• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, January 22, 2015

ငရုပ်သီးခပ်စပ်စပ် ဘာကြောင့် စားသင့်လဲ


ငရုပ်သီးခပ်စပ်စပ် ဘာကြောင့် စားသင့်လဲ

2015-01-22
တချို့လူတွေက အစပ်မပါရင် ထမင်းတောင်မျိုမကျဘူးလို့ ပြောတတ်တယ်။
အစပ်ဟာ အရသာဆိုင်ရာခံတွင်းတွေ့ခြင်း တစ်မျိုးဖြစ်တဲ့ အပြင် ကျန်းမာရေးအတွက်လည်း ကောင်းကျိုး အ
သင့်အတင့်ရှိတယ်။

ဝိတ်လျော့ခြင်း။
သိတဲ့အတိုင်းပါပဲ။ငရုတ်သီးရဲ့ အရသာဟာ စပ်ပါတယ်။
လေ့လာချက်အရ စပ်တဲ့စားစရာ ပူပူနွေးနွေးကိုစားပြီးနောက် တိုတောင်းတဲ့အချိန်အတွင်း လူကိုယ်ခန္ဓာထဲ
မှာ ဆဲလ်တွေ အဟောင်းပျက်သုန်း အသစ်တွေ ပေါ်ထွန်းတဲ့ဖြစ်စဉ်ဟာ မြန်ဆန်တိုးတက်လာပြီး ပိုမိုများ
ပြားတဲ့ ကယ်လိုရီတွေ လျော့ပါးလာစေတယ်။
ဒါ့အပြင် အစပ်စားတာဟာ ဗိုက်ပြည့်တဲ့ ခံစားမှုလည်း ဖြစ်စေတတ်တယ်။
ဒါကြောင့် အစာစားတာနည်းသွားပြီး စုပ်ယူတဲ့ကယ်လိုရီပမာဏကိုလည်း လျော့နည်းသွားစေတယ်။

နှလုံးအတွက် အကျိုးရှိခြင်း။
အစပ်စားတာဟာ နှလုံးလည်ပတ်မှုအခြေအနေကို ကောင်းမွန်လာစေနိုင်တယ်။
အမေရိကန် ဓါတုပညာအသင်းမှ ထုတ်ပြန်တဲ့ တွေ့ရှိချက် ရလဒ်အရ၊ ငရုတ်သီးထဲမှာ ပါတဲ့ ငရုတ်သီးဓါတ်
ဟာ လူကိုယ်ခန္ဓာထဲမှာ ကိုယ်လက်စထရောဖြစ်တည်မှုကို လျော့နည်းလာစေပြီး သွေးလွှတ်ကြောကို ကျဉ်း
မြောင်းစေတဲ့ ဒီအန်အေဆိုင်ရာ အကြာင်းရင်းကို တားဆီးနိုင်တယ်။
ဒီလိုနဲ့ သွေးစီးဆင်းမှုကိုသွက်လက်လာစေပြီး နှလုံးကျန်းမာရေးကို ကောင်းကျိုးပြုစေတယ်။

ကင်ဆာကို ကြိုတင်ကာကွယ်ခြင်း။
အမေရိကန် ကင်ဆာရောဂါ အသင်းက၊ လက်ရှိ သုတေသနရလဒ်အရ ငရုတ်သီးဓါတ်ဟာ သုက်ရည်ဂ
င်း(ပရိုစတိတ်ဂလင်း) ကင်ဆာ ဆဲလ် တိုးပွါးနှုန်းကို ထိန်းညှိနိုင်တယ်လို့ ကြေညာခဲ့တယ်။

သွေးတိုး ကျစေခြင်း။
ငရုတ်သီးဓါတ်ဟာ သွေးထဲပါ နိုက်ထရစ် အောက်ဆိုဒ် ပမာဏကို တိုးလာစေတယ်။
အဲဒါဟာ လူကိုယ်ခန္ဓာရဲ့ သွေးလည်ပတ်မှုကို ပိုမိုသွက်လက်လာစေပြီး ရောင်ရမ်းမှုကို ကြိုတင်ကာကွယ်
နိုင်ကာ သွေးတိုးတာကို ကျစေနိုင်တယ်။
စပ်တဲ့ စားစရာ အားလုံးထဲမှာ ငရုတ်သီးဟာ သွေးတိုးကျစေတဲ့ အစွမ်းဆုံးသော စားစရာ ဖြစ်တယ်။

Copy from http://myanmar.cri.cn/666/2015/01/22/1s35151.htm