• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Monday, December 15, 2014
နှစ်သစ်ကူးနေ့မှာ ဆုံချင်တယ်
 နှစ်သစ်ကူးနေ့မှာ ဆုံချင်တယ်
December 14, 2014
Sunday
By မင်းစိုးစံ
သူငယ်ချင်းရေ နေလို့မှကောင်းရဲ့လား။
လွန်ခဲ့တဲ့ရက်တွေတုန်းက နေပြည်တော်ကို Drone စာကျွေးဘို့ပြော လိုက်လို့ စိတ်ပူနေလား။ မပူပါနဲ့ကွာ နေပြည်တော်က စစ်အုပ်စုတွေက ဗမာပြည်သူလူထုဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျန်းမာရေးအတွက်မှာ
သာ ငွေအကုန်မခံတာ သူတို့အတွက် Drone ကိုပစ်ချနိုင်တဲ့ ခေတ်မီလက်နက်တွေကို အဆင်သင့်ဝယ်
ထားပြီးသား။ နှစ်သစ်မှာ စိတ်ကိုချမ်းသာအောင်ထားစမ်းပါကွာ။ မင်းအမျိုးတွေအတွက် စိတ်မပူစမ်းပါနဲ့။
မင်းကိုငါပြောခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ (၁၆-၁၂-၂၀၁၄)အင်္ဂါနေ့ကနေစလို့ (၂၂-၁၂-၂၀၁၄) တနင်္လာနေ့အထိ (၆) ရက်တိတိ အလင်းရောင်လုံးဝမရှိတဲ့ အမှောင်ကမ္ဘာကြီးဖြစ်နေလိမ့်မယ်လို့ နာဆာအဖွဲ့ကြီးကအတည်
ပြုပြောခဲ့တယ်ဆိုတာနဲ့ အဲဒီ(၆)ရက်ထဲက (၃)ရက်တာကာလဟာ နေရောင်ခြည်လုံးဝ,မရောက်လာနိုင်ဘူး
တဲ့။ လူတွေ စိုးရိမ်စိတ်မလွန်ကဲကြဘို့ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားဘို့ တိုက်တွန်းထားတယ်။
ဟုတ်သော်ရှိ မဟုတ်သော်ရှိ ငါကတော့ရေနဲ့ အစားအစာအချို့အပြင် မီးသွေးနဲ့ဖယောင်းတိုင်တွေဝယ်ထား
ပြီးသွားပြီ။
နာရီပေါင်း ၂၁၆နာရီကြာတာမပြောနဲ့ ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှာ ငါတို့နေခဲ့တုန်းက ၂မိနစ်သာသာလေး
လောက်နေကြတ်တာ သောက်ကျိုးနည်းအေးတာဟေ့။
လေအေးတွေတိုက် ခွေးတွေအူနဲ့။ ၀ါးရွက်တွေတောင် တွန့်လိန်ကုန်တယ်။ ငှက်ပျောရွက်တို့ ဗူးညွန့်တို့ဆို
တခါတည်းညှိုးကျသွားတာ။ အဲဒီတော့ ရေ၊ မီး၊ အစားအစာတွေ ၀ယ်ထားမှ။
မိုးမပြိုဘူး ပြိုသည်ရှိသော်ပေါ့။
ကရင်လိုပြောလျင် ဆ်ုယံင့်ဝဲါ ဟှေဝ်ဏါင်းဆ်ုအူး ဆိုသလိုပေါ့ကွာ။
ငါပြောတာနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံ မင်းသိချင်လျင် အောက်က စာတမ်းကို ကလစ်လိုက်ပါ။
  • ကလစ်ပါ
  • မင်းကို ငါပြောရဦးမယ်၊ အခုလာမယ့် ဒီဇင်္ဘာ ၂၁ရက်နေ့မှာ Karen Buddhist Society of Minnesota က ကရင်နှစ်သစ်ကူးလုပ်မယ်။ မင်းအရောက်လာခဲ့ကွာ။ မုန့်ဟင်းခါးနော်။
    ဗမာပြည်က အထုပ်နဲ့လာတဲ့မုန့်ဟင်းခါးမဟုတ်ဘူး။ ကရင်တွေကိုယ်တိုင်လုပ်တဲ့ ကရင်မုန့်ဟင်းခါးနဲ့ တဝ
    တဗြဲကိုကျွေးမှာ။ ပြီးတော့ ပဲကြော်ကိုအခုပေါင်း တထောင်နီးနီးမှာထားတာဆိုတော့၊ မင်းတော့ငါမသိဘူး။
    ငါတော့ မဖြစ်ဘူး။ သွားလေ သွား။
    ငါ့မှာ သွားမရှိဘူး။
    အဲဒီလို နှစ်သစ်ကူးလုပ်မယ့်နေ့ဟာ ကမ္ဘာကြီးတခုလုံးအမှောင်ဖုံးနေလေမလား။
    အမှောင်ဖုံးနေလျင် ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုအန္တရာယ်တွေ ကြုံလာမလဲ ဆိုပြီးစိတ်ပူတဲ့လူတွေက
    ပူပင်နေကြတယ်။ တချို့က ရက်ရွှေ့ချင် ကြတယ်။ ငါကတော့ ရက်မရွှေ့ချင်ဘူး။ ဘိုးဘွားမိဘတွေ ထားခဲ့တဲ့
    ရိုးရာအမွေအနှစ်ကို သူ့နေ့သူ့အချိန်ရောက်တိုင်း လေးစားတန်ဘိုးထားတဲ့အနေနဲ့ ကရင်တွေအားလုံး တည်
    တည်ကြည်ကြည်လုပ်သွားကြစေချင်တယ်။
    ပြီးတော့ အခု တကမ္ဘာလုံးမှောင်မယ်ဆိုတာက တကယ်ပဲလား၊ အဟုတ်ပဲလားဆိုတာ ဘယ်သူမှတိတိကျ
    ကျမ ပြောနိုင်ကြဘူး။ အဲဒီလို မသေခြာမရေရာတဲ့ ကိစ္စကိုတွေးကြောက်ပြီး ရက်ရွှေ့တာမျိုးဆိုတာ ကိုယ့်ဘိုး
    ဘွားတွေ လက်နဲ့ရေးခဲ့တာကို ကိုယ်က ခြေနဲ့ဖျက်တာနဲ့အတူတူပဲ။
    အင်မတန်မိုက်ရိုင်းတဲ့လုပ်ရပ်လို့ ငါမြင်တယ်။
    မိုင်ရိုင်းတာတွေ၊ စော်ကားတာတွေအသာထားလို့ ငါငယ်ငယ်တုန်းက ကရင်နှစ်သစ်ကူးမှာ ဒုံးကခဲ့တဲ့အ
    ကြောင်းလေး မင်းကိုပြောပြချင်တယ်။ အဲဒီတုန်းက ငါ့အသက်က ၁၀နှစ်သား၊ မော်လမြိုင်မှာ။
    ငါတို့တတွေကတဲ့ဒုံးမှာ မွန်လူ မျိုး ၄ယောက်၊ ဗမာတရုတ်(ကပြား) ၃ယောက်၊ ကုလား ၁ယောက်၊ ကရင် ၎
    ယောက်၊ စုစုပေါင်း ၁၂ယောက်။ အားလုံး သက်တူရွယ်တူတွေ။
    အဲဒါ မော်လမြိုင်ကနေ အပေါင် (ဆန်တိုက်)မှာ သွားကကြတာ။
    မော်လမြိုင်ကနေ မုတ္တမ၊ မုတ္တမ ကနေ အပေါင်ကို ကားနဲ့သွားကြတာ။
    အပေါင်ကိုရောက်တော့ မှောင်နေပြီ။ ရောက်တဲ့အချိန်က မှောင်မည်း။ ထမင်းက ဆာ။ ပွဲတော်ဖြစ်မြောက်ရေးတာဝန်ခံတွေက အလုပ်များ။ ဆိုတော့ အမှောင်ထဲမှာပဲ ထမင်းစားကြရတယ်။
    ငါတို့ခေတ်တုန်းက အောက်လင်းဓါတ်မီး ခေတ်လေ။ ရေနံဆီထည့် လေထိုး။ သုံးချောင်းထောက်ထားတဲ့
    အဲဒီလိုထမင်းစားနေတုန်း သူငယ်ချင်းကုလားက မေးတယ် ဟေ့ကောင် ဒါဘာဟင်းလဲ တဲ့။
    အမှောင်ထဲမှာ စမ်းတ၀ါးဝါးနဲ့ဆိုတော့ ငါလည်း ဟေ့ကောင်ရေ ကုလားဟင်းကွ လို့ပြန်ပြောလိုက်တယ်။
    ငါစားမိတာက ခရမ်းသီးဖတ်ဆိုတော့ ကုလားဟင်းလို့ထင်တာကိုး။
    မနက်မိုးလင်းလို့ ထမင်းစားဘို့မဏ္ဍပ်ထဲရောက်သွားတဲ့အခါ အလိုလေးလေး နှင်းအေးအေးမှာ အငွေ့တ
    ထောင်းထောင်းထနေတဲ့ဟင်းခွက်ထဲကြည့်လိုက်တော့ ၀က်ဆီတုန်းတွေ ပေါလောပေါ်နေတယ်။
    အေး ငါတို့ဒုံးအဖွဲ့ထဲက ကုလားဟာ ဟိန္ဒူဘာသာကိုးကွယ်တာဆိုတော့ အခက်အခဲမရှိဘူး။
    ကားစီးလာတဲ့အရှိန်ကြောင့် သူနည်းနည်းနေမကောင်းဖြစ်နေတာမို့ ၀က်သားနဲ့ ခရမ်းသီးရောချက်ထားတဲ့
    ဟင်းကို မကျွေးတော့ပဲ၊ လူကြီးတွေက ငါးကြော်တွေ၊ ကြက်သားကြော်တွေ စီစဉ်ပေးလိုက်ကြတယ်။
    အပေါင်ကနေ မော်လမြိုင်ကို ပြန်ရောက်တော့ မှောင်နေပြီ။
    အဲဒါ မော်လမြိုင်ယက္ကန်းဝင်းက နှစ်သစ်ကူးပွဲမှာ တခါပြန်ကကြတော့ မှားလိုက်တဲ့ဖြစ်ခြင်း။
    ကိုယ့်နေရာ ကိုယ်မမှတ်မိလို့ပေါ့။ ဒါပေမယ့် ကလေးတွေဆိုတော့ ဘယ်သူမှ အပြစ်မတင်ကြဘူး။
    အဲဒီ မော်လမြိုင်က နှစ်သစ်ကူးညမှာလက်ခုပ်သံတွေဆိုတာ ညံထွက်သွားတာပဲ။
    လူတချို့ကတော့ အပြစ်တင်ကြတယ်။ ကုလားကို ဘာဖြစ်လို့ ကရင်ဒုံးကခိုင်းရသလဲပေါ့။
    အဲဒီတုန်းက ဒုံးဆရာ ဟာ ငါ့အမေလေ။ ငါ့အမေက မြစ်ဝကျွန်းပေါ်မှာ ဒုံးအက သွားသင်ပေးခဲ့ဘူးတယ်။ ဓနုဖြူ၊ အဖျောက်၊ ဆကာကြီး၊ မရင်းကုန်း၊ မရင်းပြား၊ ဆိုတဲ့ဒေသတွေမှာ။
    အဲဒီတုန်းက မြစ်ဝကျွန်းပေါ်ဒေသဆိုတာ သိပ်ပြီးအေးချမ်းတာ မဟုတ်သေးဘူး။ မအေးချမ်းဘူးဆိုတာထက်
    မဆလ က ကေအင်န်ယူကို ဖြတ်လေးဖြတ် လုပ်နေတဲ့အချိန်ပေါ့။ ကရင်အလံကို လုံးဝလွှင့်ခွင့်မပေးဘူး။
    ငါ့စကားပြန်ဆက်မယ်၊ အဲဒီလို လူတွေက ကုလားကို ဘာကြောင့်ကရင်ဒုံးကခိုင်းသလဲလို့ မေးတော့ မေးတဲ့
    လူကို ငါ့အမေက ကရင်တွေသေကုန်လို့ ကုလားကိုကခိုင်းရတာဟေ့ လို့ပြန်ပြောလိုက်တာ ငြိမ်သွားတယ်။
    သူတို့ကိုယ်တိုင်ကျတော့ ဒုံးကဘို့ခေါ်တဲ့အခါတိုင်း ဟိုသင်းကမကြိုက်လို့၊ ဟိုဟ၀ှါမကြိုက်လို့၊ ဟိုဥစ္စာကြီးက တားထားလို့ ဆိုပြီးတချိန်လုံး ညင်းနေကြတာ။
    ဆိုတော့ ကုလားလည်း မနေရတော့ဘူးပေါ့ကွာ။
    ကိုယ့်ယဉ်ကျေးမှုဆိုတာ ကိုယ်မထိန်းလျင် အဲဒီလိုပဲ လူမျိုးခြားတွေ ၀င်လာလိမ့်မယ်။
    ဘာသာခြားတွေ ချယ်လှယ်လိမ့်မယ်။ တဆက်တည်း အယူအဆတွေ ကွဲပြားလာပြီး နောက်ဆုံးကရင်အမျိုး
    တုံးမယ်။
    စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဆက် ဆံရေး၊ ဘာသာရေး စတာတွေအပြင် အခု
    လူမျိုးတမျိုးရဲ့အသက်သွေးကြောလို့ သတ်မှတ်ထားတဲ့ ယဉ်ကျေးမှု ဆိုတဲ့အရာတွေကို ၀ါးမြိုဖျက်ဆီးခံနေရပုံ
    များ ကြောက်ခမန်းလိလိ ပျက်ဆီးနေပြီဆိုတာမင်းအသိပဲ။
    ကလေးတွေဒုံးကတဲ့ နေရာအထိ ငါသွားတယ်။ ၀ါးရိုက်တယ်၊ မောင်းတီးတယ်၊ ဗုံနဲ့ဘင်တွေ တီးတယ်။ သီချင်း ၀ိုင်းဆိုတယ်။ သူတို့မှာမရှိတဲ့ သူတို့မှာလိုအပ်နေတဲ့ ကရင့်ရိုးရာပစ္စည်းတွေ ငါ့မှာရှိတာလေးနဲ့ဖြည့်
    ဆည်းတယ်။
    မင်းလည်း ငယ်ငယ်တုန်းက ဒုံးကခဲ့တဲ့ လူတယောက်ပါ။
    မင်းဘာကြောင့် ဒီအတိုင်းလက်ပိုက်ကြည့်နေရတာလဲ။
    နိုင်သလောက် ၀ိုင်းလုပ်လေ။
    ငါကတော့ ဗုံသံကြားလျင် ဘင်သံကြားလျင် မနေနိုင်ဘူး။
    နှစ်သစ်ကူးရောက်လာပြီ ခြည်ဖြူဖွဲ့ပွဲ ရောက်ပြီဆိုတာနဲ့ ငါ့ရဲ့ကိုယ်ခန္ဓာထဲက သွေးတွေဆူလာတယ်။
    မင်းလည်း ငါ့လိုပဲဆိုတာ ငါသိတယ်သူငယ်ချင်း။
    မင်းဟာ ငါတို့ရွာရဲ့ လူပျိုခေါင်းတယောက်ဖြစ်ခဲ့တဲ့သူပါ။ ပြီးတော့မင်းဟာ ဒုံးဆရာ။ မင်း ဘာကိုအလိုမကျလို့
    ဘာတွေစိတ်တိုင်းမကျဖြစ်လို့ အခုလိုအရက်ချည်း ဖိသောက်နေရတာလဲ။
    ရာသီဥတုအေးလို့ အအေးဒါဏ်ကို ခံနိုင်အောင်လို့ အရက်သောက်တာပါလို့ မင်းပြောမလို့လား။ ဒီမှာသူငယ်ချင်း မင်းအရက်သောက်လို့ ပူလာမယ့်မင်းရဲ့သွေးနဲ့ သီချင်းအော်ဆိုလို့ ပူလာတဲ့မင်းရဲ့သွေး မတူ
    ဘူးဆိုတာ မင်း သိပါတယ်ကွာ။
    အရက်ခွက်ကို ချလိုက် မ,လိုက် လုပ်လို့ပူလာမယ့် မင်းရဲ့သွေးနဲ့ ဒုံးကနေတဲ့ကလေးတွေအတွက် မောင်းတီး
    ပေးလို့ ပူလာမယ့်သွေးက မင်းကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာ မင်း သိပါတယ်လေ။
    ပြီးတော့ မြူးတူးတက်ကြွတဲ့ သီချင်းကို ကလေးတွေနဲ့အတူ သံပြိုင်ဆိုလိုက်ခြင်းအားဖြင့် မင်းရဲ့အလိုမကျမှု
    တွေ မင်းစိတ်တိုင်းမကျဖြစ်နေတာတွေကို အချိန်အတိုင်းအတာတခုလောက်တော့ သက်သာစေမှာပါ။
    မင်းအတွက် ဘိတ်စာ
    နှစ်သစ်ကူးဘို့ ရက်က နီးလာပြီ မအားမလပ်တဲ့ကြားက ကလေးအမေတွေ ကလေးအဖေတွေ ဒုံးလာက,
    ကြတာများ မင်းကိုမြင်စေချင်လိုက်တာ။
    သူတို့ကလေးတွေက တချို့ရင်ခွင်ပိုက်အရွယ်၊ တချို့က သုံးနှစ်၊ တချို့လေးဘက်ထောက်။ တချို့ လေးနှစ်သား။
    အဲဒီလိုတွေဆိုတော့ ငိုတဲ့ကလေးကငို ဆော့တဲ့ကလေးက ဆော့။ အမေတွေဒုံးကတဲ့ကြား ၀င်ပြီး ထဘီ
    (ထမိန်)စ ဆွဲတဲ့သူကဆွဲ။ အမေတွေက,သလို လက်ကလေးမြှောက်၊ ခြေကလေးကြွပြီး ကတဲ့ကလေးက
    က,၊ ပျော်စရာကြီး။ ခဏတဖြုတ်လောက် စိတ်ချမ်းသာတာပေါ့။ မင်းလာခဲ့ကွာ။
    ဖြစ်နိုင်လျင် ဒီနှစ်သစ်ကူးမှာ သီချင်းတပုဒ်လောက် ငါတို့နှစ်ယောက် အတူဆိုကြရအောင်။
    မဖြစ်နိုင်သေးလျင်လည်း ခြည်ဖြူဖွဲ့ပွဲမှာ ဆိုမယ်ကွာ။
    မနက်ဖြန်ကျလျင် ကလေးအမေတွေ အသက်အရွယ်ရနေပြီဖြစ်တဲ့ အမျိုးသမီးကြီးတွေ ဒုံးတိုက်နေတာ မင်း
    ကိုငါပြမယ်။ ခြည်ဖြူဖွဲ့ပွဲကျလျင် လူပျိုကြီးဒုံး တဒုံးလောက် က,ကြစို့။
    ကျန်းမာချမ်းသာကြပါစေ။
    မင်းစိုးစံ
    (အဝေးရောက် ကရင်ဒုက္ခသည်တဦး)