• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, February 12, 2015

ပြောလျင် အောင်မင်းလွန်ရာကျတယ် မပြောလျင် အောင်မင်းဖျာပျောက်မယ်


စိန့်ပေါမြို့က ကရင်ဒုံးအဖွဲ့အများကြီးထဲက ဒုံးအဖွဲ့တဖွဲ့ဖြစ်ပါတယ်
January 12 2015
Thursday

 ပြောလျင် အောင်မင်းလွန်ရာကျတယ်

မပြောလျင် အောင်မင်းဖျာပျောက်မယ်

By မင်းစိုးစံ

သူငယ်ချင်းရေ မင်းငါ့ကိုဖုန်းခေါ်တဲ့အချိန်က ငါရေချိုးခန်းထဲရောက်နေတယ်။
ရေချိုးပြီးပြီးချင်း မင်းကိုငါပြန်ခေါ်ပေမယ့် မင်းဖုန်းက မအားဘူးလို့ပြောနေတာနဲ့ ငါလည်း Message တွေ
ဘာတွေမထားတော့ပဲ မင်းပေးထားတဲ့ Message ကိုပြန်နားထောင်ကြည့်တော့ မင်းကငဇင်ကာအကြောင်း
သိချင်နေတာကိုးကွ။
ငဇင်ကာရဲ့အမေက ဘာကြောင့် ပေါ်တူဂီသား ဒေလီဗဇာနဲ့ညားရသလဲဆိုတာမေးထားတော့ ငါဘတ်ထား
တာလေး ပြန်ရေးပြရမယ်ဆိုလျင် ဗမာသက္ကရာဇ် ၈၉၂ခုနှစ်မှာနန်းတက်တဲ့ ရခိုင်ဘုရင်မင်းပါကြီးဟာ
အိန္ဒိယပြည် ဂိုအာနယ်မှာ မင်းမူနေတဲ့ ဒေလီဗဇာကို စစ်ရှုံးလို့ အသက်၁၇နှစ်အရွယ်သာရှိသေးတဲ့ သမီး
ပဲသီဒါကို ပေးလိုက်ရတယ်တဲ့။ ၈၉၃ခုနှစ်မှာ ငဇင်ကာကို မွေးတယ်။


ရန်ကုန်မြို့နားက နှစ်ပေါင်း ၂၆၀၀ လောက်ကပျောက်ဆုံးနေခဲ့တဲ့ ပါဒနိုင်ငံတော်ရာဇ၀င်နဲ့ ပါဒမြို့ ၅ထပ်ဆု
တောင်းပြည့် ရုပ်ရှင်တော်မြတ်ကြီးသမိုင်း ဆိုတဲ့စာအုပ်ထဲမှာဘတ်ရတာ။
ရေးတဲ့ဆရာက ပြည်တော်သာ ဦးထွန်းရီ။
ထုတ်တဲ့ခုနှစ်က သာသနာတော်သက္ကရာဇ် ၂၅၀၁ခု ဗမာသက္ကရာဇ် ၁၃၁၉ခု တပို့တွဲလ။
ဆရာကြီးက ၃၈ဖြာမင်္ဂလာတရားတော်ကြီးကို ရောင်စုံရုပ်ပုံတွေနဲ့ ၃၈ဖြာမင်္ဂလာ ရုပ်ပြစာ အုပ်ငယ်တွေအ
ဖြစ် အတွဲ ၁ကနေ ၃၀အထိထုတ်ခဲ့တာ။
ပန်းချီပညာကို ၁၂နှစ်နီးပါးသင်ခဲ့သလို ရန်ကုန်မြို့ ပန်း ချီသမဂ္ဂမှာ ဘဏ္ဍာရေးမှူးလုပ်ခဲ့တာတဲ့။
သူရေးထားတဲ့ ၃၈ဖြာမင်္ဂလာ တရားတော်ကြီးဆိုတဲ့စာအုပ်ကို ၃၈ဖြာမင်္ဂလာ ၀တ္ထုတော်ကြီးဆိုပြီး အင်တာ
နက်ပေါ်မှာ တအုပ်ကို ၅ဒေါ်လာ၇၅ဆင့်နဲ့ရောင်းတာတွေ့ရတယ်။
ငါအခုပြောတဲ့ ပါဒနိုင်ငံတော်နိုင်ငံတော်ရာဇ၀င်ဆို တဲ့ စာအုပ်ကိုတော့ ရှာမတွေ့ဘူး။
၃၈ဖြာမင်္ဂလာ ၀တ္ထုတော်ကြီးဆိုတာကို ဘတ်ချင်လျင်တော့ http://www.myanmarbookshop.com ဆို
တဲ့ လိပ်စာအတိုင်းသွားရှာပေတော့။
အဲဒါတွေက မင်းသိပ်သိချင်ပါတယ်ဆိုလို့ ငါရေးပြတာပါ။

ငဇင်္ကာအုတ်ဂူ
Photo from 
http://www.google.com/images

ငဇင်္ကာအကြောင်းပြောရင်း နတ်သျှင်နောင်အကြောင်းလေးပါ ထည့်ပြောပြချင်တယ်။
မင်းသိပြီးသားဖြစ်နေလျင်တော့ ဆက်မဘတ်နဲ့ပေါ့ကွာ။ နတ်သျှင်နောင်ဟာ ဘာကြောင့်ဗရင်ဂျီဘာသာထဲ
ဝင်လိုက်ရသလဲဆိုတာကို အခုလို ရေးပြထားတာကို http://sithuminthein.blog.com/2009/11/01/
မှာ တွေ့ရတယ်။
စစ်တကောင်းမြို့က ပေါ်တူဂီအမျိုးသား “မာရကျစ်ဓမ္မေ”ဆိုတဲ့ကုန်သည်ဟာ သင်္ဘော‎နဲ့ရခိုင်ပြည်ကို ရောက်
လာချိန်။ သံလျင်မှာ ပေါ်တူဂီနဲ့ဗမာတွေ စစ်ဖြစ်နေတာကိုသိလို့ ရသမျှလူစုပြီး သံလျင်မြို့ကိုသင်္ဘောနဲ့ရောက်
လာတော့ မဟာဓမ္မရာဇာရဲ့ လှေတပ်က ‎သင်္ဘောနဲ့ လူအားလုံးကိုဘမ်းထားလိုက်တယ်။
လူတွေကို နားဖြတ်၊ လျှာဖြတ် လည်ပင်းမှာစာဆွဲပြီး သံလျင်ကို ဖောင်နဲ့မျှောလိုက်တယ်။
စာထဲမှာ ‎‎”ဗိုလ်မှူး ဇွင်ကာကူ သတိပြုလေ၊ ငါ့ ရန်သူကိုမပေးအပ်လျှင် ဤကဲ့သို့ချည်းဖြစ်ကြရမည်” လို့ရေး
ထားတယ်တဲ့။
အဲဒါကိုမြင်ရတဲ့ နတ်သျှင်နောင်ဟာ စိတ်အနာကြီးနာလို့ ဗရင်ဂျီဘာသာထဲ ၀င်လိုက်တာဆိုပဲ။

Photo from
http://www.google.com/images

ဒါနဲ့ပတ်သက်လို့ ငါ့အမြင်ကိုပြောရမယ်ဆိုလျင် လူချင်းတူပေမယ့် စိတ်ချင်းမတူတာကိုတွေ့ရတယ်။
မဟာဓမ္မရာဇာ ဆိုတာ ဗမာဖြစ်သလို နတ်သျှင်နောင်ဆိုတာလည်း ဗမာပဲ။
မဟာဓမ္မရာဇာက လူတွေကို နားဖြတ်၊ လျှာဖြတ် လုပ်တယ်၊ နတ်သျှင်နောင်က အဲဒါကိုမြင်တော့ စိတ်နာ
ပြီးဘာသာပြောင်းလိုက်တယ်။ စစ်သားချင်းတူပေမယ့် အမြင်ချင်းမတူကြဘူး။
တယောက်က ရန်သူကိုရန်သူလို့မြင်ပြီး တယောက်က လူကိုလူလို့မြင်တယ်။
နတ်သျှင်နောင်ကို ငဇင်္ကာနဲ့ တံကျင်လျှိုပြီးမသတ်ခင်မှာ တောင်းပန်ခိုင်းပေမယ့် မတောင်းပန်ပဲ ရဲရဲဝံ့ဝံ့အ
သေခံတယ်။ တချို့ကလည်း အသတ်ခံရဲတိုင်း သူရဲကောင်းလားဆိုတဲ့မေးခွန်း မျိုးမေးကြတယ်။
ငါမြင်တာကတော့ ကိုယ့်အသက်ထက် ဘာမျှတန်ဘိုးမရှိဘူး။
အသက်ရှင်နေသမျှ ကာလပတ်လုံး ကိုယ်ရည်ရွယ်ထားတာမှန်သမျှကို ကြိုးစားအားထုတ်နိုင်တယ်။
ဒါပေမယ့်လို့ ကိုယ့်ထက်အများအကျိုးကို ပိုလုပ်နိုင်တဲ့ အရည်အချင်းပြည့်စုံသူ စွမ်းဆောင်နိုင်စွမ်းရှိသူ တ
ယောက်ယောက်အတွက်ဆိုလျင် အဲဒီလူအတွက် အဲဒီပုဂ္ဂိုလ်အတွက် အသက်ပေးလိုက်တာကိုတော့ သူရဲ
ကောင်းလို့ ခေါ်ထိုက်တယ်။
နတ်သျှင်နောင်ဟာ သူရဲကောင်း ဟုတ်မဟုတ်ဆိုတာကိုတော့ ငါလည်းမဆုံးဖြတ်တတ်ဘူး။ သစ္စာဖေါက်
လား ဘာလားလည်း ငါမပြောတတ်ဘူး။ ဘာကြောင့်လဲဆို လူဆိုတာ ကိုယ့်အကြောင်းနဲ့ကိုယ်လေကွာ။
မင်းဆုံးဖြတ်ချင်တယ် ဒါမှမဟုတ်လျင်လည်း အဲဒီအကြောင်းတွေကို သိချင်တယ်ဆိုလျင်တော့ အင်တာနက်
ပေါ်မှာ ရှာဘတ်ပေတော့။ မင်းမရှာတတ်လျင် ငါနည်းပေးလိုက်မယ်။
ပထမဆုံး google ကိုသွား။ မင်းသိချင်ဘတ်ချင်တဲ့ ဟာကို ဗမာစာနဲ့ ရိုက်ချလိုက်။ OK ပဲ။

ပြောလက်စနဲ့ ပြောရဦးမယ်။
ကရင်စာတွေကို Face book ပေါ်မှာရေးထားကြတာမင်းဘတ်ရလား။
စာရိုက်တာ လိုလို့လား။ မတတ်လို့လား။ ဟာကွာ အားလုံးပျက်ကုန်ပြီ။ ဘာကိုဆိုလိုမှန်းမသိနိုင်အောင်ကို
ကရင်လိုရေးကြတာ။
ကရင်စာနဲ့ပတ်သက်ပြီး zwekabin font နဲ့အခြား Karen font တွေရေးလို့မရတာကို ဒီအတိုင်းထိုင်ကြည့်
နေနိုင်ကြတဲ့ ပညာတတ်ကရင်တွေကိုတော့ ငါအံ့သြတယ်။
ကိုယ်တတ်ထားတဲ့ပညာကို ဝေမျှဘို့ လူတွေသိအောင်လုပ်ဘို့ မကြိုးစားကြတာပဲလား။
ဒါမှမဟုတ် သတိမထားကြတာပဲလားတော့ ငါလည်းမသိဘူး။
ငါ့ကျတော့ လူတွေကပြောတယ် မပြည့်တဲ့အိုး ဘောင်ပင်ခတ်တယ် တဲ့။ ပြောကြပါစေ။ ငါနားလည်သလို
နားလည်စေချင်တာငါ့စိတ်ဓါတ်ပဲ။ ငါ ကကြီး ဆိုတဲ့ စာလုံးကို ဘတ်တတ်လျင် တခြားလူတွေ ငါ့အိမ်နီးနား
ချင်းတွေကို ငါ့လိုတတ်စေချင်တယ်။

Face book ပေါ်မှာရေးတာ စောစောကပြောခဲ့တဲ့ font ပြဿနာကြောင့် မှားတာပါလို့ပြောမယ်ဆိုလျင် ထားပါ
တော့ အခုဟာက ရိုးရိုးလေးရိုက်လို့ရတဲ့နေရာမှာတောင်မှ မှားနေကြတာမျိုးကိုကျတော့ ဘယ်လိုပြောမလဲ။
အဲဒီလိုလူတွေကိုတော့ ငါက တတ်ယောင်ကား လို့ပဲပြောချင်တယ်။
အောက်က စာကြောင်းလေး မင်းဘတ်ကြည့် တတ်ယောင်ကား တွေလုပ်တဲ့အလုပ်။


သေသေချာချာ ကောင်းကောင်းလေး မျက်လုံးပြူးနေအောင် ဖြဲပြီးဘတ်ကြည့်။
စာလုံးကိုးလုံးမှာ ဘယ်နှလုံးမှားနေသလဲ။
ကိုယ့်စာပေကို အသေအချာလေ့လာသင်ကြားမှုမရှိပဲ ဖြစ်သလို ပေါက်တတ်ကရရေးတဲ့အပြင် ပြီးစလွယ်
လုပ်ချင်တဲ့ အင်မတန်အောက်တန်းကျပြီး သေးသိမ်တဲ့စိတ်ဓါတ်မျိုးရှိနေသမျှကာလပတ်လုံး ကရင်တွေတိုး
တက်မှာမဟုတ်ဘူး။
တချို့ကပြောတယ် ငါတို့ကရင်တွေမှာ ဝေါဟာရမကြွယ်ဘူး၊ ဒီတော့ စာရေးတဲ့အခါ အသုံးအနှုံးတွေက မလှ
ဘူး။ တချို့ကျတော့ ငါတို့ ကရင်လိုရေးလည်း ဘတ်တတ်တဲ့လူမှမရှိတာ၊ ရေးလည်းအပိုပါပဲ ဆိုတာမျိုးတွေ။
ကရင်တွေ မတိုးတက်နိုင်ပါဘူးကွာ၊ ဒီကောင်တွေက စာဘတ်အားမှမရှိတာ။
ကရင်စာမပြောနဲ့ ဘာစာကိုမှဘတ်ကြတာမဟုတ်ဘူး ဆိုပြီး ပြောဆိုသံတွေကို ကြားရပြန်တယ်။
အရေးအကြီးဆုံးက ကရင်စာပေ။ ကရင်စာပေမခိုင်လျင် ကရင်စကားမငြိမ်ဘူး။ စာပေခိုင်ဘို့ အရေးကြီး
တယ်။ စာပေခိုင်ဘို့ဆိုတာ ငါ့အမြင်က စာများများရေးကြရမယ်။

ဥပမာကွာ ရုပ်ရှင်ဆိုပါစို့။ အဲဒီမှာသရုပ်ဆောင်တွေ ပြောကြဆိုကြတာကို ကရင်လိုရေးပြ။ သီချင်းဆိုတဲ့
ခွေတွေဆိုလျင် ကရင်လိုရေးပြ။ အင်္ဂလိပ်သီချင်းပဲဖြစ်ဖြစ်၊ တရုတ်သီချင်းပဲဖြစ်ဖြစ်၊ ဗမာသီချင်းပဲဖြစ်ဖြစ်။
ရုပ်ရှင်ဆိုလည်း ရုပ်ရှင်ပေါ့။
ပြောသာပြောရတာ အပြောလွယ်သလောက် လုပ်ရကိုင်ရတာမလွယ်ဘူး။ ငါမြင်တာကတော့ တကယ်လုပ်
ချင်တဲ့စိတ်ရှိလျင် ဖြစ်နိုင်တယ်။ အချိန်တော့ပေးရမှာပေါ့။ စာအုပ်ထုတ်ဘို့၊ သီချင်းခွေထုတ်ဘို့၊ ရုပ်ရှင်ခွေ
ထုတ်ဘို့ဆိုတာ လွယ်တာမှမဟုတ်ပဲ။
ငွေကြေး၊ အချိန်၊ လူ၊ ဉာဏစွမ်းအား၊ စက်ပစ္စည်း၊ နည်းပညာ၊ အတွေ့အကြုံ၊ ပြောမယ်ဆိုလျင် အများကြီး
ပေါ့ကွာ။ အဓိကအကျဆုံးက စိတ်ဓါတ်ပဲ။

ငါ့ကိုလည်း လူတချို့က ဖူ့တာမိက် ဆိုတဲ့ခေါင်းစဉ်တတ်ထားပါရဲ့နဲ့ ကရင်စာပေနဲ့ပတ်သက်လို့ ဘာမျှမရေးပါ
လား ဆိုပြီးပြောဘူးတယ်။ ငါလည်း တတ်သလောက် မှတ်သလောက် ရသလောက်ရေးတာပါပဲ။
စောစောကပြောခဲ့သလို font အခက်အခဲကြောင့် စာရေးရတာသိပ်ပြီးတော့ အားမရှိလှဘူး။
ကိုယ့်စက်ထဲမှာ ဘတ်လို့ရပေမယ့် တခြားစက်မှာအဆင်မပြေတော့ သဲထဲရေသွန်သလို ဖြစ်နေတယ်။
မင်းမှာရှိတဲ့ အဆက်အသွယ်နဲ့ ကရင်ပညာတတ်ပဲဖြစ်ဖြစ်  လူမျိုးခြားပညာတတ်ပဲဖြစ်ဖြစ် စက်တိုင်းမှာ က
ရင်စာကိုဘတ်လို့ ရေးလို့ရတဲ့အထိ လုပ်ပေးဘို့ပြောကွာ။
ပြောရဦးမယ်၊ ကရင်ဘာသာနဲ့ နံပါတ်တွေကို ရေးလို့ရအောင် ဘတ်လို့ရအောင်လည်း လုပ်ပေးပါလို့ပြော
ကွာ။ ဘာဖြစ်လို့လဲဆိုတော့ ကရင်ဖေါင့်အတော်များများမှာ ကရင်နံပါတ်တွေရှိပေမယ့် ရေးလို့ရပေမယ့် On
line မှာ အဆင်မပြေဘူးသူငယ်ချင်း။

ကရင်ဝေါဟာရတချို့ကို ငါဘတ်မိသလောက် အောက်မှာ Scan လုပ်ပြီးတင်ပေးလိုက်တယ်။
မှားတာတွေ့လျင် ပြင်ပေးဘို့လည်း ငါတောင်းပန်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကရင်စာပေခိုင်ဘို့ ကရင်တိုင်းမှာတာဝန်ရှိတယ်။
အရေးကြီးတဲ့နောက်တချက်က ကရင်တွေ ကရင်စာကိုလေးစားတန်ဘိုးထားကြပြီး ကျကျနနတတ်ဘို့လို
တယ်။ တိတိကျကျ ရေးတတ်(ရိုက်တတ်) ဘို့လည်းလိုတယ်။
မင်းကတော့ ကရင်စာကို တတ်ပြီးသား နားလည်ပြီးသားပေမယ့် ပြန်ပြီးမျှဝေတာမျိုး ဖလှယ်တာမျိုး မရှိတာ
မျိုးကျတော့ မကောင်းပါဘူးကွာ။
တကယ်ဆို မင်းရဲ့ကရင်စာပေအပေါ် အမြင်သဘောထားတွေကို တင်ပြသင့်တာပေါ့။




ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Photo from  http://www.simon-vlog.com/2014/02/blog-post_6801.html#.VNfdES6C_De