နည်းပညာခေတ်မှာ သတိပြုစရာ
November 27, 2014
Thursday
By မင်းစိုးစံ
သူငယ်ချင်း ငါ့ကဗျာကိုဘတ်ပြီးပြီလို့ ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ မင်းပေးလိုက်တဲ့ Email ထဲမှာ ငကြွားကြီး လို့ ငါ့ကိုပြောထားလို့ပါ။
ကြွားစရာကလည်း ဘာမျှမရှိ၊ ကြွားရမယ့်လူဆိုလို့ မင်းတယောက်ပဲရှိနေတာလေ။
အေး ငါကမင်းနဲ့ပဲကြွားတာ တခြားဘယ်သူ့နဲ့မျှ ငါမကြွားရဲဘူး။ ကြွားချင်စိတ်လည်း မရှိဘူး။
ကြွားလို့လည်း မရဘူး။
ခုခေတ်လူတွေက အရင်တုန်းကလို မဟုတ်ဘူးဟေ့။ အဆင့်တွေမြင့်လာကြပြီ။
အတွေးအခေါ်တွေ မြင့်၏ မမြင့်၏ ဆိုတာကိုတော့ ငါကောင်းကောင်းမသိဘူး။ သူတို့ကိုင်နေတဲ့ နောက်ဆုံးပေါ် ပစ္စည်းကိရိယာတွေက အင်မတန်တိုးတက်တာ။
ငါ့ဖြင့် ကိုင်တောင်မကိုင်တတ် သုံးတောင်မသုံးတတ်ဘူး။
ဘယ်နှစ်ခုနှစ်က ဘယ်လိုတွေဖြစ်ခဲ့တာ၊ ဘာတွေကို ဘယ်လိုလုပ်ခဲ့တာ ဆိုတာကို အတိအကျမှတ်သား
ထား စုဆောင်းထားတတ်ကြတာလေ။ ငါပြောတာမင်းမယုံဘူးလား။
ငါလို မင်းလို လူတွေကတော့ မနေ့ကဘာဖြစ်ခဲ့သလဲဆိုတာကိုတောင် ပြန်စဉ်းစားချင်ကြတာမှမဟုတ်ပဲ။
ဒါကြောင့်မို့လည်း မင်းရောငါရော သူများနိုင်ငံမှာအသက်ရှင်ဘို့ ခွေးပြေးဝက်ပြေး ပြေးလာခဲ့ကြရတာမဟုတ်
လား။
မင်းနဲ့ငါ့လို ပြေးလာတဲ့လူတွေထဲက အများစုဟာ အမှုမဲ့အမှတ်မဲ့နေကြတာမဟုတ်ဘူးကွ။
သူတို့မှာ အမျှော်အမြင်တွေရှိကြတယ်။
နိုင်ငံရပ်ခြားကိုရောက်နေပေမယ့်လို့ ကိုယ့်မြို့ကိုယ့်ရွာအတွက် တတ်နိုင်တဲ့ဘက်က ပြန်ပြီးအလုပ်အကျွေးပြု
ကြတယ်။
မင်းက အရက်သောက်ပြီးငြိမ်ငြိမ်ကလေးနေတတ်ပေမယ့်၊ ငါကျတော့ အရက်မူးလာလျင် အင်တာနက်ပေါ်
တက်ပြီး ဗမာစစ်အစိုးရမကောင်းကြောင်းကို ရေးတဲ့လူဆိုတော့ မင်းထက်ငါက ပိုမိုက်နေမလားမသိဘူး။
မင်းငါ့ကို ပြောဘူးထားတာရှိပါတယ်။ လမင်းကို ဟောင်တဲ့ခွေး ဆိုတာ။
သောကြ်ာနေ့ညနေကနေစပြီး တနင်္ဂနွေ နေ့ညနေပိုင်းအထိတော့ ငါအရက်မသောက်ဘူး။ ဘာကြောင့်လဲဆိုတော့ စနေနေ့နဲ့ တနင်္ဂနွေနေ့မှာ ငါ့မြေးတွေ ကို ကရင်စာသင်ပေးရတယ်လေကွာ။ အဲဒီတော့ မူးနေလို့မဖြစ်ဘူး။ မူးမူးရူးရူးနဲ့ပြောဆိုမိလျင် အမှားများတတ် တယ်မဟုတ်လား။ မမူးမရူးပဲပြောဆိုတာတောင် အမှားကင်းတာမဟုတ်ဘူး။ တခြားလူကိုငါမပြောဘူး ငါ့အမှားကိုပြောပြမလို့။
က လေးတွေကို စာသင်ပေးတော့ က ကဍေါဟ် ခ ခွင် ဆိုတဲ့သင်ပုန်းကြီးကိုသင်ပေးတဲ့ ငါမှားတဲ့အကြောင်း
မင်းကို ပြောပြမယ်။
ဍ အက္ခရာစာလုံးကို ဗမာလိုဍရင်ကောက်လို့ဘတ်တယ်။
ဒ အက္ခရာကိုတော့ ဒဒွေး။
ဗ အက္ခရာကို ဗတက်ချိင့်။
အေး ကရင်မှာလည်း ဍ၊ ဒ၊ ဗ အဲဒီစာလုံးတွေကို ဘယ်လိုဘတ်သလဲဆိုတော့
ဍ အက္ခရာကို ဍကါင်းဟှင် (ဍကိုင်းဂေါင်)။
ဒ အက္ခရာကို ဒဏ်ါသါ် (ဒနိုင်သိုင်)။
ဗ အက္ခရာကို ဗလင်သါ် (ဗလောင်သိုင်)။
အဲဒီလိုတွေအသံထွက်တဲ့အကြောင်း ဆရာကိုင်စာအုပ်ထဲမှာရေးထားတယ်။
အဲဒါကွာ၊ ငါလည်း အလွယ်လိုက်ပြီး အင်တာနက်ထဲက အသံတွေအတိုင်းသင်ပေးလိုက်မိတယ်။
ဍအက္ခရာကို ဍကါင်းကံင်း (ဍကိုင်းကွန်း)။
ဗအက္ခရာစာလုံးကို ဗလင်အုင်း(ဗလောင်အုန်း)ဆိုပြီးတော့။
ဒါတင်မကဘူး အိမ်ပြန်ရောက်တဲ့အခါ ပြန်လှန်လေ့ကျင့်ခန်းတွေလုပ်ဘို့ဆိုပြီး အသံထွက်တွေပါရေးပေး
လိုက်တယ်။
အဲဒီမှာပဲ ကျောင်းသားမိဘတယောက်က သူသင်ထားတာတွေက ဒီလိုပါဆိုပြီးငါ့ကိုပြောတော့ တုံ့ဆိုင်းမနေ
ပဲစာအုပ်ကို ပြန်ကြည့်လိုက်တဲ့အခါ သူပြောတဲ့အတိုင်းဖြစ်နေတယ်။
အေး အရက်သာသောက်ထားလို့များကတော့ ဘယ်လိုတွေဖြစ်ကုန်မလဲဆိုတာ မတွေးတတ်အောင်ပဲ။
သေချာတာက အဆိုးဘက်ပိုများမယ်ထင်တာပဲ။
ဒီနေရာမှာအင် တာနက်ပေါ်က အသံလှိုင်းနဲ့တင်ပေးတဲ့ဆရာကြီးတွေကို အပြစ်ပြောချင်လို့မဟုတ်ဘူးနော်။
နှုတ်၁၀၀ စာ ၁လုံး ဆိုတဲ့ စကားပုံလိုပေါ့၊ ငါကတော့ စာထဲကအတိုင်းပြင်ပြီးသင်ပေးလိုက်တယ်။
ပြီးတော့ ကျောင်းသားမိဘက ငါ့ကိုလာပြောတာလည်း ရှိသလို ငါတို့ငယ်ငယ်တုန်းကလည်း အဲဒီအတိုင်း
သင်လာခဲ့ကြတာပါ။
စာအုပ်ကို အသေအချာပြန်မကြည့်ပဲ သင်ပေးမိတဲ့အမှားကြောင့်ကလေးတွေကို ပြန်ပြန်ပြီးထပ်သင်နေရ
တော့ အချိန်မကုန်သင့်ပဲကုန်ရသလို Copy ခဏခဏပြန်လုပ်နေရလို့ ဆေးဘိုး၊ စာရွက်ဘိုးတွေမကုန်သင့်ပဲ
ကုန်ရပြန်တယ်။
ဒီထက်ဆိုးတာက You tube ပေါ်မှာတင်မိပြန်တော့ အားလုံးကမောက်ကမတွေဖြစ်ကုန်ရော။
အမှားကို အမှန်ထင်မယ့်လူနဲ့ အမှန်ကို အမှားလို့ထင်မယ့်လူနဲ့။ မှန်သလား မှားသလားဆိုတာ မဝေခွဲနိုင်
လို့စိတ်ပျက်မယ့်လူတွေထဲက တခြားစာပဲသင်တော့မယ်ဆိုပြီး ကိုယ့်အမျိုးသားစာပေကို အထင်သေးမယ့်
လူနဲ့။
ဒါနဲ့ပဲ ငါတို့စာပေဟာ အရည်အသွေးနိမ့်ဆင်းလာမယ်၊ နိမ့်ဆင်းလာရာကနေ ဆက်လက်သင်ကြားချင်စိတ်
တွေနည်းပါးလာတာနဲ့တပြိုင်တည်း စကားတွေယိုယွင်းလာမယ်။
အဲဒါရဲ့နောက်ဆက်တွဲ ယဉ်ကျေးမှုတွေ ပျက်ဆီးလာမယ် နောက်ဆုံးကရင်ဆိုတာပျောက်ရော။
အဲဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုပြီး အရက်ချိုးကပ်နေတဲ့ငါ့ဉာဏ်ကလေးနဲ့ တွေးကြည့်လိုက်မိတယ်။
ငါမြင်တာက အင်တာနက်ပေါ်မှာ ကရင်စာကိုသင်ပေးနေကြတဲ့လူတွေ (ဖြစ်နိုင်လျင်အားလုံးပေါ့လေ) တ
ယောက်နဲ့တယောက် သေသေချာချာတိုင်ပင်ဆွေးနွေးသင့်တယ်။
လောလောဆယ်မှာ ငါတို့ကရင်စာတွေက အနည်းဆုံးခြောက်မျိုးနီးပါးလောက် ရှိနေတာ။
အခုရှေးဟောင်းကရင်စာပေ(လိက်ထူ့လီ)မှာလည်း အက္ခရာခေါ်ဝေါ်ပုံတွေ မတူတာကို ဒီအတိုင်းလွှတ်ထား
လို့မရဘူး။
အနာဂါတ်မှာ ကြီးမားတဲ့ ပြဿနာ၊ အငြင်းပွါးစရာနဲ့ အခက်အခဲတွေကြုံရနိုင်တယ်။
အခုလိုနည်းပညာတွေ တိုးတက်နေတဲ့ခေတ်မှာ တယောက်နဲ့တယောက် အပြန်အလှန်ဆက်သွယ်ကြ သ
တင်းအချက်အလက်တွေ ဖလှယ်ကြ ရယူကြပြီး အမြန်ဆုံးပြင်ဘို့လိုတယ်။
သတင်းဆိုလို့ လွန်ခဲ့တဲ့တနင်္လာနေ့တုန်းက ထူးထူးခြားမင်းက ငါ့ကိုသတင်းတွေဘာတွေနားထောင်ပါလား
ဆိုပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ VOA မြန်မာပိုင်းအစီအစဉ် တွေ့ဆုံမေးမြန်းခန်းကိုညွှန်းလို့ ငါလည်းနားထောင် ဖြစ်လိုက်ပါတယ်။
သူပြောသွားတဲ့အထဲက ငါသတိထားမိတဲ့စကားလုံးတွေကို ရေးပြရမယ်ဆိုလျင်
၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့နိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီ
တည်ရှိမှုရဲ့ တကယ့် အသက်တခုပါပဲ။
ဒီဥပဒေကိုအတည်ပြုတဲ့အခါမှာ ၂၀၀၈ ခုနှစ်တုန်းက မဲပေးခွင့်ရှိတဲ့သူ ၂၇သန်းကျော်ထဲက ၂၆သန်းကျော်
လောက်မဲပေးပါတယ်။
ထောက်ခံမဲက ၉၂.၄၈% ထောက်ခံခဲ့တဲ့ ပြည်သူ အများစုနဲ့ ထောက်ခံအတည်ပြုခဲ့တဲ့ ဥပဒေတခုပေါ့။ ဒီအခြေခံဥပဒေပေါ်မှာ ရပ်တည်တဲ့အတွက်ကြောင့် တပ်မတော်အနေနဲ့လည်း ဒီဟာကို သေသေချာချာ ခိုင်
ခိုင် မာမာ ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ခံယူထားပြီးတော့ ဆောင်ရွက်နေခြင်းဖြစ်ပါတယ်ခင်
ဗျာ။
http://burmese.voanews.com/content/voa-burmese-exclusive-interviews-with-senior-general-min-aung-hlaing-/2533272.html
အဲဒါနဲ့ပတ်သက်ပြီး မိုးမခသတင်းဂျာနယ်ထဲမှာ ဆရာတူမောင်ညို ဘယ်လိုရေးထားသလဲသိလား။
VOA မှ တဆင့် သူတို့ လိမ်ညာနေကြပြီ ဆိုတဲ့ခေါင်းစဉ်နဲ့“မိုးလုံးပြည့်မုသာဝါဒီ၊ လေလှိုင်းသံလူသတ်သမား၊
VOA လိမ်နေသည်” — စသဖြင့် တစ်ချိန်က အသံကုန်ဟစ်ခဲ့ကြသူများသည်။
ယခုအခါ VOA မှ တဆင့် စကား ပြောနေကြလေပြီ၊ ထုတ်လွှင့်နေကြလေပြီ။
ကြံ့ဖွံ့အစိုးရ မင်္ဂလာယူပြီး ပြောပြောနေသည့် “အပြောင်းအလဲ”နှင့် “ပြန်လည်သင့်မြတ်ရေး” ဆိုသည်မှာ တ
ချိန် က“မုသာဝါဒီများ၊ လိမ်ညာနေသူများ” ဟု သူတို့ အော်ဟစ်ဆဲဆိုခဲ့ကြသူများနှင့် သူတို့တတွေ ပြန်လည်
အလွမ်း သင့်နေကြပြီ၊ ပြန်ပေါင်းထုတ်ကြပြီ ဆိုသည့်အချက်ကို ရည်ညွန်းပြောဆိုလိုခြင်းဖြစ်မည်ဟုယူဆပါ
သည်။
ဆိုပြီး ရေးထားတာဘတ်ရတယ်ကွ။ နောက်တနေရာမှာကျတော့
“သမ္မတ” ဆိုသူက ကြောင်ချေးကဲ့သို့ ပျော့ပျော့နံနံပြောပြီး၊ “လွှတ်တော်ဥက္ကဋ္ဌ” ဆိုသူက မျက်လှည့်ပြပြီးမြွေ
ဆေးရောင်းသူ ဟန်ပန်နှင့် ဟိုလိုလို ဒီလိုလိုပြောသည်။
“ကာချုပ်” ဆိုသူက လူမိုက်ဆန်ဆန်ပြောသည်။
“ အသက် ” တဲ့။
အသက်ဆိုတော့ အသက်ကိုတော့ လာမထိနဲ့ မီးပွင့်သွားမယ်ဆိုတဲ့သဘောပင်။
၂၀၀၈ အခြေခံဥပဒေသည် “ခေါင်းဆောင်များ၏ ဘက်ပေါင်းစုံက တွက်ဆမှုများဖြင့် ခိုင်ခိုင်မာမာရေးဆွဲ
ထားသည့် ဥပဒေ” ဖြစ်သတဲ့။
“ ပြည်သူ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း” က ထောက်ခံခဲ့သတဲ့။
သူရေးထားတာတွေကို ပြည့်ပြည့်စုံစုံဘတ်ချင်လျင် http://moemaka.com/archives/40957
သူတယောက်ထဲလားဆိုတော့မဟုတ်ဘူး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ဘို့ လူထုဆန္ဒခံယူပွဲပြုလုပ်တုန်းက နာဂစ် မုန်တိုင်းကြောင့်
သေဆုံးသွားသူတွေရဲ့ နာမည်စာရင်းတွေ မဲပေးခဲ့ရသူတွေစာရင်းမှာပါသလို အဲဒီအချိန်တုန်းက မဲဆန္ဒရှင်စု
စုပေါင်း ၂၂,၄၉၆,၆၆၀ ဦးထဲကမှ၂၀,၇၉၆,၅၈၆ ဦးကထောက်ခံဆန္ဒမဲပေးတဲ့အတွက် ထောက်ခံတဲ့ ရာခိုင်နှုန်း ဟာ ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ပါတယ်ဆိုပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်က
သတင်းထုတ် ပြန်ထားတယ်ဆိုတဲ့အကြောင်း ဆဲဗင်းဒေးမှာဘတ်လိုက်ရတယ်။
ဆိုတော့ကွာ မဲပေးနိုင်တဲ့လူဦးရေ က ၅သန်း လောက်ကွာမနေဘူးလား။
မင်းသေသေခြာလေ့လာချင်လျင် လိပ်စာအပြည့်အစုံက http://www.7daydaily.com/story/25677
#.VHXngsnhTDc
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှားတာ ကိစ္စမရှိဘူး။
သူ့မှာ အာဏာရှိတယ်။ ငွေရှိတယ်။ စစ်တပ်ရှိတယ်။
နောက်တခုက စစ်အာဏာရှင်တွေဆိုတာ ဘာကိုမျှသောက်ဂရုစိုက်တာမဟုတ်ဘူး။
အရေးကြီးတာက ငါတို့စာပေ။
ကဲအခုမင်းကို ငါပြောပြထားတဲ့ အက္ခရာစာလုံးနဲ့ပတ်သက်ပြီး အခေါ်အဝေါ်အသံထွက်မှားနေတာကို
ဘယ်လိုပြင်မလဲဆိုတာ မင်းစဉ်းစားကြည့်ပါ၊ ရနိုင်တဲ့သတင်းအချက်အလက်တွေ ငါ့ဆီပို့ပေးစေချင်တယ်။
ဘယ်လိုလုပ်လျင် အကောင်းဆုံးဖြစ်နိုင်မလဲ၊ အမှားအယွင်းအနည်းဆုံး ဖြစ်မလဲဆို တာကိုပါ အကြံပေး
ကွာ။ မျိုးဆက်သစ်တွေရဲ့ ဘ၀ခရီးအတွက် မလွယ်ဘူးနော်။
ရှင်းရှင်းပြောမယ်ကွာ၊ (လိက်ထူ့လီ) ရှေးဟောင်းကရင်စာပေနဲ့ပတ်သက်လို့ သင်ကြားပို့ချပေးတဲ့လူ၊ သင်
ကြား နာယူနေတဲ့လူတွေအတွက် အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ရသလောက်ကြိုးစားဆက်
သွယ်ပြီး ဒီအကြောင်းကို ပြောပြကွာ။ သူတို့ဆီကလည်း အကြံဉာဏ်တွေတောင်းကွာ။
ကျန်းမာချမ်းသာပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)