• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, January 27, 2015

မကောင်းတဲ့ဂြိုလ် မကောင်းတဲ့နာမ် ပြေစေဘို့ ထမနဲထိုးကြစို့


Source photo from http://www.google.com/images

မကောင်းတဲ့ဂြိုလ် မကောင်းတဲ့နာမ် ပြေစေဘို့

ထမနဲထိုးကြစို့

January 27, 2015
Tuesday

By မင်းစိုးစံ

သူငယ်ချင်းရေ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဖူ့တာမိက်ဂုဏ်တာဘာ.(ဖုတာမိုက်ဂုဏ်ကျေးဇူးကျောင်း) မှာ
ဂြိုလ်ပြေ နာမ်ပြေအနေနဲ့ ငါတို့တတွေစုပေါင်းပြီးထမနဲထိုးကြတယ်။ မင်းမလာဘူး။
မင်းထင်တာက ငွေထည့်လိုက်ရုံနဲ့ အလှူဒါနမြောက်ပြီပေါ့လေ။
မင်းအမျိုးသမီးရယ် ငါ့အမျိုးသမီးရယ် မင်းရဲ့သမီးလေးနဲ့ ငါ့သမီးလေးတို့ စုပြီးထမနဲထိုးနေလိုက်ကြတာများ
ကြည်နူးစရာကောင်းလိုက်တာသူငယ်ချင်းရာ။
မင်းမလာတဲ့အတွက် စိတ်မကောင်းဖြစ်မိတာအမှန်ပဲ။ မင်းအမျိုးသမီးပြောတာကတော့ ထုံးစံအတိုင်း အ
ရက်နာကျနေလို့ဆိုတာ အဟုတ်ပဲလားသူငယ်ချင်း။
မင်းရဲ့ခမီးခမက်နဲ့တွေ့လို့ မင်းကိုငါမေးတော့ သူက
ငါလည်းဒီကောင့်ကို ဘုန်းကြီးကျောင်းလာတိုင်း ခဏခဏခေါ်တယ်။
ခေါ်ပါများတော့ ငါ့ကို မင်းတို့ကောင်တွေ ဈာန်ရပြီး ကောင်းကင်မှာပျံနေတာ ငါမြင်ရလျင် ဘုန်းကြီးကျောင်း
ကိုသွားမယ်၊ လာခေါ်စရာမလိုဘူး။ အလကားအပိုအလုပ်တွေ လို့ပြောတာခံရတယ်။
လူဆိုတာကိုယ့်လမ်းကိုယ်ဖေါက်၊ ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တည်းကြတာ၊ ကိုယ့်
ဘ၀ကို ကိုယ်ကိုယ်တိုင် တည်ဆောက်ကြရတာကွ။ ဆရာလာမလုပ်နဲ့ ဆိုပြီးပြောလွှတ်တာခံရလို့ ခေါ်မ
နေတော့ပါဘူးကွာ တဲ့။
အင်းပေါ့လေ မင်းပြောသလို ဈာန်ရပြီးကောင်းကင်ပေါ်ပျံနိုင်တာတော့ မဟုတ်ဘူးပေါ့။

အမှန်အတိုင်းပြောရလျင် ၃၁ဘုံမှာ အပါယ် ၄ဘုံကိုမရောက်အောင်ပဲ ကြိုးစားနေတုန်းအဆင့်သာသာလေး
ရှိပါတယ်။
တနည်းပြောရလျင်အပါယ် ၄ဘုံဖြစ်တဲ့ ငရဲ ၊ တိရိစ္ဆာန်၊ ပြိတ္တာ ၊ အသူရကာယ် ဆိုတဲ့ ဘုံကိုပြန်မသွားချင်လို့
အချိန်ရှိခိုက်လေးမှာ အသက်ရှင်တုန်း အသက်ရှင်ခိုက်လေး ရနိုင်သလောက် ခဲခဲယဉ်းယဉ်းကြိုးစားနေတာ
ပါ။ အများပြောနေကြသလို မင်းတို့ငါတို့တတွေဟာ ၃၁ ဘုံမှာ ကျင်လည်နေကြရတယ်ဆိုတဲ့အယူအဆဟာ
မှားယွင်းတဲ့အယူအဆလို့ ပညာရှင်တွေ ပြောကြတယ်မဟုတ်လား။
အမှန်တော့၂၆ ဘုံထဲမှာပဲ ကျင်လည်နေကြရတာ တဲ့။ သုဒ္ဓါဝါသ ၅ ဘုံကိုရောက်ပြီးတဲ့ ပုဂ္ဂိုလ်တွေဟာ လူ့
ဘ၀ကိုဘယ်တော့မျှ ပြန်မယူကြတော့ဘူး လို့ဆိုထားလို့ပါ။

မင်းပြောတဲ့ ကိုယ့်ဘ၀ကို ကိုယ်တိုင် တည်ဆောက်ကြရတယ်ဆိုတာ ဘာပါလိမ့်။
တချို့လူတွေက ရုပ်ရှင်မင်းသားဖြစ်ချင်ပေမယ့် သမ္မတဖြစ်နေရတာမျိုး။ ရုပ်ရှင်မင်းသားဘ၀ကနေ သမ္မတဖြစ်
လာတာမျိုး။ ၀န်ကြီးချုပ်ဖြစ်လာတာမျိုး။ ပြည်နယ်ဝန်ကြီး ဖြစ်လာတာမျိုး။ အဲဒါမျိုးကျတော့ အဲဒါမင်းပြောတဲ့
ကိုယ့်ဘ၀ကို ကိုယ်တိုင်တည်ဆောက်ပုံဖေါ်လို့ ဖြစ်ရတာမျိုးလို့ပြောလျင် မှန်နိုင်ပါ့မလား။

ဒီနေရာမှာ ဘ၀ဆိုတာ ဘာလဲ။ ငါနားမလည်ဘူးသူငယ်ချင်း။ မွေးလာတယ်၊ နုနုငယ်ငယ်ဘ၀လေးကနေ
ပျိုမျစ်နုပျိုလာတယ်၊ အိုမင်းရင့်ရော်လာတယ်၊ နောက်ဆုံးသေတယ်၊ အဲဒါတွေအားလုံးက ဘ၀လား။
ဒါမှမဟုတ် နုပျိုငယ်ရွယ်တဲ့ဘ၀၊ အိုမင်းရင့်ရော်တဲ့ဘ၀၊ ကြွယ်ဝချမ်းသာတဲ့ဘ၀၊ ဆင်းရဲမွဲတေတဲ့ဘ၀။
အဲဒါတွေက ဘ၀လား။
ဒါမှမဟုတ်လျင်လည်း ကျောင်းသားဘ၀၊ ကျောင်းဆရာဘ၀၊ နိုင်ငံရေးသမားဘ၀၊ အကျဉ်းသားဘ၀၊ အနုပ
ညာသမားဘ၀၊ ကြေးစားလူသတ်သမားဘ၀။ အဲဒါကို ဘ၀လို့ခေါ်သလား။
တချို့ပြောပြောနေကြတဲ့ ဘ၀ကို ပုံသေမတွက်နဲ့ ဆိုတဲ့စကားက ဘ၀နဲ့ပတ်သက်ပြီး ဘ၀ဆိုတာ ပြောင်းလဲ တတ်တယ်ဆိုတာမျိုးကို ဆိုလိုချင်တာလား။
ဒါဆိုလဲ မွေးလာတဲ့အချိန်ကနေ သေသွားတဲ့ချိန်အထိ ဖြစ်ပျက်နေခဲ့သမျှ အကြောင်းအချင်းအရာတွေကို ဘ
ဝတခုလို့ ပြောလို့ရပါ့မလား။
တချို့ကျတော့ မနက်နေထွက်တဲ့အချိန်ကနေ ညနေနေ၀င်မိုးချုပ်တဲ့အထိက ဘ၀တဲ့။
တချို့ကျတော့ အဆုပ်ထဲကို လေရှူသွင်းလိုက်တဲ့အချိန်နဲ့ အဆုပ်ထဲကလေကို ပြန်ရှူထုတ်လိုက်တဲ့အချိန် အဲ
ဒီကြားကာလကို ဘ၀တဲ့။

လူတိုင်းကတော့ ဘယ်ဘ၀မျိုးကိုရောက်ရောက် ချမ်းသာချင်ကြတယ်၊ ရုပ်ချောချင်ကြတယ်။
သြဇာအာဏာ ရှိချင်ကြတယ်။ အသက်ရှည်ပြီး ကျန်းမာချင်ကြတယ်။ ပညာရှင် ဖြစ်ချင်ကြတယ်။
နည်းမျိုးစုံနဲ့ကြိုးစားကြတယ်။
အဲဒီလိုကြိုးစားကြရင်း ဘ၀ပျက်တဲ့လူပျက် အသက်ဆုံးတဲ့လူဆုံး၊ ဖြစ်ကြရသလို ထမင်းတလုတ်အတွက်
အသက် သွေး ချွေး ဘ၀ မျက်ရည် စတာတွေနဲ့ရင်းပြီးမှ စားကြရရှာတဲ့လူတွေရှိသလိုပဲ သူတပါးရဲ့ အသက်
သွေး ချွေး မျက်ရည် ဘ၀ တွေကို အရင်းအနှီးလုပ်ပြီး သူဌေးကြီးဘွဲ့ကို ယူကြတဲ့သူတွေလည်း ရှိနေတာ
မင်းလည်းသိပါတယ်။

သူဌေးဖြစ်တာကို မနာလိုမရှုစိမ့်လို့တော့ မဟုတ်ပါဘူး။
သူဌေးဖြစ်လာပြီဆိုတော့ ဘာဆက်ဖြစ်ချင်သေးလဲ ဆိုတဲ့နောက်ဆက်တွဲမေးခွန်းတွေကို မေးစရာရှိလာပါ
တယ်။
ဒီထက်ပိုချမ်းသာချင်ပါတယ် ဆိုတဲ့ရိုးရိုးလေးအဖြေတခုတည်းက ပြဿနာမဖြစ်နိုင်ဘူးဆိုပေမယ့် ဘယ်လိုနည်း
နဲ့ချမ်းသာအောင်လုပ်မယ်ဆိုတာက အဓိကအချက် ဖြစ်နေပါတယ်။
ဥပမာ ကုန်စုံဆိုင်ကြီးကနေ ပိုချမ်းသာချင်လို့ ကုန်စုံဆိုင်ခွဲလေးတွေဖွင့်တယ်ဆိုပါစို့။
အဲဒီကုန်စုံဆိုင်ခွဲလေးတွေမှာ ဘာပစ္စည်းရောင်းမလဲ။
တရားမ၀င်တဲ့ ကုန်ပစ္စည်းတွေလား။
မူးယဇ်ထုံထိုင်း ဘေးဖြစ်စေတဲ့ ဆေးဝါးတွေကို ရောင်းမှာလား။
လူတစ်ဦး ဒါမှမဟုတ် လူအစုလိုက်အပြုံလိုက် သေကြပျက်ဆီးစေမယ့် လက်နက်ကိရိယာတွေ ရောင်းမ
လား။
ဒါက ပိုချမ်းသာချင်လို့ပါဆိုတဲ့ အနိမ့်စားလူချမ်းသာ အဖြေသမားအများစုအတွက် သမားရိုးကျမေးစရာ မေး
ခွန်းပါ။
ကုမ္ပဏီတွေ၊ အစုရှယ်ယာတွေ၊ တကယ့်ထိပ်သီးတွေကျတော့ ဒီထက်ပိုချမ်းသာချင်တယ်ဆိုတာထက် များ
ပြားတဲ့ အတွေးတွေရှိမှာဖြစ်သလို တခြားနည်းလမ်း(မသမာသောနည်း)တွေနဲ့ အပြိုင်အဆိုင်စီးပွါးရှာကြမှာ
ဖြစ်တော့ အရင်းအနှီးအများကြီးစိုက်ပြီးလုပ်မယ်၊ ပြီးတော့ ပြိုင်ဘက်ကိုဘယ်လိုအလဲထိုးရမလဲ ဆိုတာပါ
ထည့်စဉ်းစားကြမှာဆိုတော့ နည်းပေါင်းစုံကိုသုံးမှ ဖြစ်နိုင်မှာလေ။

မင်းကြားပြီးပြီလား မူဆယ်ကနေ လားရှိုးဘက်ကိုထွက်လာတဲ့ ၂၂ဘီးယာဉ် ၁၄စီးနဲ့ ၁၂ဘီးယာဉ် ၃စီးပေါ်
က အမိုးနီးယားနိုက်ထရိတ် အိတ် ၁၀၀၀၀ ကျော်။ ဖုန်း။ တီဗွီ။ အီးဗီဒီ။ ဒီဗီဒီစက်တွေ သောင်းနဲ့ချီ ဘမ်းမိ
တယ် ဆိုတာလေ။
အမိုနီယမ်နိုက်ထရိတ်ဆိုတာ ဓာတ်မြေသြဇာလုပ်လို့ရသလို ယမ်းပျော့အနေနဲ့လည်း သုံးလို့ရတယ်။
အဲဒါတွေအားလုံးက တရုတ်ဘက်ကနေ ၀င်လာတာတဲ့။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီလောက်တန်ဖိုးကြီးတဲ့ ပစ္စည်းတွေနဲ့ အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေကို အရာရှိငယ်
တစ်ယောက်အနေနဲ့လုပ်တာ မဖြစ်နိုင်ဘူး နောက်ကွယ်က ငွေကြေး၊ ပစ္စည်းစိုက်ထုတ်စီမံပေးတဲ့ သူတွေရှိ
ရလိမ့်မယ် ဆိုပြီးHot news Journal မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်မြင့်ပြောသွားတာဘတ်လိုက်
ရတယ်။

အေး ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ကွာ၊ လူ့ဘ၀မှာ လူချမ်းသာဖြစ်ချင်တဲ့လူတွေ၊ သြဇာအာဏာ မက်မောတဲ့လူတွေ၊
အဲဒီလိုလူတွေကြောင့် ငါတို့တိုင်းပြည်ကိုကြည့်လိုက်တဲ့အခါ ရခိုင်ပြည်နယ်မှာလည်း လှုပ်လှုပ် လှုပ်လှုပ်၊
အခြား ပြည်နယ်နဲ့ တိုင်းတွေမှာလည်း ရုပ်ရုပ် ရုပ်ရုပ်၊ နိုင်ငံရေး ကြည့်လိုက်တော့ ဆူ။ စစ်ရေးကျတော့ ပူ။
ငြိမ်းချမ်းရေးကိစ္စကျတော့ အခန့်မသင့်လျင် အခုပဲထပေါက်တော့မယ့် ဗုံးဆံ။
တဆက်တည်းစဉ်းစားမိလိုက်တာက ၈ဂဏန်း၊ ၄ဂဏန်း စိုးမိုးတဲ့ ဒီနှစ်အတွက် အခြေအနေကောင်းတရပ်
ဖြစ်လာဘို့ဆိုတာ ဖြစ်မှဖြစ်ပါ့တော့မလားပေါ့ကွာ။
အခြေနေကောင်းတရပ် ဖြစ်တာမဖြစ်တာနဲ့ပတ်သက်လို့ ငါ့အမြင်ပြောရလျင် ဗမာစစ်အစိုးရသာလျှင် အဓိ
ကတရားခံဖြစ်နေတယ်။
ပညာမဲ့တဲ့သူတို့လုပ်ပုံကိုင်ပုံတွေကြောင့် မြမ္မာတနိုင်ငံလုံးပူပင်စရာတွေနဲ့ပြည့်နှက်နေတာလို့ ပဲပြောလိုက်
ချင်စမ်းတယ်။ အခုလည်း ဖေါက်ခွဲရေးလုပ်နိုင်တဲ့ ဓါတုဗေဒပစ္စည်းတွေ ဘမ်းမိတာနည်းတာမှ မဟုတ်ပဲ။ တ
ရုတ်ကလာတဲ့ဓါတ်မြေသြဇာတွေက အဆင့်မမီလို့ အဆင့်မြင့်မြင့်ထုတ်လုပ်ချင်တဲ့ဆန္ဒနဲ့ တင်သွင်းလာတာ
ဆိုလျင် အဲဒါစီးပွါးရေးသမားအချင်းချင်း လုပ်တဲ့ကိစ္စဆိုတော့ သိပ်မဆိုးဘူး။ ဖေါက်ခွဲရေးလုပ်ဘို့ သွင်းလာ
တာဆိုလျင်တော့ ဗမာပြည်အတွက် နောက် ၇လအတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်တယ်ဆိုတာကို သတိပေး
လိုက်သလိုပဲဟေ့။

ကဲ မင်းကိုငါပြောထားတဲ့အတိုင်း ဓမ္မစင်္ကြာတရားကို ၀တ်စုံပြည့်ဝတ်ပြီးရွတ်ဆိုနေကြတာကို နားထောင်ရင်း
လူ့ဘ၀ကို မရောက်နိုင်တော့တဲ့တရားကို ကြိုးစားအားထုတ်ပေတော့။
ငါဆိုလိုတာက အပါယ်လေးဘုံကို သွားဘို့မဟုတ်ဘူးနော်။
သုဒ္ဓါဝါသ ဆိုတဲ့ဘုံကိုရောက်ဘို့ပြောနေတာ။
အဲဒီဘုံကို ဘယ်လိုလူပုဂ္ဂိုလ်တွေရောက်တတ်သလဲဆိုတာကို သိချင်လျင် အဲဒီလိပ်စာအတိုင်း ကြွပေတော့။
http://phyominzaw.blogspot.com/2013/06/blog-post_2362.html



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်ပါသတင်းများကို ဘတ်ပြီးရေးပါသည်။
http://www.hotnewsweekly.com/node/4020
http://www.news-eleven.com