• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, January 19, 2015

ကရင်လူမျိုးများအတွက် ခေါင်းတောက်စရာ

Source photo from http://www.google.com/images

ကရင်လူမျိုးများအတွက် ခေါင်းတောက်စရာ

Sunday
January 18, 2015

By မင်းစိုးစံ

သူငယ်ချင်းရေ ကျုံဒိုးမီးပုံပွဲ နီးလာပြီနော်။
တပို့တွဲလပြည့်နေ့တိုင်း ကျုံဒိုးမှာ မီးပုံပွဲကျင်းပလာလိုက်ကြတာ အခုဆို အကြိမ်ပေါင်း ၁၉၀ ပြည့်လောက်ပြီ
လို့ ထင်တာပဲ။
"တပို့တွဲ"ဆိုတဲ့စာကို ပုဂံခေတ်ကျောက်စာတွေမှာ "တပိုင်ထွယ်"လို့ရေးထိုးခဲ့ကြတယ်လို့ ဆိုတယ်။ ပုဂံခေတ်က ယပလက်သက်တဲ့ အသံနဲ့ နောက်ပစ်တဲ့ အသံက အတူတူ ဖြစ်နေတာကြောင့် ဒီဘက်ခေတ် အသံထွက်နည်း အရ "တပို့တွဲ"လို့ ဖြစ်လာတာတဲ့။
အဘိဓာန်မှာတော့ "တပို့တွဲ" ဆိုတာ ထန်းဖူး ထန်းခိုင်တွေ အောက်ကိုညွှတ်ဆွဲ ကိုင်းအောင်၊ တွဲကျအောင်
လုပ်တဲ့လ။ ဒီလမှာ ထန်းဖူးထန်းခိုင်တွေ ကိုင်းညွှတ်လာအောင် နှင်းရည်နဲ့ နင်းရတဲ့အတွက် ထန်းရည်နှင်း ဆိုပြီးခေါ် ကြသေးတယ်တဲ့။
ဒီလမှာ ငါတို့တတွေ ထမနဲထိုးကြတယ်။ ဂြိုလ်ပြေ နာမ်ပြေပေါ့။
အဲဒါ လာမယ့် တနင်္ဂနွေနေ့ ထမနဲပွဲအလှူကို မင်းလာခဲ့ကွာ၊ ငါတို့ အတူတူတရားနာကြရအောင်။
မဟာယာနကျမ်းထဲမှာ အေးမြတဲ့အခုလိုရာသီမှာ ဘုရားရှင်ဟာ အချမ်းဒဏ်ကိုခံနိုင်ဖို့အတွက် မီးလှုံခဲ့ဖူး
တယ် ဆိုပြီး ထင်းမီးပူဇော်ပွဲတွေကို ကျင်းပခဲ့ကြရာကနေ မီးဖုန်းပွဲ လို့ခေါ်ကြတယ်လို့ ဆိုထားတယ်။
မီးဖုန်းပွဲမှာ ဘုရားရှင်ကို ယာဂု ဆွမ်းကပ်လှူတာက စပြီး ထမနဲပွဲဆိုတာဖြစ်လာတာတဲ့။

ဒါကြောင့်လားမသိဘူး ကင်းဝန်မင်းကြီး သံပေါက်တိုထဲမှာ
''တပို့တွဲလ၊ ကုံသို့ကျ
မာဃ ထွန်းစမြဲ။
ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ
မီးပုံ ယာဂုပွဲ'' ဆိုပြီး ရေးထားတာတွေ့ရတယ်။
မယ်ခွေရဲ့ တပို့တွဲလ အဲချင်းမှာ
"ချိုးဥမှ တိမ်စုံလေ၊
သတ္တဗီသျှ၊ နက္ခတ္တနှင့်၊ ယှဉ်ကြမလွဲ။
တပို့တွဲ၌၊ ပေါက်လဲငုံကင်း (ထန်းရည်ငယ် နင်းကြသည်)
နှင်းထုံထုံ ငယ်နှင့်လေ'' လို့ စပ်ထားတယ်။
တပို့တွဲလနဲ့ပတ်သက်တဲ့ ကဗျာတွေထဲမှာ စာဆိုရှင်တယောက်က
''တပို့တွဲလ၊ ပေါက်လဲရယ် ငုံစီစီ၊
ဖူးတန်ကချီ၊ သည်ရာသီ။
ဘာဟီက အိုအပေါင်း၊
ပျိုတို့မောင် ရွှေယောင်တွဲငယ်နှင့်၊ လွဲပေါ့သည် ဆောင်း'' ဆိုပြီး တပို့တွဲလရဲ့ အလှကို လှလှပပ ဖွဲ့ဆိုထား
တာလည်း ဘတ်လိုက်ရတယ်။

ရှမ်းပြည်ဘက်မှာ ထမနဲထိုးကြတဲ့အခါ ထန်းလျက်နဲ့(ထညက်)ထိုးကြသတဲ့။
ငါတို့နေတဲ့ နေရာမှာလည်း သကြား၊ နို့ဆီ စတာတွေထည့်ထိုးတာတွေ့ရတယ်။
ဆီးချိုသမားတွေအတွက် အထူးရှယ်။ ထူးထူးရှယ် လို့ပဲပြော လိုက်ချင်တော့တယ်။
ငါကတော့ အချို လုံးဝ,မထည့်ဘူး။ အချို မပါပဲထိုးမယ်။
မကြိုက်လို့မဟုတ်ဘူး။ ကျန်းမာရေးလေ၊ ကျန်းမာရေးပေါ့။

ကျန်းမာရေးလို့ပြောတော့ လွန်ခဲ့တဲ့အပတ်တုန်းက ဆရာဝန်နဲ့ သွားတွေ့တယ်၊ အလိုလိုနေရင်း မောနေလို့။
ဆရာဝန်ကို ငါ့ရဲ့အမောဖေါက်လာပုံဖြစ်စဉ်ကို ပြောပြမလို့ဟာ အဲဒီဆရာဝန်နားမထောင်ဘူးကွာ။
ငါပြနေကျ ဆရာဝန်က ခရီးလွန်နေလို့၊ တခြားဆရာဝန်နဲ့ သွားတွေ့တာ။
သူပြောချင်တာပြောပြီး ငါ့ကို အကိုက်အခဲပျောက်ဆေးပေးတာနဲ့ မစားပဲ၊ ဒီနေ့အထိ ဒီအတိုင်းပဲနေနေလိုက် တယ်။ ဒါကြောင့် ငါအခုမှ မင်းဆီကို စာရေးဖြစ်တာ။
ဗမာစကားပုံတခုမှာ ဆရာများ သားသေ ဆိုတာ မင်းကြားဘူးမှာပေါ့။
ကရင်မှာကျ ဆြာ့အး ကဲထင်းဏေါတ်ဝး တဲ့။
များလာပြီဆိုလျင် ဘယ်ဟာမှမကောင်းဘူးကွ။ မစ္ဈိမ အလယ်အလတ်ပဲ ကောင်းတယ်။
အဲဒီလိုများတဲ့အထဲမှာ ကင်းခြေများ နဲ့ ပိုးနံသံကောင် ဆိုတဲ့သတ္တ၀ါ နှစ်မျိုးစလုံးမှာ ခြေထောက်တွေအတော်
များကြတာ။ ကင်းခြေများ ခြေတချောင်းကျိုးသွားလည်း အသွားမပျက် ဆိုလား ဘာလား။

 Source photo from http://www.gmail.com/images

မင်း ကြားဘူးမှာပေါ့။
လူတယောက်မှာ ကင်းသုံးကင်းထဲက တကင်းပြီးတယ်ဆိုတာ ပြောလေ့ရှိကြတယ်။
ကင်းမြီးကောက်၊ ကင်းမ လက်မဲ၊ ကင်းခြေများ ဆိုတဲ့ ကင်းသုံးကင်းပေါ့ကွာ။
ငါကတော့ ကင်းခြေများပဲဖြစ်ဖြစ် ကင်းမြီးကောက်ပဲဖြစ်ဖြစ် အကိုက်ခံရလျင် နာလည်းနာတယ်၊ အဆိပ်
လည်းတက်တယ်။ ကင်းမလက်မဲတော့ အကိုက်မခံရဘူးလို့ မသိဘူး။
အကိုက်မခံချင်ပါဘူးကွာ။ တော်ကြာ တခါထဲ ပြီးသွားဦးမယ်။
ကင်းခြေများမှာ ခြေထောက်ပေါင်း ၁၀၀ ရှိပြီး ပိုးနံသံကောင်မှာတော့ ခြေချောင်းပေါင်း ၁၀၀၀ ရှိတယ်လို့ စာ
ထဲမှာဘတ်လိုက်ရတယ်။
အေး ခြေချောင်းများတာချင်းတူပေမယ့် ခြေထောက်ပိုများတဲ့ ပိုးနံသံကောင်က ကင်းခြေများလောက် မမြန်
တာတွေ့ရတယ်။
ထမနဲပွဲအကြောင်းကနေ ကင်းခြေများတွေ ပိုးနံသံကောင်တွေဘက် ရောက်သွားလို့ နောက်သွားလား။
အာရုဏ် နောက်မနေနဲ့။
ငါတို့ကရင်မှာ စာအမျိုးအစားတွေများနေတာက ပိုပြီး ခေါင်းတောက်စရာကောင်းနေတာ။

ကရင်လူမျိုးအရင်းအမြစ်နှင့် ကွဲပြားနေသော ကရင်စာပေများ(The roots of Karen and The differential of Karen literature) ဆိုတဲ့ စာအုပ်ကို မင်းဘတ်ပြီးပြီလို့ထင်တယ်။
ရေးတဲ့ပုဂ္ဂိုလ်က မျက်ဆံနီ (ကျောက်မော်ဒေသ) ရှေးဟောင်းကရင်စာပေ ဖေါ်ထုတ်မြှင့်တင်ရေးအဖွဲ့ တဲ့။
ဥယျောဇဉ်တွေ မာတိကာအညွှန်းတွေ အပါအ၀င် စာမျက်နှာပေါင်း ၄၉ မျက်နှာပါတဲ့ ခပ်ညံ့ညံ့ အပြင်အဆင်
နဲ့ ကရင်လူထုအတွက် အဆိပ်အတောက်ဖြစ်စေမယ့် စာအုပ်တအုပ်လို့ ငါမြင်တယ်။
ပြီးတော့ ခြေထောက်အများကြီးနဲ့ ပိုးနံသံကောင်လို စာပေတွေအများကြီးနဲ့ ရပ်တည်နေကြရတဲ့ ငါတို့ကရင်
လူမျိုးတွေအတွက် ဒီစာအုပ်ဟာ အကျိုးမဲ့စေတဲ့ စာအုပ်တအုပ်လို့ငါမြင်တယ်။

ဒီစာအုပ်ရေးသားသူရဲ့ စေတနာကို စော်ကားမော်ကားပြောချင်လို့ အခုလိုငါရေးပြတာမဟုတ်ဘူး။
သူငယ်ချင်း၊ မင်းကိုယ်ပိုင်အတွေးနဲ့ စဉ်းစားသုံးသပ်ကြည့်စမ်းပါ။
သူ့စာထဲမှာပါတဲ့အထဲက ငါသတိထားမိတာလေး ရေးပြမယ်
ကရင်လူမျိုးကြီးအတွင်း ဒေသအသီးသီး၊ ယဉ်ကျေးမှုအမျိုးမျိုး၊ ကွဲပြားနေသောစာပေများကြောင့် အချင်းချင်း
စည်းလုံးညီညွတ်ရန် ခက်ခဲ ခဲယဉ်းပါသည်။ လို့ ရေးထားပြီးတော့မှ ဒီစာကိုထုတ်တာ ငါနားမလည်ဘူး သူ
ငယ်ချင်း။

စာရေးသူဟာ လူပုဂ္ဂိုလ်လား ဘာသာရေးခေါင်းဆောင်လား ဆိုတာ ငါမသိဘူး။
ဘာသာရေးခေါင်းဆောင် ပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ငါတို့ကရင်တွေမှာ စာပေတွေများလွန်းလို့ စည်းလုံး
ညီညွတ်ရေးအတွက် အခက်အခဲဖြစ်နေတာ သိနေပါလျှက်နဲ့ ဘာကြောင့်များ နောက်ထပ် မတူတဲ့စာပေတ
မျိုးအကြောင်း ကရင်လူထုထဲ ရိုက်သွင်းလိုက်ရတာလဲ ဆိုတာ ငါသိချင်တယ်ကွာ။

ဒီစာကို ထိုင်းနိုင်ငံထဲက ခါးကကျယ့် ဆိုတဲ့ ကျေးရွာလေးတရွာကနေ ဆရာတော် တပါးက ယူလာပြီး KNU
ဥက္ကဌ ဗိုလ်ချုပ်မြ ဆီမှာ သင်ဘို့ခွင့်ပြုချက်တောင်းခဲ့ပေမယ့် မရခဲ့ဘူးလို့ဆိုတယ်။ ဒီစာကို လိုက်ခေါင်ကော် (လိက်ခါန်.က၀်) လိုလို လိုက်ချမိမောင်(လိက်ဆ်ုမီ့မာန်) လိုလို လိုက်ကန်ခေါင်(လိက်ကိုင်ခါန်.)လိုလို ပြော
နေကြတယ်။
ရှေ့မီနောက်မီလူတယောက်ပြောပြတာက လိုက်ခဝေါင်ကေါ်(လိက်ခ်ုဝင်က၀်)လို့ ခေါ်တယ်ဆိုလား။ ပါးစပ်
ရာဇ၀င် ဆိုပါတော့လေ။
စကောကရင်လို အသံထွက်လို့ရသလို ပိုးကရင်လိုလည်း အသံထွက်လို့ရတယ် လို့ပြောကြတယ်။
ဒါဆိုလျင် ပိုးကရင်လို ခြင်ထောင်ကို (သုံ) လို့ခေါ်တယ်။ စကောကရင်လို (ပေ့ပေါ်) လို့ခေါ်ပြီး။ ဧရာဝတီ ဘက်က (တနောင်)လို့ ခေါ်တယ်။ ဆိုတော့ ဗျည်းစာလုံးကို ဘယ်လိုသုံးပြီးရေးမလဲ။
မင်းရေးတတ်လျင် ငါ့ကိုရေးပြစမ်းပါကွာ။

ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ကျော် ၄၀လောက်ကတည်းက ကရင်ပညာတတ်တွေက ကရင်တမျိုးသား
လုံးကို ကိုယ်စားပြုတဲ့ကရင်စာပေကို လိုလားတောင့်တနေကြတာ ဒီနေ့အထိပဲဆိုတာ ကရင်တိုင်းသိတယ်။
အခွင့်အခါမကြုံကြိုက်လို့မရခဲ့ဘူး။ အခု သူရေးထားတဲ့ စာပေက (လေကွယ်ကော်)၊ (လေဆောဝှက်)၊ (ခလီးဘိုး) စာပေတဲ့။ ပျောက်နေတာ ကြာလှပြီတဲ့။ အခုပြန်ပြီး ဖေါ်ထုတ်လိုက်တာတဲ့။
ငါလည်း သူ့စာအုပ်ကိုဘတ်ရင်း နဂိုလ်ကတည်းက ချောင်နေတဲ့ခေါင်းက လည်ထွက်သွားတော့မလား မှတ်
တယ်။

နောက်တခုက ဒီစာအုပ်ကို ဘယ်နေ့ ဘယ်ရက် ဘယ်လ ဘယ်ခုနှစ်မှာ ဘယ်နေရာ ဘယ်စာပုံနှိပ်တိုက်က
နေ အုပ်ရေ ဘယ်လောက်ထုတ်သလဲ။ တာဝန်ခံ ထုတ်ဝေသူက ဘယ်သူ စတာတွေမပါဘူး။
ယုတ်စွအဆုံး ဘယ်နေ့ဘယ်ရက်မှာ ပြုစုရေးသားပြီး၊ ဘယ်နေ့မှာ ပြီးပါတယ်ဆိုတာလေးတောင် မပါဘူး။
ရိုးရိုးသီချင်းခွေလေး တခွေတောင်မှ ဘယ်သူဘယ်ဝါက တာဝန်ယူပြီးထုတ်လုပ်ဖြန့်ချိပါတယ်ဆိုတာ ပါသေး
တာပဲကွာ။ ကရင်တမျိုးသားလုံးအတွက် အကျိုးပြုတဲ့ စာပေပါလို့ပြောပြီး အဲဒါတွေ တခုမှမပါဘူး။
ပိုဆိုးတာက စာအုပ်ထဲမှာ ကွန်ပျူတာစာလုံးရော လက်နဲ့ဖြစ်ကတတ်ဆန်းရေးထားတဲ့ စာလုံးတွေရော ပရမ်း
ပတာရေးထားလိုက်တာများ အိုးနင်းခွက်နင်းပဲ။

မင်းအမြင်တော့ ငါမပြောတတ်ဘူး၊ ငါ့အမြင်ကတော့ ကရင်တွေကို အထင်သေးအမြင်သေးတဲ့ သဘော
ထားမျိုး နဲ့ စော်ကားမော်ကားလုပ်ပြီး တမင်သက်သက် ဒီစာအုပ်ကို ထုတ်လိုက်တာလို့ငါမြင်တယ်။
အဲဒီစာက ဘယ်လိုအသံထွက်လို့ ကရင်တမျိုးသားလုံးအတွက် ဘယ်လိုအကျိုးရှိတယ် ဆိုတာကို ပညာမရှိ
တဲ့ငါ့အနေနဲ့ မသိနိုင်ပေမယ့် ဒီစာနဲ့ပတ်သက်တဲ့ သီချင်းကို မင်းနားထောင်ကြည့်ပါ။
ပြီးတော့ သီချင်းထဲကအတိုင်း ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ မင်း တွေးတောသုံးသပ်ကြည့်ပါ။
အော် ထမနဲပွဲမှာ တရားနာဘို့ မဖြစ်ဖြစ်အောင် လာခဲ့။
နာပြီး သိအောင်လုပ်ရမယ်၊ သိပြီးလျင် သိတဲ့အတိုင်း ကျင့်နိုင်ဘို့ ကြိုးစားရမယ်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှီငြမ်းထားသော နေရာများ

http://taunzalat.blogspot.com/2014/01/blog-post_8405.html
http://jeyasukha.blogspot.com/2013/02/blog-post_3829.html