• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, December 27, 2014

အိုးသူကြီးအကြောင်း


အိုးသူကြီးအကြောင်း

December 27, 2014
Saturday

By မင်းစိုးစံ

သူငယ်ချင်းရေ
ကရင်နှစ်သစ်ကူးပွဲကတော့ ပြီးသွားပြီပေါ့ကွာ။ နှစ်သစ်ကိုကူးလာပြီဆိုတော့ အတွေးအခေါ်သစ်တွေ အမြင်
သစ်လေးတွေကို အစားထိုးဘို့ အတွေးအခေါ်ဟောင်းတွေ အမြင်အဟောင်းတွေကို ထားခဲ့ရမယ်လို့ ပြောရ
လျင်ကောင်းမလား။ အေး အဟောင်းဆိုပေမယ့် ကောင်းတယ်ဆိုလျင် သိမ်းထားရမယ်။ အသစ်ဆိုပြီးတော့
အားလုံးကို ယူနေလို့လည်း မဖြစ်သေးဘူးမဟုတ်လား။ ဒါကတော့ ဘယ်အရာမဆိုပဲလေ။
ဟောင်းနွမ်းဆွေးမြေ့နေပြီး ကိုယ့်အတွက်အန္တရာယ်ဖြစ်စေမယ့် အတွေးအခေါ်အယူအဆတွေ မှန်သမျှမဖြစ်
မနေ စွန့်ပစ်ဘို့လိုသလို ကိုယ့်အတွက်အကျိုးရှိမယ့်  သစ်လွင်တောက်ပြောင်တဲ့အတွေးအခေါ်ကောင်းတွေ
ဆိုလျင်ဖြင့် မရမက ယူနိုင်ဘို့ အစားထိုးနိုင်ဘို့ ယူတတ်ဘို့ အစားထိုးတတ်ဘို့ လိုတာပေါ့။
ဒါကြောင့် ရှေးကရင်လူကြီးတွေက အ်ုလီဏှ်ခွိက်ယှိုဝ်ဃှေဝ် အ်ုသင့်ဏှ်မာအေဏေ၀်. ဆိုပြီး မှာထားတာ။

ဒီနှစ်နှစ်သစ်ကူးပွဲတော့ မဆိုးဘူးလို့ပြောရမယ်။ ပွဲတော်ကိုလာကြတဲ့ ကရင်လူငယ်မောင်မယ်လေးတွေဟာ လွန်ခဲ့တဲ့နှစ်တွေလို အခန်းအနားတွေမှာလို စည်းမဲ့ကမ်းမဲ့မဟုတ်ကြတော့တာတွေ့ရတယ်။ အများစုဟာနေ
ရာတကျ သူ့ထိုင်ခုံမှာသူထိုင်ပြီး လူကြီးတွေပြောသမျှနားစိုက်ထောင်တတ်လာကြပြီ။
လူလတ်ပိုင်းတွေလည်း ဒီအတိုင်းပဲ။ တော်တော်ကိုတိုးတက်လာတယ်။ သဘောက ဂရုစိုက်တတ်လာကြ
သလို အလေးထားတတ်လာတာတွေ့ရတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းကလို အမှုမဲ့အမှတ်မဲ့မဟုတ်ကြတော့
ဘူး။ ဗမာစစ်အစိုးရ တက်ခိုင်းတဲ့အခန်းအနားတွေမှာလို ထိုင်ခုံပေါ်မှာကျောက်ရုပ်ကြီးတွေလို မသာမယာ
မျက်ထားတွေနဲ့ ထိုင်နေကြတာလို့ မင်းပြောမလို့လား။ မင်းသာဒီပွဲကို လာဖြစ်လျင် ၀မ်းသာအံ့သြမှာအမှန်
ပဲ။ အားလုံးဟာ တက်တက်ကြွကြွ လန်းလန်းဆန်းဆန်း လွတ်လွတ်လပ်လပ်နဲ့ တကယ်ပျော်စရာကောင်း
တဲ့ နှစ်သစ်ကူးပွဲ။

စင်မြင့်ပေါ်တက်ပြီး စကားပြောတဲ့ သြ၀ါဒချွေတဲ့ ဆရာကြီးတွေကလည်း တိုတိုနဲ့လိုရင်းစကားတွေကို ရှင်း
ရှင်းလင်းလင်းပြောလာကြပြီ။ လူငယ်ပိုင်း လူလတ်ပိုင်းတွေကို သူတို့ပေးချင်တဲ့ အချက်အလက်တွေ ပေးနိုင်
တယ်။ ကောင်းတယ်လို့ ပြောရမှာပဲ။
အေး မကောင်းတာတခုက မုန့်ဟင်းခါးရည် သိုးတယ်ကွာ။ မုန့်ဖတ်တွေ အများကြီးကျန်တယ်။
အကြော်တွေကျန်တယ်။ လာတဲ့ဧည့်သည်တွေတော့ အားလုံးစားကြရပါတယ်။ ငါကတော့ နှစ်ခါပြန်စားပစ်
လိုက်တယ်။ မုန့်ဟင်းခါးရည် အင်မတန်ကောင်းတာကွ။
အခုလိုမုန့်ဟင်းခါးရည်သိုးတာ ဘယ်သူ့ကို အပြစ်ပုံကြတယ်ထင်သလဲ။ အိုးသူကြီး အသုံးမကျလို့ တဲ့။
အပေါ်ယံလေးကြည့်ပြီး ပေါ့ပေါ့လေးတွေးပြီး ပြောကြမယ်ဆိုလျင် အိုးသူကြီးက တရားခံဖြစ်နေတယ်။
တကယ်တမ်း တာဝန်ရှိတာကလည်း အိုးသူကြီးပါ။ မငြင်းပါဘူး။ လက်ခံပါတယ်။

တကယ့်တကယ်မှာတော့ အိုးသူကြီးဟာ စင်မြင့်ပေါ်တက်ပြီး လူငယ်တွေကို သတိပေးစကားပြောနေတဲ့
ပုဂ္ဂိုလ်တွေကစလို့ ဒုံးအဖွဲ့သားတွေ ဧည့်သည်တွေအလည် လက်ခုပ်တီးတဲ့လူအဆုံး တယောက်မကျန်အ
တွက် စေတနာပေါခြင်းသောခြင်းနဲ့ အကောင်းဆုံးစီစဉ်ချက်ပြုတ်ထားကြတာပါ။ အခုလိုမုန့်ဟင်းခါးရည်သိုး
သွားတဲ့အတွက် အပြစ်တင်နေတဲ့လူတွေထက် အိုးသူကြီးတွေက ပိုပြီးခံစားကြရတာပါ။
မင်းသိတဲ့အတိုင်းပဲ၊ ငါးပြုတ်ရတယ်၊ အရိုးနွှင်ရတယ်။ စပါးလင်တွေ ကြက်သွန်တွေ ထုထောင်းရတယ်။ မုန့်
ဖတ်တွေပြုတ်ရတယ်။ ကြက်သွန်ခွံ နွှာရတယ်။ ဘယ်လောက်ပူလိုက်မလဲ။ ဘယ်လောက်မျက်လုံးတွေစပ်
လိုက်မလဲ။ အများအတွက်နော်။ သူတယောက်တည်းစားဘို့ လုပ်တာမဟုတ်ဘူး။ သူတို့ဘယ်လောက်ပဲ ပင်
ပမ်းပင်ပမ်း စားသောက်ကြတဲ့လူတွေက ဟင်းရည်သိပ်ကောင်းတာပဲလို့ ပြောသံကြားတာနဲ့ ပင်ပမ်းတာမှန်
သမျှ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရှာကြတာ။ အဲဒါက အိုးသူကြီးကောင်းတွေ။

ဆိုတော့ အိုးသူကြီးမကောင်းတွေ ရှိသလားပေါ့။ ရှိတယ်သူငယ်ချင်း ရှိတယ်။
မကောင်းတဲ့အိုးသူကြီးများကျတော့ အများတကာထည့်ထားတဲ့ပိုက်ဆံ(ပြည်သူပိုင်ပစ္စည်း)ကိုယူ၊ အများတ
ကာပေးထားတဲ့ အာဏာ(လုပ်ပိုင်ခွင့်)ကိုယူ၊ အများအတွက်မကြည့်တဲ့အပြင် ချက်ပြုတ်မပေးရုံတင်မက ငါ
ဟဲ့အိုးသူကြီးလို့ အကြောင်းပြပြီးရတဲ့ငွေတွေနဲ့ မြေ၀ယ်၊ တိုက်ဆောက်တဲ့ အိုးသူကြီးတွေ အများကြီးမှအ
များကြီး။
နှစ်သစ်ကူးလေးလုပ်တာများ မြေ၀ယ်နိုင်တယ်၊ တိုက်ဆောက်နိုင်တယ် ဆိုလိုက်လို့ အံ့သြသွားသလား။
အံ့သြမနေနဲ့သူငယ်ချင်း။ Hotel တွေဆောက် Company တွေတောင် ထောင်နေကြတာ မင်းမမြင်တာအံ့
တယ်ကွာ။ မင်းမြင်အောင်ကြည့်။ အရက်ခွက်ထဲမှာပဲ နှာခေါင်းကိုမြှုတ်မထားနဲ့။

အဲဒီလိုအိုးသူကြီးတွေဆိုတာ တောမှာရော၊ မြို့ပေါ်မှာရော၊ ရွာတွေမှာရော၊ နေရာတိုင်းမှာ ပွဲတိုင်းမှာသူတို့
ရှိနေကြတာ။ ဟိုပွဲဆိုလည်း သူ။ သည်ပွဲဆိုလည်း သူ။ နေရာတိုင်းမှာ သူ့မျက်နှာ ဆိုသလိုပေါ့။
အဲဒီအိုးသူကြီးမျိုးကို သွားပြီးတော့ ကလန်ကဆန်မလုပ်မိဘို့ သတိတော့ထား။ အခန့်မသင့်ရင် လူတွေစား
မယ့်အစားအစာထဲကို အဆိပ်ခပ်ဘို့ ၀န်မလေးတတ်ဘူး။
အေးမင်းကတော့ပြောမယ်၊ ငါက အဆိပ်မိဘို့မရှိဘူး။ ငါ့ဖါသာအရက်သောက်နေတာ လို့လေ။
မထင်နဲ့၊ အရက်ပုလင်းထဲ နားဖါချေးထည့်လိုက်လျင်။ မင်းနော်။ လက်သည်မပေါ်ပဲ ဘ၀ပြောင်းသွားမယ်။
သူငယ်ချင်းရေ အိုးသူကြီးဆိုတာ မင်းသိတဲ့အတိုင်း ကျောင်းအိပ်ကျောင်းစား အဆောင်နေ ကျောင်းသား
ကျောင်းသူတွေ အတွက်၊ သင်တန်းသားတွေအတွက်၊ အလှူအတန်းအတွက်၊ သင်္ဘောပေါ်၊ ရထားပေါ်၊
စားသောက်ဆိုင် စသည်ဖြင့် ရှိတယ်လေ။
အဲဒါ မင်းမြင်တတ်အောင်လို့ မင်းသဘောပေါက်အောင်ပြောပြနေတာ။
အိုးသူကြီးအမျိုးအစား အများကြီးကွ။

ဒီလိုပြောလိုက်လို့ အရက်သောက်ရတာ ဇိမ်ပျက်လိုက်တာလို့ ပြောဦးမလို့လား။
အောက်က ရုပ်သံဖိုင်တွေကို ကြည့်ရင်း ဆက်သာသောက်ပေတော့။
တခုတော့ရှိတယ် ခြည်ဖြူဖွဲ့ပွဲမှာ သီချင်းဆိုဘို့ အသင့်ပြင်ထား။
ဒီနှစ် နှစ်သစ်ကူးပွဲမှာ Hmong (မုံး) လူမျိုးတွေတောင် လာကကြတာလေကွာ။
အရက်သောက်တာများလို့ အသံပျက်နေတယ်ဆိုတဲ့ အကြောင်းပြချက်မျိုး မကြားပါရစေနဲ့။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)