• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, January 10, 2015

၂၀၁၅ ခုနှစ် သို့မဟုတ် ၈ဂဏန်းနှစ်


၂၀၁၅ ခုနှစ် သို့မဟုတ် ၈ဂဏန်းနှစ်

Saturday
January 09, 2015

By မင်းစိုးစံ

သူငယ်ချင်းရေ ကမ္ဘာ့နှစ်ဆန်း(၁)ရက်နေ့မှာ မင်းကငါ့ကို Happy new year ဆိုပြီး၁၂း၀၁မှာဖုံးထဲကနေ
နှုတ်ဆက်လာလို့ ငါလည်းမင်းကို မင်းပြောတဲ့အတိုင်း ပြန်နှုတ်ဆက်လိုက်ပြီးတဲ့နောက်ပိုင်း ပြန်အိပ်လို့မ
ရတော့ဘူး။
မင်းသိတဲ့အတိုင်း သက်ကြီးပိုင်းရောက်လာပြီဆိုတော့ အိပ်မောကျပြီးပြန်နိုးလာပြီဆိုလျင် တော်ရုံနဲ့ ပြန်အိပ်
လို့မရတော့တာနဲ့ ရောက်တတ်ရာရာတွေ စဉ်းစားတွေးတောရင်း မှေးကနဲပျော်သွားတယ်။

နိုးလာတော့ ခေါင်းထဲက နည်းနည်းမူးနောက်နောက်ဖြစ်နေတာနဲ့ သွေးပေါင်ချိန်ကြည့်လိုက်တယ်။ ပြီးတော့ သွေးထဲမှာအချိုဓါတ်ဘယ်လောက်တက်နေသလဲ ဆိုပြီးစစ်ကြည့်တယ်။
သွေးပေါင်ချိန်တိုးတယ်။ သွေးချိုလည်း တက်တယ်။
လူတချို့ကတော့ အကြံပေးတယ်။ ၀ိုင်သောက်ကြည့်ပါလားတဲ့။
ဝိုင်သောက်ပြန်တော့ အဆစ်အမြစ်ရောင်တဲ့ ရောဂါက အခြေအနေဆိုးပြန်ရော။
ဝိုင်အစား အရက်ချမယ်ဆိုပြန်တော့ အသည်းမှာအဆီ ဖုံးနေပြန်တယ်။ မင်းကိုပြောချင်တာက ရောဂါအကြောင်းမဟုတ်ပါဘူး။ မင်းက ဆရာဝန်မှမဟုတ်ပဲ။ အံ့သြလွန်းလို့ပါ။

ကရင်နှစ်သစ်ကူးနေ့မှာကျတော့ နှုတ်ဆက်ဘို့မပြောနဲ့ လာတောင်မလာတဲ့မင်းက အခုလိုကမ္ဘာ့နှစ်ဆန်း(၁)
ရက်နေ့မှာ ငါ့ကို တကူးတက နှုတ်ဆက်လိုက်တော့ ထူးဆန်းလိုက်တာကွာ။
ဝမ်းသာရမယ့်အစား ငါသိပ်ဝမ်းနည်းတယ်သူငယ်ချင်း။
ကိုယ့်ကရင့်အမျိုးသားနှစ်သစ်ကူးထက် ကမ္ဘာ့နှစ်သစ်ကူးနေ့ကို မင်းတန်ဘိုးထားနေတာကို ၀မ်းနည်းမိတာ
ပါ။ မင်းကတော့ပြောမှာပေါ့ Globalization ခေတ်မှာ အမြင်ကျယ်ရမယ်။ အတွေးမခေါင်ရဘူး။ ခေတ်မှီရ မယ်။ ခေတ်နောက်ပြန်မဆွဲနဲ့။ ဆိုပြီးတော့လေ။
လူဆိုတာ မိမိကိုယ်မိမိ ချစ်တတ်မှ အခြားတပါးသူတို့ကို ချစ်တတ်တာပါ။ မိမိကိုယ်မိမိ တန်ဘိုးထားတတ်မှ
အခြားတပါးသောသူတို့ကို တန်ဘိုးထားတတ်တာပါ။

ကရင့်အမျိုးသားနှစ်သစ်ကူးကို အသိအမှတ်ပြု လေးစားတန်ဘိုးထားရကောင်းမှန်း မသိတဲ့မင်းက ကမ္ဘာသူ
ကမ္ဘာသားတွေနဲ့ဆိုင်တဲ့ ကမ္ဘာ့နှစ်သစ်ကူးရက်ကို တကယ်ပဲလေးစားတန်ဘိုးထားရဲ့လား၊ ဘယ်လို လေးစား
တန်ဘိုးထားနေသလဲဆိုတာ ငါသိပ်သိချင်တာနဲ့ ဖုံးလှမ်းဆက်လိုက်တော့ မင်းဖုံးက Massage ထားခဲ့ပါတဲ့။
မင်းအိမ်ဖုံးကိုလှမ်းဆက်ပြန်တော့ မင်းအမျိုးသမီးက ရှင့်သူငယ်ချင်း ညကအမူးလွန်လို့ အိပ်ယာထဲမှာ လဲနေ
ပြီ တဲ့။
မင်းရဲ့ကမ္ဘာ့နှစ်ဆန်း(၁)ရက်နေ့ ကြိုဆိုနှုတ်ဆက်ပုံလေးကိုတော့ ကြိုက်သွားပြီဟေ့။

ပြည်ထောင်စု သမ္မတ ဗမာနိုင်ငံတော်(မြမ္မာနိုင်ငံတော်)ရဲ့ သမ္မတကြီးလည်း သူ့မိန့်ခွန်းထဲမှာ ဒီမိုကရေစီ ပြု
ပြင်ပြောင်းလဲရေးအတွက် အရေးအပါဆုံး အဆင့်တစ်ဆင့်ဖြစ်တဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲလုပ်
မယ်တဲ့။
နိုင်ငံရေးအင်အားစုတွေအနေနဲ့ ရွေးကောက်ပွဲနည်းလမ်းပါနိုင်ငံရေးကိုရှာဖွေပြီး မှန်ကန်တဲ့နိုင်ငံရေးရွေးချယ်
မှုတွေပြုလုပ်ဖို့ ကြိုးပမ်းနေတဲ့အခြေအနေကြောင့် ၂ဝ၁၅ဟာ နိုင်ငံရေးအရထူးခြားမယ့်နှစ်ဖြစ်တယ် တဲ့။
လက္ခဏဗေဒ ဆရာ စံဇာဏီဘိုကလည်း လာမယ့် ၂၀၁၅ ခုနှစ်ရဲ့သဘာဝက နံပတ် ၈ဂဏန်းကို ကိုယ်စားပြု
တယ်။ မြန်မာပြည်က နံပတ် ၄ နဲ့ စတင်ပြီးတော့ လွတ်လပ်ရေးရရှိခဲ့တယ်။ မြန်မာပြည်ဟာ ၄ ဂဏန်းနဲ့ ၈ ဂဏန်းတို့ ပူးတွဲပြီးတော့ စတင်ဖြစ်တည်လာတာ။ အခု ၈ ဂဏန်းကို ရောက်တဲ့ကာလမှာ မြန်မာပြည်ရဲ့ အ
နေအထားဟာ အပြောင်းအလဲတွေဖြစ်လာပြီးတော့ အဆိုးထဲကအကောင်း ပြန်ဖြစ်မယ့်သဘောကျနော်
တွေ့တယ်။” လို့ဆိုတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတက ဘာပြောသွားလဲသိလား။
မြန်မာပြည်မှာ လောလောဆယ် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့နဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ
တိုင်းရင်းသားတွေ ရင်ကြားစေ့ရေး၊ စစ်တပ် အာဏာ လျော့ချရေး ကိစ္စတွေ စတဲ့ လောလောဆယ် ပြသနာ
ပေါင်းစုံ ကြုံနေရတယ်လို့ ပြောသွားတယ်။

ငါကတော့ ဗေဒင်ဆရာမဟုတ်ပါဘူး။ ဒီနှစ်လွတ်လပ်ရေးနေ့ကျင်းပတာ ၆၇ကြိမ်နော်။ ဗိုလ်ရှူသဘင်ပွဲကိုတက်ဘို့ ဖိတ်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့က ၁၆ဖွဲ့၊ တက်တာ
က၁၂ဖွဲ့၊ ဗမာ့တပ်မတော်နဲ့ ပေါင်းလျင် ၁၃ဖွဲ့။
၆၇ကြိမ်ဆိုတော့ ၆နဲ့၇ကိုပေါင်းလျင် ၁၃။ ၂၀၁၅ကိုပေါင်းလျင် ၈။
ဆိုတော့ ဆရာ စံဇာဏီဘို ပြောသလိုဆိုလျင် ၄။ ၈။ ဂဏန်းတွေတွဲပြီးဖြစ်လာတဲ့ ဗမာပြည်(မြမ္မာပြည်)ဟာ
အကောင်းပြန်ဖြစ်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား သူငယ်ချင်း။

၁၉၈၆ တုန်းက မင်းကိုငါပြောခဲ့ဘူးတယ်။
၁၉၈၈မှာ ဗမာပြည်ရဲ့အခြေအနေဟာ ပြောင်းလွဲလိမ့်မယ်ဆိုတာလေ။
ဒါပေမယ့် ကောင်းတဲ့ပြောင်းလွဲခြင်းမျိုးတော့ မဟုတ်ဘူးဆိုပြီး ငါပြောခဲ့သေးတာပဲ။
ဒီလောက်တောင် မင်းတွက်တတ်လျင် ဗေဒင်ဆရာလုပ်စားပါလား ဆိုပြီး မင်းငါ့ကိုပြောခဲ့ဘူးတယ်မဟုတ်
လား။ အခုလည်း ဗမာပြည်ဟာ ပြောင်းလွဲမှုဖြစ်မယ်၊ မကောင်းနိုင်ဘူး။ မစ္ဈိမ သတင်းဂျာနယ်ထဲက ၂၀၁၅
စိမ်ခေါ်မှုများ ဆိုတဲ့ဆောင်းပါးထဲမှာ

ရပ်ကွက်တွင်း ဆူညံသံများ။
အသက်အန္တရာယ်မကင်းသည့် လုပ်ငန်းခွင်များ။
ကားကျပ်ကျပ်နှင့် လူ့ကတ်သပ်များ။
ယာဉ်ကြောပိတ်ဆို့မှုများ။
မသန့်ရှင်းသောအစားအစာနှင့် ရေသန့်များ။
အခြေခံလုပ်ခ မသတ်မှတ်ထားသော အလုပ်အကိုင်များ။
ဆုံးရှုံးနေသော အလုပ်သမားအခွင့်အရေးများ။
လယ်ယာမြေများကို အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းခံနေရသော တောင်သူလယ်သမားများ။ အုပ်ချုပ်သူလူတန်းစားဟု သူတို့ဘာသာသတ်မှတ်ထားသူများ၏ အနိုင်ကျင့်ဗိုလ်ကျမှုများ။
လာဘ်လာဘသာ အင်မတန်မျှော်ပြီး ပြည်သူ့အကျိုးကို လုံးဝလျစ်လျူရှုထားသော ပြည်သူ့ဝန်ထမ်း (ဝါ) အစိုး
ရ၀န်ထမ်းဆိုသူများ။
ရပ်ကွက်အကျိုးကို လုံးဝမသယ်ပိုးသော အုပ်ချုပ်ရေးမှူးဆိုသူများ။
အစဉ်အမြဲတိုးမြင့်နေသော ကုန်ဈေးနှုန်းများ၊ အိမ်ငှားခများ။

ဆိုတော့ ဂဏန်းတွေကလည်း ၄တွေ။ ၈တွေ ထပ်နေတဲ့နှစ်ကွ။
၎ ဂဏန်းရဲ့သဘောသဘာဝက ကိုယ့်ကိုအကောက်ကြံမယ့်လူကို အင်မတန်ယုံကြည်လေးစား အားကိုး
တတ်ပြီး ကိုယ့်အကျိုးကိုလိုလားသူတွေကို မလိုမုန်းထားတတ်တဲ့ သဘောရှိတယ်။
၂၀၁၅ စိမ်ခေါ်မှုများ ဆိုတာကို အပြည့်အစုံဖတ်ချင်လျင် အဲဒီလိပ်စာအတိုင်းသာ ကြွပေတော့။
http://www.mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-59/item/36721-2015-01-10-05-38-33

အဆိုးဆုံးက ကျောင်းသားတွေ တောင်းဆိုနေတဲ့ပညာရေးနဲ့ ပတ်သက်တဲ့ကိစ္စကို ရူးချင်ယောင်ဆောင်နေ
တာ။
အဲဒါပဲ ၄ ဂဏန်းရဲ့သဘောသဘာဝအတိုင်း ကြမ္မာဆိုးဝင်ဘို့အလိုလိုဖြစ်လာတာ။
၁၉၈၈ ကိုပေါင်းလျင် ၂၆။ ၂နဲ့ ၆ကိုပေါင်းတော့ ၈။
အခု ၂၀၁၅ကို ပေါင်းလျင် ၈ ရပြန်ရော။
ကျောင်းသားတွေက ပညာရေးဥပဒေနဲ့ပတ်သက်ပြီး သူတို့ကို ရက်ပေါင်း ၆၀ အချိန်ပေးထားခဲ့တာ။
အဲဒါ အခုထက်ထိ အင်းမလုပ် အဲမလုပ်နဲ့ဆိုတော့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေ ဘာပြောသလဲ
သိလား။
အလုပ်သမား လယ်သမားတွေနဲ့ပေါင်းပြီး တနိုင်ငံလုံး သပိတ်တိုက်ပွဲကြီး လုပ်မယ်တဲ့။
ငါထင်သလိုမျိုးအထိ အခြေအနေတွေ ရောက်မလာခဲ့လျင်တောင် ဒီထက်မလျော့တဲ့ အနေအထားမျိုးများ
ဖြစ်လာလေမလားပဲ။
ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုတရပ်လုံးက ဒီ ၂၀၁၅ဆိုတဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်နေကြတာ။
တောရော မြို့ ပါမကျန်၊ နယ်စပ်အဆုံး။
နောက်ဆုံး ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ ဒုက္ခသည်စခန်းက လူတွေတောင်မှ သူတို့ရဲ့အခြေနေတွေပါ တမျိုးတဖုံ
ဖြစ်လာမလားဆိုတဲ့အထိကို တွေးနေကြတာ။

အောက်က ရုပ်သံဖိုင်လေး ကလစ်ကြည့်ကွာ။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)