• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, December 25, 2014

နှစ်သစ်ကူးလက်ဆောင်


နှစ်သစ်ကူးလက်ဆောင်

December 25, 2014
Thursday

By မင်းစိုးစံ

သူငယ်ချင်း
မင်းကို ကရင်နှစ်သစ်ကူးပွဲမှာ ငါလိုက်ရှာတယ်။ မတွေ့ဘူး။
မင်းသမီးလေးတော့ ဒုံးလာကတာ တွေ့တယ်။ သူ့ကိုမေးကြည့်တော့ မင်း ခေါင်းမထောင်နိုင်ဘူးဆိုပါလား။
ကောင်းကွာ။ တော်တော်ကိုကောင်းတယ်။
ကလေးတွေကျ တက်ကြွသလောက် မင်းက အင်မတန်လေးပင်ဖင့်နွှဲနေပါပေါ့လား။ အရက်ရဲ့ကျေးကျွန် ဖြစ်
မှန်းမသိဖြစ်နေပါလား သူငယ်ချင်း။
မင်းကို ငါပြောသားပဲ၊ ဒီနိုင်ငံက အရက်အင်မတန်ပေါတာ။ ဈေးအမျိုးမျိုးရှိတယ်။ ချဉ်ချဉ်တူးတူး မူးရင်ပြီးရော ဆိုပြီး ထမင်းမသိ ဟင်းမသိတဲ့အထိသောက်လို့ကတော့ အသက်တိုမှာပဲသူငယ်ချင်း။ မင်းနဲ့အတူဆိုဘို့ ဆို ပြီး ငါရေးထားတဲ့သီချင်းကို မဆိုဖြစ်လိုက်ဘူးသူငယ်ချင်း။ အစီစဉ်မှူးကို ငါ့အစီအစဉ်ဖျက်ခိုင်းလိုက်ရတယ်။

နှစ်သစ်ဆုတောင်းသီချင်းပါ။ ရိုးရိုးအေးအေးလေးနဲ့ အင်မတန်အဓိပ္ပါယ်ရှိတဲ့သီချင်းမို့လို့ ဆိုစေချင်တဲ့သူတွေ
က ဆိုဘို့တိုက်တွန်းပေမယ့် ငါမဆိုပါဘူး။ ငါ့အသံက မင်းအသံနဲ့တွဲဆိုမှ နားဝင်ပီယံရှိတာ။
ငါတို့ ရွာမှာနေတုန်းက ခြည်ဖြူဖွဲ့ပွဲမှာ အတူဆိုခဲ့ဘူးတဲ့ သံစဉ်မျိုးလေးနဲ့ဆိုမယ်ဆိုတဲ့ စိတ်ကူးနဲ့ ငါမျှော်လင့်ရ
လိုက်တာ အလကားဖြစ်ကုန်တယ်။

ငါလည်း ပွဲပြီးတော့ နေမကောင်းဖြစ်နေတယ်သူငယ်ချင်း။ ဒါကြောင့် အခုနည်းနည်းလေး ထိုင်နိုင်တာနဲ့ မင်း
အတွက် နှစ်သစ်ကူးလက်ဆောင်အနေနဲ့ ငါရိုက်ထားတဲ့ဓါတ်ပုံတချို့ကို သီချင်းနဲ့တွဲပြီးတင်ပေးလိုက်တယ်။
အဲဒါ မင်းနားထောင်ကြည့် ပြီးတော့ လာမယ့်ခြည်ဖြူဖွဲ့ပွဲမှာ မင်းနဲ့ငါပေါင်းပြီး ကလေးတွေအတွက်တခုခုလုပ်
ပေးနိုင်အောင် ကြိုးစားမယ်ကွာ။

အေး ဒီလောက်ပဲကွာ။ ခေါင်းတွေအုံနေလို့ နားလိုက်ဦးမယ်။
ဆရာဝန်ပြောတာက တုတ်ကွေး(Flue) တဲ့။ ဆေးတွေတောင် မလောက်ဘူးတဲ့။ အဖြစ်များတယ် တဲ့။
ကာကွယ်ဆေးထိုးထားလည်း ဖြစ်တာပဲတဲ့။ နားနားနေနေ နေတဲ့။ ရေများများသောက် တဲ့။
ဆေးရုံမှာ လူနာစီသွားလည်ဘို့တောင် သိပ်မလွယ်ဘူး တဲ့။
အေးအေး ဒါပဲဟေ့။
အောက်က ရုပ်သံဖိုင်လေး ကလစ်ကြည့်လိုက်ဦး။

 

ကျန်းမာချမ်းသာပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)