• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, November 30, 2014

ပေါက်ကွဲမှု ဖြစ်စဉ်


November 30, 2014
Sunday

“ EXPLOSIONS “

A fermenting pot of toddy bubbles with froth
A ram-shackled bamboo container resembles a toddler’s balancing act
And my hands holding the coconut cup become somewhat boneless.

Inside a dilapidated hut with a torn roof
and tattered thatch walls,
My beloved family barely tolerates the monsoon.

This meaningless life saddens my heart
Worse than an old rat’s hole
Absorbing a continuous flow of pouring toddy.

Vapors of anger evaporates,
as the jaw clenches and the tears burst.
What does the future hold for someone like me,
Being born under a useless rule of a military regime?

As Saing Htee Saing’s fists hit the wall,
With much resentment,
mine hits the palm tree
left and right,
Leaving bloodstained hands
contused and crushed.

Where is my family’s food for tomorrow’s tomorrows,
If--------I cannot climb
the palm tree?

MIN SOE SAN
A Karen Refugee from Afar
Translator (Mi Mi Oo)  

ပေါက်ကွဲမှု ဖြစ်စဉ်

By မင်းစိုးစံ

မြူအိုးထဲက ထန်းရည်
အမြှုပ်တွေ ပလုံစီ
ရီတီတီ ၀ါးကျည်ထောက်
လမ်းလျှောက်သင်တဲ့ ကလေးလိုယိုင်
အုန်းမှုတ်ခွက်ကိုင်တဲ့ ငါ့ရဲ့လက်
အရိုးမဲ့သလို ဖြစ်။

ငါချစ်တဲ့မိသားစု
ယိုင်ပြိုလုတဲအိုပျက်
ထရံပြဲနဲ့ ခေါင်မိုးလန်
သည်မိုးဒါဏ် မခံနိုင်။

ဘ၀,က အဓိပ္ပါယ်မဲ့
မချိတဲ့ငါ့ရင်ထဲ
ထန်းရည်တွေ တွင်တွင်လောင်း
ကြွက်တွင်းဟောင်းထက်ဆိုး။

ဒေါသ,က အခိုးပျံ
အံကြိတ်လို့ခံလိုက်
မျက်ရည်တွေ ပျိုက်ကနဲကျ
ဘာမျှသုံးလို့မရတဲ့စနစ်
စစ်အစိုးရခေတ်မှာ လူဖြစ်ရတဲ့ဘ၀,
အနာဂါတ်ဆိုတာ ဘာလဲ။

စိုင်းထီးဆိုင်ရဲ့ လက်သီးက
နံရံကို ထိုးချလိုက်တဲ့အချိန်
မကြေနပ်မှုများစွာနဲ့ ငါ့လက်သီး
ထန်းပင်ကို ဘယ်ညာ ပိတ်တီးလိုက်တယ်။

နီရဲစေးထန်းတဲ့ ငါ့ရဲ့လက်တွေ
စုတ်ပြတ်မွကြေ။

မိသားစုအတွက်ထမင်း
မနက်ဖြန်ရဲ့ မနက်ဖြန်များအတွက်
ငါ ထန်းမတက်နိုင်လို့ကတော့။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
December 25, 2009