• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, November 2, 2014

Karen Buddhist Society of Minnesota (KBSMN)၏ (၄)ကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ


Karen Buddhist Society of Minnesota
(KBSMN)၏ (၄)ကြိမ်မြောက် 
စုပေါင်းကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

November 02, 2014
Sunday

(မင်းစိုးစံ)

Karen Buddhist Society of Minnesota (KBSMN)၏ (၄)ကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်းဆက်ကပ်
လှူဒါန်းပွဲကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့တွင် 795 Sherburne Avenue. Saint Paul. Minnesota ရှိ ဖူ့တာမိက်ဂုဏ်တာ(ဖုတာမိုက်ဂုဏ်ကျေးဇူး)ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ Huron. South Dakota ရှိ အောင်မင်္ဂလာဘုန်းတော်ကြီး
ကျောင်းမှ ဆရာတော် ဦးဝါသ၀ က ရေစက်ချတရားတော် ဟောကြားခဲ့ကြောင်းသိရှိရပါသည်။

ဆရာတော် ဦးဝါသ၀(မျက်မှန်နှင့်)

ယင်းကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကာ ဧည့်သည်
တော်များကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ Karen Buddhist Society of Minnesota (KBSMN) သည် ၂ဝ၁၀ခုနှစ်မှစတင်၍ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

သုံးနှစ်ဆက်တိုက် ကထိန်အမ ဖြစ်ခဲ့သူ နန်းကျင်လှ 

၂၀၁၀ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ကထိန်အမ အဖြစ် နန်းကျင်လှမှ ဦးစီးဦးဆောင်ကာ
ကျင်းပလာခဲ့ပြီး ယခုနှစ် လေးကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို မန်းမောင်နီမှ က
ထိန်အမ အဖြစ် တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်သည့်အပြင် ယခုနှစ်၂၀၁၄ခုနှစ်မှစတင်ကာ နောင်လာမည့်
၂၀၁၆ခုနှစ်တိုင် သုံးကြိမ်ဆက်တိုက် ကျင်းပပြုလုပ်ရန်ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

 ၂၀၁၆ခုနှစ်အထိ ကထိန်အမ အဖြစ် သုံးကြိမ်ဆက်တိုက် ကျင်းပပြုလုပ်ရန်ရည်ရွယ်ထားသူ
မန်းမောင်နီ

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းနေစဉ်

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းနေစဉ်