• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, November 18, 2014

ဓါတ်ပုံမှပြောသော စကားများ


ဓါတ်ပုံမှပြောသော စကားများ

By မင်းစိုးစံ
November 18, 2014
Tuesday

မောင့်သူငယ်ချင်းရဲ့ သမီးတွေ
ထီးဆောင်းပြီး ကျောင်းတက်နေချိန်မှာ

မောင်နဲ့မရဲ့သမီးလေးခမျာ
လမ်းဘေးမှာ ပန်းရောင်းနေရရှာတယ်မောင်။


ငါး၊ပုဇွန်ခွံတွေ မောင်ခွါနေခိုက်

စောင်းပိုက်ပြီး သီချင်းငြီးနေတာ
မောင့်သူငယ်ချင်းပါမောင်။


မောင့်သူငယ်ချင်းရဲ့ ဇနီးမယား
ကမ္မဌာန်းတရား စီးဖြန်းနေချိန်မှာ


မောင့်ချစ်ဇနီး ကျမ
ဘိန်းမုန့်ရောင်းနေရတယ်။


မောင့်မေမေ ကျမယောက္ခမ
လမ်းခွမှာအကြော်ကြော်နေတုန်း

ပျော်မဆုံးတဲ့ မောင့်သူငယ်ချင်းမိသားစု
ဘုရားဖူးထွက်ကြလေရဲ့။


မောင့်သူငယ်ချင်းရဲ့သမီး
ဘွဲ့ယူမယ့်နေ့မှာတော့

မောင်နဲ့မတို့ရဲ့သမီးလေးခမျာ
သနပ်ခါး သွေးပေးနေရရှာတယ်မောင်။



လူသားတိုင်းကိုချစ်တော်မူသော ထာဝရဘုရားသ္ခင် မညီမျှတဲ့လောကကြီးထဲမှာ မတူညီနိုင်ကြတဲ့ ဘဝတွေ
အတွက် တန်ခိုးတော်အဟုန်နဲ့ အလုံးစုံပြုပြင်ပေးတော်မူပါ တပည့်တော်ရင်ထဲ မပြုံးမရွှင်နိုင်တဲ့အဖြစ် မရှိချင်
တော့လို့ပါ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဓာတ်ပုံမှပြောသော စကားများတင် မဟုတ်ပါဘူး။
ရင်ထဲကနေမျက်ရည်ကျ မိတယ်။
ဒါကျွှန်တော့ ဘ၀ဘဲ။
ဘာတွေလုပ်မှ ကျွှန်တော်တို. ကရင်တွေ သူတို.လို နေနိုင်ရမှာလဲ...။
 စာတော့မရေးတက်ဘူး။
နှလုံးသားက ဒီပိုစ်. ကို ဖတ်ဒါနဲ.တင် မျက်ရည်မဆယ်နိုင်အောင်ကျတယ်။

ကိုယ့်သမိုင်း ကိုယ်ရေး လက်ရေးတော့ လှပါစေ...။
ကိုယ့်သမိုင်း ကိုယ်ရေး သူများလည်း ဖတ်လို့ရပါစေ...။
ဓာတ်ပုံတွေရော စာသားတွေရော ကြည့်ပြီး နာကျင်ခံစားမိပါတယ်ရှင်။

မှတ်ချက် အသိမိတ်ဆွေ တစ်ယောက်က ကျုပ်ရေးတဲ့ ကဗျာတွေကို အင်္ဂလိပ်လို ဘာသာပြန်မယ်ပြောပြီး
အဲဒီ ကဗျာလိုလို စာလိုလို ဘာမှန်းမသိတဲ့ စာတိုပေစကို ရှာပေးပါပြောလို့ လွန်ခဲ့တဲ့ ၃နှစ်လောက်က ရေး
ထားခဲ့တာလေးကို ပြန်ရှာကြည့်တော့ Comment တွေကိုပါ ရေးထည့်ပေးလိုက်ပါတယ်။
ဝင်ကြည့်တဲ့အကြိမ်ပေါင်း ၂၅ကြိမ်ပဲရှိပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)