 2014
Friday

နောက်ဆုံးအနည်းဆုံး အာဖရိက

( မူရင်း- အရှေ့မိုးကောင်ကင် ဘလော့ဂ်မှ )
18 May, 2010
(၁)

မြို့ပေါ်လမ်းမတွေမှာ အမှိုက်သိမ်းဖို့မှောင်နဲ့မဲမဲ သူမအိပ်ရာထပြီးနောက်။
နှစ်ဒေါ်လာထက် နည်းတဲ့ငွေနဲ့ အစားအသောက်ဝယ်ဖို့ သူမနှစ်နာရီလောက် လမ်းလျှောက်ပြီးနောက်။
ပူပြင်းတဲ့ မွန်းတည့်နေမှာ သူမနှစ်နာရီလောက် ချက်ပြုတ်ပြီးနောက်။
ဖန်တာလင်ဂနီဟာ သူ့ မိသားစုအတွက် တစ်နေ့တာရဲ့ တစ်နပ်ထဲသောထမင်းပွဲကို ဖြည့်စည်းပေးခဲ့တယ်။

ဦးစွာ သူမဟာ သစ်ရွက် ငါးခြောက်နဲ့ ပြာမှုန့်တို့ ခပ်ထားတဲ့ ပြောင်းနှစ်မုန့်ပြားတစ်ဒယ်ကို ကလေးငယ် ၁၁
ယောက်အတွက်တည်တယ်။
ကလေးတွေက လက်ဗလာနဲ့ ဖဲ့စားကြတယ်။
ဒီနောက် သူ့ယောကျာ်းအတွက် တစ်ဒယ်တည်တယ်။
ကလေးကြီး တစ်ဒါဇင်အတွက် နှစ်ဒယ်တည်တယ်။
လူတိုင်းအတွက်ပြီးမှ နောက်ဆုံးသူ့အတွက် တစ်ဒယ်တည်တယ်။
သူမဟာ အမြဲတမ်း နောက်ဆုံးမှစားတယ်။

အစားအသောက်ဈေးတွေ နှစ်ဆနီးပါးတက်မလာခင် လွန်ခဲ့တဲ့နှစ်က လင်ဂနီဟာ တစ်နေ့သုံးနပ်ကို အသား
ဆန် ဟင်းသီးဟင်းရွက်တို့နဲ့ စားနိုင်တယ်။
ယခုအခါမှာတော့ မုန့်ပြားသက်သက် ပလုပ်ပလောင်း နှစ်လုပ်စာနဲ့ နောက်နေ့အထိခံအောင်နေကြရတယ်။
နှုတ်ခမ်းသားနီနေတဲ့ မျက်လုံးများကိုပွတ်လိုက်ပြီး မြေကြီးပေါ်ကျနေတဲ့ သစ်ရွက်ညွန့်တစ်ခက်ကို ကောက်
ဝါးပြီးနောက် လင်ဂနီဟာ သူမရဲ့ နောက်ဆုံးမုန့်တစ်ဖဲ့ကို ကလေးတွေကို ကျွေးလိုက်တယ်။
"ငါမဆာဘူး"လို့ သူမကပြောတယ်။

Source photos from http://www.google.com/images

အနောက်အာဖရိကရဲ့အလယ်မှာရှိတဲ့ ဘာကီနာဖာဆို Burkina Faso လို ဆင်းရဲတဲ့နိုင်ငံမှာ ထမင်းစားချိန်
ဟာ အမျိုးသမီးများကို ပူပင်သောကရောက်စေတယ်။
သူတို့ဟာ အစားအစာ ရှာရတယ်၊ ရေခပ်ရတယ်၊ ဈေးသွားရတယ်၊ ထမင်းချက်ရတယ်။
ဒါပေမဲ့ စားချိန်တန်တဲ့အခါ ယောက်ျားနဲ့ကလေးများက အရင်စားပြီး အမျိုးသမီးများက နောက်ဆုံးနဲ့ အနည်း
ဆုံးပဲ စားတယ်။
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာစီမံကိန်း (WFP)ရဲ့ ထုတ်ပြန်ချက်အရ ယမန်နှစ်ကအစားအစားနဲ့ လောင်စာ
ဈေးတွေမြင့်တက်လာမှုက အာဖရိက အာရှနဲ့ လက်တင်အမေရိက တစ်ဝှမ်းမှာရှိတဲ့ လူဦးရေ သန်း ၁၃၀
ကျော်ကို ဆင်းရဲတွင်း နက်သထက်နက်စေခဲ့တယ်။
ဒါပေမဲ့ သန်းပေါင်းများစွာသော ယောက်ျားများနဲ့ ကလေးများဟာ ငတ်မွတ်နေတာမှန်သော်လည်း အမျိုးသမီး
များဟာ အငတ်ဆုံးနဲ့ အရေအထူဆုံးဖြစ်တယ်။
"ဒါဟာယဉ်ကျေးမှုဖြစ်နေတယ်။
ကလေးတွေ ဆာလောင်လာပြီ ဆိုရင်သူတို့ဟာ အမေတွေဆီ သွားကြတယ်။
အဖေတွေဆီ မသွားဘူး ။
နောက်ပြီး အစားအစာ နည်းနည်းပဲရှိတော့ရင်၊ အမျိုးသမီးတွေဟာ အနည်းဆုံးစားသူတွေဘဲဖြစ်တယ်"
လို့ အထောက်အကူပေးရေး ဝန်ထမ်းတွေက ပြောတယ်။

လောလောလတ်လတ် လေ့လာမှုတွေအရ"ဘာကီနာဖာဆို"ရှိ လူအများအပြားဟာ သူတို့ဝင်ငွေရဲ့ ၇၅%
ကျော်ကို အစားအစာအတွက် သုံးစွဲကြရပြီးကျန်းမာရေး ကျောင်းလခ၊ အဝတ်အစားစတဲ့ တခြားလိုအပ်ချက်
အတွက် အနည်းအပါးသာ သုံးစွဲပြီး ရပ်တည်နေကြရတယ်။

(၂)

သံမံတလင်းပေါ်မှာအိပ်တဲ့ လင်ဂနီရဲ့တနေ့တာဟာ မနက်လေးနာရီ အိပ်ရာထတာနဲ့ စတင်တယ်။
အမှောင်ထဲမှာ တိုးတိုးတိတ်တိတ် အဝတ်လဲတယ်။
သူမ ပတ်ပတ်လည်မှာ ကလေးတွေဟာ အမိုးနိမ့်နိမ့်အောက် သမံသလင်းပေါ်မှာ အိပ်ပျော်နေကြတယ်။ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးမှု အညွှန်းကိန်း ၁၇၇ ရှိတဲ့အနက် အဆင့် ၁၇၆ ရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖို့ ဒီအခြေအနေဟာ အဆန်းမဟုတ်ပါဘူး။
မနှစ်ကဆိုရင် လင်ဂနီ အနေနဲ့ မီးသေးသေးဖိုပြီး ကာဖီကြဲကြဲတစ်ခွက်တော့ ဖျော်သောက်နိုင်ပါလိမ့်မယ်။
ခုအခါမှာတော့ ကာဖီကြဲကြဲတစ်ခွက်ဟာ ဈေးသိပ်ကြီးလှတယ်။

Source photos from http://www.google.com/images

ဒီလိုဆိုးဝါးတဲ့ အခြေအနေကြောင့် ဖေဖေါ်ဝါရီမှာ မြို့တော် Ouagadougou နဲ့ နိုင်ငံတစ်ဝှမ်းမြို့များမှာ ရိက္ခာ
အဓိကရုန်းတွေဖြစ်ပွားလာတယ်။
ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဆန့်ကျင်ပြီး အစိုးရ အဆောက်အဦးတွေကို မီးရှို့ဖျက်စီးတဲ့အတွက် လူရာပေါင်းများ
စွာ အဖမ်းခံရတယ်။
လင်ဂနီအတွက်တော့ တိုက်ပွဲဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကျပ်တည်း ခက်ခဲလာတယ်။
နေမထွက်ခင်ကတည်းက တိုက်ပွဲကစပြီ။
သူမအသက် ၅၀ ရှိပြီဆိုတဲ့ လင်ဂနီဟာ သူ့ယောက်ျားနဲ့ ကလေးများ အိပ်နေတဲ့ အခန်းနှစ်ခန်းပါ တဲအိမ်ကို
ထားခဲ့ပြီးညစ်ပတ်နေတဲ့ ခြံဝင်းကိုဖြတ်ပြီးလျှောက်လာတယ်။
ညလုံးပေါက် မိုးရွာထားသဖြင့် ညစ်ပေနေတဲ့ လမ်းမဟာ ရွှံ့တွေဗွက်တွေ ထနေတယ်။
မှောင်မိုက်တဲ့လမ်းပေါ် နာရီဝက်လောက် လမ်းလျှောက်ပြီးနောက် သူမဟာ အလုပ်ဆင်း သတင်းပို့တယ်။
မြို့တော်စီမံချက်အဖြစ် ဆင်းရဲတဲ့အမျိုးသမီးများအတွက် လမ်းပေါ်တံမြက်လှည်း အမှိုက်သိမ်း အလုပ်ဖြစ်တဲ့
အစိမ်းရောင်အလုပ်တပ်ဖွဲ့ရဲ့ အလုပ်ချိန်ဝတ် အပေါ်အင်္ကျီအစိမ်းကို ဝတ်တယ်။
ဒီစီမံကိန်းကဆင်းရဲတဲ့ အမျိုးသမီးများကို ရက်သတ္တတစ်ပတ်လျှင် နှစ်မနက်အတွက် တစ်ရက် ၁.၂ ဒေါ်လာ
နဲ့ညီတဲ့ လုပ်အားခကိုပေးတယ်။
လင်ဂနီဟာ မြက်ခြောက်တံမြက်စည်းငယ်နှစ်ချောင်းနဲ့ အမှိုက်သိမ်းလှည်းကို တွန်းပြီး ကျယ်ပြောလှတဲ့ လူ
သူကင်းရှင်းတဲ့လမ်းအတိုင်း ထွက်လာတယ်။
လိမ္မော်ရောင် မှုန်ပြပြလမ်းမီးရောင်အောက်မှာ သူမဒူးက သူမခေါင်းထက်မြင့်တဲ့အထိ ခါးကို ညွတ်ကွေး
ကာ အမှိုက်လှည်းတယ်။
တရှဲရှဲနဲ့ တံမြက်စည်းလှည်းသံ ထွက်လာတယ်။
ကြက်ဖတစ်ကောင်တစ်လေ တွန်သံနဲ့ ညလုံးပေါက်အရက်ဆိုင်က အရက်သမားတွေရဲ့ မကြာမကြာ ရယ်
မောသံမှအပ ဘာသံမှမကြားရ။
သူမ တာဝန်ကျတဲ့ ကိုက်-၁၅၀ လောက်ရှည်တဲ့လမ်းပိုင်းကို သူမ သန့်ရှင်းရေးလုပ်ရတယ်။
တစ်ဒါဇင်လောက်ရှိတဲ့ မျိုးသမီးတပ်ဖွဲ့ဟာလည်းသူ့အပိုင်းနဲ့သူ လုပ်နေကြတယ်။
ထရပ်ကားတစီးဟာ အရှိန်နဲ့မောင်းလာ ပြီးသူမမျက်နှာကို ဖုန်လုံးတွေ လွင့်စင်လာစေတယ်။ သူမစုပုံထားတဲ့ အမှိုက်ပုံကလေးကိုလဲ လွင့်စင်သွားစေတယ်။
သူမချောင်းဆိုးတယ်၊ ပန်းရောင်ခေါင်းစည်းပ၀ါနဲ့ မျက်နှာကို စည်းလိုက်ပြီးအမှိုက်တွေ ပြန်လှည်းတယ်။
နေထွက်ပြုလာချိန်အထိ လင်ဂနီဟာ တံမြက်စည်းလှည်းတယ်။
သူမပုံထားတဲ့ အမှိုက်တွေကို ဂေါ်ပြားနဲ့ကျုံးပြီး အမှိုက်လှည်းပေါ် တင်တယ်။
ဒါပေမဲ့ အမျိုးသားကြီးကြပ်ရေးမှူးက အလုပ်ကို လာစစ်ဆေးတာကို တစ်နာရီလောက် စောင့်ရတယ်။
သူမအတွက် လစာငွေ ၁၀ ဒေါ်လာအောက် ရတယ်။

(၃)

လင်ဂနီ နာရီဝက်လောက်လမ်းလျှောက်ပြီးအိမ်ပြန်ရောက်တဲ့အခါ အိမ်သားတွေနိုးစပြုပြီ။
သူမဟာ အလုပ်ဝတ် အပေါ်အင်္ကျီစိမ်းကို ချွတ်ပြီးဖိနပ်ဘူး အရွယ်လောက်ရှိတဲ့ ဈေးခြင်းကိုဆွဲလိုက်တယ်။
ဈေးချိန်ပဲ။
သူမနဲ့ နောက်ထပ်မယားပြိုင်နှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ အက်ရှတာ ဇာဂရီ တို့ အလှည့်ကျ ဈေးဝယ်ထွက်
တယ်။ သူ့ယောက်ျားရဲ့တခြားမယားဖြစ်တဲ့မယားသုံးယောက်အနက်မယားကြီးဖြစ်သူမှာမျက်စေ့ကွယ်လုနီး ဖြစ်နေ
သဖြင့် အိမ်မှုကိစ္စ မလုပ်နိုင်တော့ပါ။
အာဖရိကဒေသအများစုမှာမယားအများမပြားယူတာအဆန်းမဟုတ်တော့ဘူး။
ဒီအိမ်ရဲ့ အိမ်ဦးနတ်ဟာ အငြိမ်းစားရဲအရာရှိဟောင်း တဦးဖြစ်တဲ့ အသက် ၆၃ နှစ်ဟာမာဒို ဇိုရိုမီ ဖြစ်တယ်။
သူ့ရဲ့ပင်စင်လစာဟာ မိသားစုရဲ့အဓိကဝင်ငွေဖြစ်တယ်။
ဒါပေမဲ့ သူ့လစာဘယ်လောက်ရသလဲဆိုတာ သူ့မိန်းမများကို အသိမပေးဘူး။
ကုလသမဂ္ဂ အဆိုအရ လူဦးရေ ၁၅-သန်းအနက် ၇၅% နီးပါးဟာ တနေ့ ၂-ဒေါ်လာအောက်နိမ့်တဲ့နှုန်းထား
နဲ့ နေထိုင်ကြရတဲ့ ဘာကီနာ ဖာဆိုလို ဆင်းရဲတဲ့ နိုင်ငံတစ်နိုင်ငံအဖို့၊ အလယ်အလတ်အဆင့် ဝန်ထမ်းတဦး
ရဲ့ ပင်စင်လစာဟာ အတော်အတန် လျှောက်ပတ်မှုရှိပါတယ်။
ဇိုရိုမီက အလုပ်လုပ်တဲ့ သူ့မယားနှစ်ဦး လစာထုတ်လာတဲ့အခါ တဦးစီထံမှ ဆင့်၆၀ ဘောက်ဆူး တောင်း
လေ့ရှိတယ်။
သူနှစ်ခြိုက်တဲ့ သူဝါးနေကျ ကိုလာစေ့ ဝယ်ဖို့ဖြစ်တယ်။
လင်ဂနီ နဲ့အတူ ဇါဂရီ ဟာ တံမြက်စည်းလှည်းတဲ့ အလုပ်လုပ်ကြပြီး၊ သူတို့ရဲ့ ယောက်ျားဖြစ်သူ ဇိုရိုမီက
ပြောင်းလို အခြေခံရိက္ခာဝယ်ဖို့ ငွေအနည်းအပါးကိုသာ မသဒ္ဓါရေစာ ပေးလေ့ရှိတယ်လို့ ပြောတယ်။
မိသားစု အစားအစာအတွက် အဓိကကုန်ကျစရိတ်ကို မယားများရဲ့တံမြက်လှည်းလစာမှ ကျခံကြရတယ်။
ဈေးဝယ်ထွက်ဖို့ ပြင်နေစဉ် လင်ဂနီ ဟာ သူ့ခြေကျင်းဝတ်နဲ့ ခြေထောက်တွေကို ကုန်းပြီး နှိပ်နယ်ပေးနေရ
တယ်။
နှစ်ရှည်လများ အမှိုက်လှည်း ရလို့ ခြေထောက်တွေ နာကျင်နေတယ်လို့ သူမကပြောတယ်။
သူမကိုယ်အလေးချိန် တစ်ခါမှ ချိန်မကြည့်ဖူးပေမဲ့ ဝိတ်လျော့သွားပြီး အားနည်းလာတယ်လို့ သိသိသာသာ
ခံစားရကြောင်းပြောတယ်။
ယခင်လက တံမြက်လှည်းလစာဟာ ကုန်သွားပြီ၊ သူ့ယောက်ျားထံ သွားတောင်းတော့ ကုန်မျိုးစုံဝယ်ဖို့ နှစ်
ဒေါ်လာခွဲပဲ ပေးတယ်။
သူ့ယောက်ျားက ၇၅ ဆင့်ထက် ပိုမသုံးဖို့နဲ့ ကျန်ငွေကို နောက်နေ့အတွက် ချန်ထားဖို့ပြောတယ်။
"မိန်းမတွေဟာ မိသားစုကိုကျွေးဖို့ ဆိုတဲ့အလုပ်နဲ့ မွေးဖွားလာတာဖြစ်တယ် " လင်ဂနီ က ရွံ့ရေအိုင်ကို ပတ်လျှောက်ရင်းပြောတယ်။
"ယောက်ကျားကိုလဲ သူရသင့်တာ ရစေရမယ်၊ နောက်ပြီးကလေးတွေကိုလဲ သူ့ဝေစုနဲ့သူ ရသင့်တာရစေ ရ
မယ်၊ ဒါကြောင့်ကျမတို့ လျှော့စားကြတယ်" ။
လင်ဂနီက မိသားစုထဲက ဘယ်ယောက်ျားလေးမှ တည်ငြိမ်တဲ့ အလုပ်မရှိဘူးလို့ ပြောတယ်။
ဒီဆင်းရဲတဲ့မြို့မှာ အလုပ်ရဖို့ ခက်ခဲတဲ့အတွက် ကောင်လေးတွေဟာတောက်တိုမယ်ရ အလုပ်တွေလုပ်ရင်း
ဒါမှမဟုတ် ဘောလုံးကစားရင်း အချိန်တွေကုန်ကြတယ်လို့ ပြောတယ်။
ငွေအနည်းအပါးရရင် သူတို့ဘာသာ မုန့်စားပစ်တာ ဘီယာသောက်ပစ်တာပဲလို့ သူမကပြောတယ်။

လင်ဂနီ ဟာ အမျိုးသမီးတွေ ကလေးမလေးတွေ ရောင်းတဲ့ သစ်သီးတန်းနဲ့ဖျော်ရည်တန်းကို ဖြတ်လျှောက်
လာတယ်။
ယောက်ျားတချို့က မီးသွေးအိပ်တွေ ရောင်းနေပေမယ့် အများစုက နေရိပ်ထဲထိုင်ပြီး လေပန်းနေကြတယ်။ "ယောက်ျားနဲ့မိန်းမဟာ သူတို့ကလေးများအတွက် အတူတကွ ရုန်းကန်ရမယ် " လင်ဂနီ က ပြောပါတယ်။
"အကယ်၍ ယောက်ျားလုပ်သူက အဲဒီလိုမလုပ်ရင် မိန်းမတွေက သူတို့ဖာသာ ရုန်းကန်ရမှာဘဲ "
လင်ဂနီရဲ့ယောက်ျား ကိုရိုမီက ယခုလိုပြောတယ်။
ယောက်ျားတွေက ဈေးဝယ်တာ ချက်ပြုတ်တာမှာ မကူညီဘူး၊ ဘာဖြစ်လို့လဲဆိုတော့
"ဒါဟာမိန်းမတွေရဲ့ အလုပ်ပဲ"။
ဆုံတွေ့ရတဲ့ ယောက်ျား အများလိုဘဲ။
အာဖရိကယဉ်ကျေးမှုကရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားတာက ယောက်ျားက အိမ်ပြင်ထွက် အလုပ်လုပ်ဖို့နဲ့
မိန်းမက ကလေးထိန်းချက်ပြုတ်ဖို့ ဖြစ်တယ်လို့ သူကပြောလေရဲ့။
သူဆက်ပြောတာက ယောက်ျားတွေဟာ အလုပ်လုပ်ချင်ပါတယ်၊ ဒါပေမဲ့ အလုပ်ကရှားတယ် သူ့မိန်းမတွေ ကို တံမြက်စည်းမလှည်းစေချင်ပါဘူး။
ဒါပေမဲ့ "ခုအခါမှာ ဘဝဟာ ပိုအဖိုးတန်တယ်"။
"မနှစ်ကဆိုရင် ကျွန်တော်တို့ ကောင်းကောင်းစားနိုင်သေးတယ်၊ အခုတော့ ဒါတွေ မေ့ပစ်လိုက်ပါပြီ" "ကျွန်တော့်သားတွေ အလုပ်မရှိကြဘူး၊ ဒီတော့ လူ ၂၅ယောက်ကိုကြွေးဖို့ ကျွန်တော့အပေါ် ပုံကျနေတာ
ပေါ့ ၊ဒါကြောင့်ပဲ မိန်းမတွေတံမြက်စည်းလှဲနေကြရတာ၊ ကျွန်တော်တို့မှာ ဘာမှမရှိဘူး၊ ဒါကြောင့်သူတို့လုပ်
ကြရတာ၊ ဒါဟာဘဝပဲ "။
ဈေးသွားရင်းနဲ့ လင်ဂနီ က အကျည်းတန်တဲ့ သင်္ချာအကြောင်း ရှင်းပြတယ်။
မနှစ်ကဆိုရင် ၇၅ ဆင့်နဲ့ မိသားစုကို အသား ဟင်းသီးဟင်းရွက် ပဲထောပတ်တို့နဲ့အဟာရဖြစ်အောင် ကျွေး
နိုင်ခဲ့တယ်။
အခုအခါမှာတော့ အများကြီး အဆင့်နိမ့်တဲ့ ဟင်းလျာအတွက် ငွေနှစ်ဆလောက်ကုန်တယ်။
အခြေခံစားသောက်ကုန်တွေ ဈေးနှစ်ဆတက်သွားတယ်။
ဓါတ်ဆီဈေး နှစ်ဆကျော် တက်သွားတဲ့ အတွက် ကုန်းတွင်းပိတ် ဘာကီနာဖာဆို သို့ အစားအသောက်သယ်
လာတဲ့ ကုန်ကားတွေ ပို့ဆောင်စရိတ်တက်လာလို့ စားကုန်သောက်ကုန်တွေလဲ ဈေးတက်ကုန်တယ်။
အမဲသားဆိတ်သားက အခု ဈေးသိပ်ကြီးတယ်၊ ၁.၂၀ ဒေါ်လာဖိုးဆိုရင် နည်းနည်းလေးဘဲရတယ်။
ဒါကြောင့် မိသားစု အနေနဲ့ အသားလုံးဝ မစားတော့ဘူး။
ဈေးသက်သာတဲ့ ငါးခြောက်ပဲ စားတော့တယ်။
အသီးအရွက် မြေပဲ နဲ့ ချဉ်ရည်ဟင်းမလုပ်နိုင်တော့ဘူး။
အခု ဆဟာရတောင်ပိုင်းမှာ အလေ့ကျပေါက်တဲ့ "ဘိုဘာ"ရွက်ကိုဘဲ သုံးတော့တယ်။
ဘိုဘာရွက်ကို နူးနပ်ပြီးအချဉ်ပေါက်လာအောင် လင်ဂနီ ဟာ ပိုတက်စ် နဲ့ ပြာ ရောထားတဲ့ အနှစ်ကိုသုံး
တယ်။
"အရင်ကဆိုရင် ငွေဟာ တစ်လသုံးလောက်ပြီး လက်ထဲအနည်းအပါး ကျန်သေးတယ်။
အခုတော့ ငွေရတာနဲ့ ကုန်တာပဲ"။
ညစာစားတဲ့အခါ အားလုံးစားသောက်ပြီးနောက် စားစရာနည်းနည်းပဲ ကျန်တော့တယ်။
ဒါဟာမိန်းမတွေအတွက် စားလောက်ရုံကလေးပါပဲ။
"ကလေးတွေက ထပ်တောင်းရင် ကျွန်မတို့ သူတို့ကိုကျွေးလိုက်တယ်"။
သူမကပြောတယ် "ငါတို့ဟာ အမေတွေပဲ" တဲ့။

(၄)

Source photos from http://www.google.com/images

"ဒါဘဲလား မယူတော့ဘူးလား"
"လောက်ပါ့ မလား" ဟင်းသီးဟင်းရွက်သည်က လင်ဂနီကို မေးတယ်။
အိမ်နားက လူစည်တဲ့ဈေးထဲမှာ သူမဟာတိုးဝှေ့ရင်း ဘိုဘာရွက် ဆင့်၃၀ ဖိုးဝယ်တယ်။
နောက်တစ်နေရာမှာ ကြက်သွန်ဖြူဥ သေးသေးလေးလုံး ဝယ်တယ်။
သူမသွားခါနီးမှာ ဈေးသည်က နားလည်စာနာတဲ့ အပြုံးနဲ့ တစ်လုံးအပို ထပ်ပေးလိုက်တယ်။
သူမကကျေးဇူးတင်တဲ့ အပြုံးနဲ့ တုန့်ပြန် တယ်။
လူအုပ်ထဲ တိုးဝှေ့ရင်း လင်ဂနီဟာ ငါးခြောက် တစ်ထုပ်၊ ဆားအထုပ်ကလေး တစ်ထုပ်၊ အမဲဆီအချောင်း
ငယ် နှစ်ချောင်း၊ ပိုတက်စ်တစ်ထုပ်နဲ့ ပြာနှစ်တို့ကို ဝယ်တယ်။
ဆယ်မိနှစ်အတွင်း သူမဈေးဝယ်လို့ ပြီးသွားတယ်။
သူမရဲ့ တနေ့တာ ဘတ်ဂျက် ၇၅-ဆင့်ရဲ့ နှစ်ဆလောက် ကုန်သွားတယ်။

အပူချိန် ၉၀ ဒီဂရီ ကျော်တဲ့ နေပူအောက်မှာ နာရီဝက်လောက် လမ်းလျှောက်ပြီးအိမ်ပြန် ရောက်တဲ့အခါ လင်ဂနီနဲ့ ဇါဂရီ တို့ ချက်ပြုတ်ဖို့ ပြင်ကြတယ်။
"တကယ်တော့ ဒါထက်ပိုကောင်းကောင်း စားချင်တာပေါ့။ ဒါပေမဲ့ အားလုံးစားလောက်ဖို့အတွက် ဒါဟာဈေးအသက်သာဆုံးပဲ" လင်ဂနီက ပြောတယ်။
ချက်ပြုတ်လို့ နှစ်နာရီလောက် အကြာမှာ သူမဟာ ရနံ့ကင်းတဲ့ ဟင်းလျာခြောက်အိုး ချက်ပြီးသွားခဲ့တယ်။ ပထမအိုးက ယောက်ျားဖြစ်သူ ဇိုရိုမီ အတွက်ဖြစ်ပြီးသူ့ထံ သွားပို့ရတယ်။
သူကတစ်ယောက်ထဲစားတယ်။
ပြီးတော့ပြောလိုက်သေးတယ် ငိုက်တောင်လာပြီတဲ့။ တခြားအိုးတွေကတော့ ကလေးများအတွက်ပါပဲ။
 နောက်ဆုံးအိုးဖြစ်တဲ့ သူ့ယောက်ျားထက် နည်းနည်းလေးပိုကြီးတဲ့ မုန့်ပြားအိုးကို လူဆယ်ယောက် စားကြတယ်။
လင်ဂနီ ဇာဂရီ နဲ့ ကလေးငယ်ရှစ်ယောက်တို့ ဖြစ်တယ်။

နောက်ဆုံးအိုးကို ဆာလောင်မွတ်သိပ်နေတဲ့ အငယ်ကောင် ငါးကောင် လုယက်မစားမီ လင်ဂနီ က မုန့်နှစ်
ကိုက်လောက် ယူကိုက်လိုက်တယ်။
အိမ်ပေါက်ဝမှာတော့ ကလေးဒါဇင်ဝက်လောက် ဝိုင်းထိုင်ပြီးထမင်း ဟင်းချက်တမ်း ကစားနေကြတယ်။
အုတ်ကျိုးအုတ်ပဲ့တွေနဲ့ ကစားစရာမီးဖိုလုပ်ပြီးအမှိုက်ပုံက ကောက်လာတဲ့ ပလပ်စတစ်ခွက် အကျိုးအပဲ့များနဲ့ ဟင်းချက်ကြတယ်။
"ငါတို့ ထမင်းနဲ့ အသားဟင်း ချက်မယ်"။
သူတို့အဖေ ဇိုရိုမီ က ကြည့်ပြီးရယ်တယ်။
ဒီနေ့ရှင်ထပ်စားဦးမလား လို့ လင်ဂနီ ကမေးတော့ " အေး " လို့ သူကဖြေတယ်။
 လင်ဂနီ က သူ့ယောက်ျားကို ညစာ ဆန်နည်းနည်း ပြုတ်ကျွေးမယ်လို့ ပြောလိုက်တယ်။
အနားမှာရှိတဲ့ သမီးငယ်များက ကြားသွားပြီးအော်ကြဟစ်ကြတယ်။
" ဘာပြောတယ်၊ ဘာပြောတာလဲ" "ဘာလို့ပြောတာလဲ ၊ ဆန်လဲမရှိဘဲနဲ့"။
ဇိုရိုမီ က မချိပြုံး ပြုံးရင်း မုသားစကား ပြောတယ်။
"ငါတို့ စားစရာရှိလာတဲ့တစ်နေ့၊ ခါးပတ်တင်းအောင်စားကြတာပေါ့ကွာ။ ဒါပေမဲ့ အခြေအနေ မကောင်းတဲ့အခါ ယောက်ျားတစ်ယောက်အဖို့ အတော်ခက်ခဲပါတယ် "။
လင်ဂနီ ဟာ ပြောင်တလင်းခါနေတဲ့ အိုးဘေးမှာ ထိုင်နေတုန်းဘဲ။သူမရဲ့ လက်သီးဆုပ်လောက်ရှိတဲ့ မုန့်တစ်တုံးကို ကလေးတွေဝိုင်းလုမစားခင် ဖယ်ထား လိုက်တယ်။
"တစ်နာရီ နှစ်နာရီ လောက်ဆိုရင် အငယ်ကောင်တွေ ငိုလိမ့်မယ်၊ ဒါကြောင့်ချန်ထားရတာ" လို့ သူမကပြောတယ်။
သူမအသံဟာ တိုးတိတ်ညင်သာ လှတယ်။

သူမဟာ မြေနီမှုန့်တွေကိုငုံ့ကြည့်ရင်း ပြောလိုက်တယ်။
"ကျမ သိပ်ဝမ်းနည်းတယ်"
"ကျမ တအားစဉ်းစားတယ်"။။

[Africa's Last and Least by Kevin Sullivan. The Washington Post, July 20, 2008.]
 မြစမ်းအေး

Make Money at : http://bit.ly/adflywin

Copy from http://myanmarinmalaysia.blogspot.com/2010/05/blog-post_18.html