• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, February 2, 2015

အချမ်းပြေလေးလား အမုန်းဆွဲမှာလား

ထမနဲထိုးနေဟန်
Photo by Phu Young Hat

အချမ်းပြေလေးလား အမုန်းဆွဲမှာလား

February 02, 2015
Monday

By မင်းစိုးစံ

သူငယ်ချင်းရေ မင်းကိုမမျှော်လင့်ပဲ ဘုန်းကြီးကျောင်းက ထမနဲထိုးပွဲမှာတွေ့လိုက်ရလို့ အံသြ၀မ်းသာဖြစ်မိ
တာ အမှန်ပဲ။
မင်းရောက်လာလိမ့်မယ်လို့ ငါလုံးဝထင်မထားဘူးလေ။ အားကောင်းမောင်းသန်လူငယ်တွေကြားမှာ ပျော်
တပြုံးပြုံးနဲ့ထမနဲကိုအားပါးတရထိုးနေလိုက်တာများ ငါတော့ လက်ဖျားခါတယ်ဟေ့။ မင်းနဲ့တွေ့ချင်ဆုံချင် လို့
ဖုံးနဲ့ခဏခဏအချိန်းအချက်လုပ်တာ တခါမှမဆုံဖြစ်ခဲ့ဘူး။ အခုလိုဗြုံးကနဲတွေ့လိုက်ရတော့ ၀မ်းမသာပဲနေပါ့
မလားကွာ။ ဟုတ်တယ်မဟုတ်လား။

ဈာန်ရပြီးကောင်းကင်ကြွနိုင်တဲ့ လူတယောက်ယောက်ကိုတွေ့လိုက်ရလို့ ဘုန်းကြီးကျောင်းကို မင်းရောက်
လာတာတော့ ဟုတ်လိမ့်မယ်မထင်ဘူး။ ပြီးတော့ ကရင်လိုရွတ်ဆိုထားတဲ့ ဓမ္မစင်္ကြာတရားကို နာရလို့ ဘုန်း
ကြီးကျောင်းကိုရောက်တာများလား ဆိုပြန်တော့၊ အဲဒါလည်း သိပ်မသေခြာဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ဘုန်းကြီးကျောင်းကို မင်းရောက်လာတယ်ဆိုတာနဲ့တင် ငါ့အနေနဲ့ဝမ်းသာပြီးသားပါ။

 Source photo from http://www.hotnewsweekly.com/node/4031

မင်းကိုပြောရဦးမယ် ကျည်ဆံခွံတွေနဲ့ထုထားတဲ့ ဆင်းတုတဆူကို အစဉ်အဆက်တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ်တွေအတွက် လှူမယ်ဆိုတဲ့သတင်း မင်းကြားပြီးပြီလား။ ငြိမ်းချမ်းရေးအတွက် ရန်ကုန်ကနေ လိုင်
ဇာအထိ လမ်းလျှောက်ခဲ့တုန်းက ကောက်ထားတဲ့ကျည်ဆံခွံတွေကို အရည်ကျိုပြီး သွန်းထားတဲ့ ဆင်းတုတဲ့
ကွ။ ရန်ကုန်- လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက်တဲ့အထဲပါခဲ့တဲ့ ဦးဝင်းချိုက ပြောတာ။
မနောဝိမုတ္တိရသ လို့ ဘွဲ့ပေးထားတယ်ဆိုပဲ။ ဆင်းတုတော်ကိုမြင်လျင် ဒီဆင်းတုတော်ဟာဖြင့် ကျည်ဆံခွံနဲ့
သွန်းလောင်းထားတာပါလား ဆိုတာကိုသိလျင် ကျေနပ်ပြီ လို့ ပြောတယ်တဲ့။

မနောဝိမုတ္တိရသ ဆိုတာပါဠိလိုရေးထားတာ၊ မနောဆိုတာ စိတ်။ ၀ိမုတ္တိဆိုတာ လွတ်မြောက်ခြင်း။ ရသဆို
တာ အရသာ။ ဒီတော့ ဒီဆင်းတုတော်ကို ဖူးမျှော်လိုက်တယ်ဆိုလျင် တက်လာတဲ့ ဘယ်လိုစစ်ဦးစီးချုပ်မျိုးပဲ
ဖြစ်ဖြစ် စိတ်အေးချမ်းမှုရပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့ လှူတာဖြစ်နိုင်သလို၊ ငြိမ်းချမ်းမှုကို နားလည်သဘော
ပေါက်ပါစေသား ဆိုတဲ့ရည်ရွယ်ချက်နဲ့ လှူတဲ့စေတနာမျိုး ဖြစ်နိုင်တာမို့ အင်မတန်မွန်မြတ်တဲ့အလှူဖြစ်တဲ့အ
တွက် သာဓု အကြိမ်ကြိမ်ခေါ်လိုက်မိတယ်သူငယ်ချင်း။
သို့ပါသော်လည်း တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ် ဆိုတဲ့စာလုံးကိုနည်းနည်းလောက်အဓိပ္ပါယ် ဖေါ်
ကြည့်ရအောင်။

ဗမာစာရိုးရိုးလေးကို အဓိပ္ပါယ်ဖေါ်မယ်ဆိုတော့ ငါ့ကို ရူးနေတယ်လို့ထင်သွားလား။
ဘာကြောင့်လဲဆိုတော့ မြို့ပြနဲ့ဝေးလံခေါင်သီပြီး ဗမာစကားကိုတောင် ပီပီသသမပြောနိုင်ရုံမက ဗမာစာကို
တောင် သတ်ပုံမှန်မှန်မရေးတတ်တဲ့ ခပ်နုံနုံကရင်တယောက်က ဗမာစာနဲ့ရေးထားတဲ့ တပ်မတော်ကာကွယ်
ရေး စစ်ဦးစီးချုပ် ဆိုတဲ့ဗမာစာကို အဓိပ္ပါယ်ဖေါ်မယ်ပြောလို့လေ။
ငါဟာ ကရင်စစ်စစ်တယောက်ပါ၊ ငါ့အမေဘက်ကရော ငါ့အဖေဘက်ကပါ အဘိုးအဘွားတွေအားလုံးဟာ
ရေမရောတဲ့ တောသားကရင်ကြီးတွေ။
ဆိုတော့ ငါဗမာလိုမပီတာမဆန်းသလို ဗမာစာမတတ်တာလည်း သဘာဝကျပါတယ်။
ကရင်ပီပီ ရိုးရိုးအေးအေးနေချင်တဲ့ဗီဇရှိတဲ့အတွက်လည်း ကိုယ့်နဲ့မဆိုင်တာဆိုလျင် ဘာမျှဝင်မရှုတ်ချင်ဘူး။
ဗမာစာသင်ထားတာကလည်း သေစာရှင်စာဘတ်တတ်ရုံလေးဆိုတော့ နာမ၀ိသေသ၊ ကြိယာဝိသေသ၊
နာမ်၊ နာမ်စား၊ ကံ၊ ကတ္တား၊ တိုတိုပြောမယ်ဆိုလျင် ဗမာသဒ္ဒါကိုလည်း နားမလည်ဘူး။ အဲဒီလိုကရင်ပါ။

ဘာကြောင့် မင်းကိုအခုလိုရှင်းပြနေရသလဲဆိုတော့ ငါရေးတဲ့အခုအကြောင်းအရာတွေက ငါ့စိတ်ထဲကဖြစ်
လာတဲ့အတိုင်း မြင်တဲ့အတိုင်းရေးတာဆိုတော့ အချက်အလက်တွေကို ထောက်ပြတဲ့အခါ တိကျခိုင်မာမှုမ
ရှိပဲ လျော့တိလျော့ရဲနဲ့ စိတ်ပျက်စရာတွေ တွေ့ရဘတ်ရမှာမို့လို့ပါ။

ဥပမာပေါ့ကွာ။ အသင်းအဖွဲ့တခုခုကို ရေးကြတဲ့အခါ လူမှုကယ်ဆယ်ရေး အဖွဲ့။ ဆွမ်းလောင်း အဖွဲ့။ ပညာ
ရေးရံပုံငွေ အဖွဲ့။ ဥပဒါယိကာ အဖွဲ့။ ဆိုပြီးရေးကြတယ်။
အဖွဲ့ ကယ်ဆယ်ရေး။ အဖွဲ့ ဆွမ်းလောင်း။ အဖွဲ့ ပညာရေးရံပုံငွေ။ အဖွဲ့ ဥပဒါယိကာ။ ဆိုပြီး အဖွဲ့ကိုရှေ့မှာ
ထားပြီး ရေးတာမျိုး မတွေ့ရဘူး။
တောင်တက် အသင်း။ သာရေးနာရေး အသင်း။ ငွေစုငွေချေး အသင်း။ ဘောလုံး အသင်း။ ဘော်လီဘော အသင်း။ ကျန်စစ်သား အသင်း။ အလောင်းဘုရား အသင်း။ ဘုရင့်နောင် အသင်း။ ဗန္ဓုလ အသင်း။
ရဲ တပ်ဖွဲ့။ မီးသတ် တပ်ဖွဲ့။ ကြက်ခြေနီ တပ်ဖွဲ့။ ဆေးတပ်။ ထောက်ပံ့နဲ့ထောက်ပို့တပ်။
စသည်ဖြင့်ပေါ့ကွာ။
အသင်း။ အဖွဲ့။ တပ် စတာတွေကို ရှေ့မှာထားရေးတာမျိုးကိုတော့ ငါမတွေ့ဘူးတာအမှန်ပါ။ ငါ့ရဲ့လေ့လာမှု
အားနည်းတာဖြစ်နိုင်သလို၊ မြို့ကြီးပြကြီးနဲ့ အဆက်အသွယ်မရှိတဲ့အတွက် ဗဟုသုတ ခေါင်းပါးတာမျိုးလည်း
ဖြစ်နိုင်ပါတယ်။  
တပ်မတော်ကာကွယ်ရေးဆိုတော့ ဒီရာထူးကိုယူတဲ့ စစ်ဦးစီးချုပ်ဆိုတဲ့လူတိုင်း(ပုဂ္ဂိုလ်တိုင်း)ဟာ တပ်မတော်
ကို ကာကွယ်ဘို့သက်သက် ဖြစ်နေတယ်။ တပ်မတော်ကို မဖြစ်မနေကာကွယ်ကို ကာကွယ်ပါမှ အဲဒီရာထူး
ကိုရမှာ။ မကာကွယ်တဲ့လူ(ပုဂ္ဂိုလ်)ဆိုလျင် အကျင့်စာရိတ္တပိုင်းမှာ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ၊ အတွေးအခေါ် အမျှော်အမြင် ဘယ်လောက်ပဲ တော်နေတော်နေ၊ ဒီနေရာ(ရာထူး)ကို လုံးဝမရနိုင်ဘူး။ စာလုံးမှာကိုက တပ်မတော်ကာကွယ်ရေး လို့အတိအကျရေးထားတာကိုး။
တကယ်လို့များ ကာကွယ်ရေးတပ်မတော် လို့ရေးလျင် စစ်တပ်ထဲက ပြည်သူကိုချစ်မြတ်နိုးပြီး အရည်အချင်း
ပြည့်မှီတဲ့ ဘယ်လိုစစ်သားမျိုးမဆို စစ်ဦးစီးချုပ် ဆိုတဲ့ရာထူးကို ယူနိုင်တယ်။ ယူခွင့်ရှိတယ်။ လို့ ကောက်ချက်
ချမှာ စိုးလို့များလား။ ငါပြောခဲ့ပြီးပြီနော်။
ငါဟာ ကရင်။ ဗမာလို မပီဘူး။ ဗမာစာ မတတ်ဘူး။ သဒ္ဒါအကြောင်း မသိဘူး။
ငါသိတာကတော့ အာဏာကိုသေတဲ့အထိ ဖက်တွယ်တတ်တဲ့လူ(ပုဂ္ဂိုလ်)တိုင်း သူတို့နှလုံးသားနဲ့ အသိတ
ရားထဲမှာ အာဏာကိုလက်လွှတ်ဆုံးရှူံး မခံရရေးပဲ။
အဲဒီတော့ ဒီခေါင်းစဉ်အောက်က စစ်ဦးစီးချုပ်နေရာယူထားတဲ့လူတွေ(ပုဂ္ဂိုလ်)မှာ ဦးဏှောက်ဆေး ခံထား
ရပြီးသားလူတွေ။ အင်္ဂလိပ်လို တလုံးလောက်ရေးကြည့်မယ် (Brain wash ) ခံရပြီးသားလူတွေချည်းပဲ။

ဒီနေရာမှာ ငါတို့တိုင်းပြည်ကို နယ်ချဲ့အင်္ဂလိပ်တွေဝင်လာခဲ့တုန်းက ငါတို့ကို ဘာနဲ့တိုက်သလဲ။ အမြောက်ကြီးတွေနဲ့ တိုက်တယ်။ အမြောက်ကို ဘယ်ကရတယ်ထင်တုန်း။ ဘုရားစေတီပေါ်က ခေါင်းလောင်းတွေကို အရည်ကျိုပြီး အမြောက်လုပ်တာလေကွာ။

သမိုင်းမှာသင်ခဲ့တဲ့ ငဇင်္ကာ ဆိုတာမင်းမှတ်မိမှာပေါ့။ အေးအဲဒီပုဂ္ဂိုလ်ကြီးကို ငါက ပေါ်တီဂီလူမျိုးလို့ထင်နေ
တာ။ ဒီလူက ကပြားကွ ကပြား။
သူ့ကို ပေါ်တူဂီသမိုင်းစာအုပ်မှာ ဇွင်ကါကူ လို့ခေါ်သလို ဖိလစ်ဒီဗရစ်တို (Filipe de Brito e Nicote)လို့လည်း
ခေါ်တယ်။
သူ့အမေက ရခိုင်လူမျိုး။ သူ့အဖေက ပေါ်တူဂီ။ သူ့အဘိုးက ရခိုင်ဘုရင် မင်းပါကြီး။ သူ့အဖေနာမည်က ဒေ
လီဗဇာ။ သူ့အမေရဲ့နာမည်က ပဲသီဒါ။
ငဇင်္ကာကို မြန်မာသက္ကရာဇ် ၈၉၃ခုနှစ်မှာမွေးတယ်။ သူဘယ်လိုသေရသလဲ သိလား။
ဗမာသက္ကရာဇ် ၉၈၁ခုနှစ်(ရခိုင်ရာဇ၀င် ၉၆၈ခုနှစ်)မှာ သံတကျင်လျှိုပြီးအသတ်ခံရတယ်။ သူ့ဘော်ဒါ တောင်ငူဘုရင် နတ်သျှင်နောင်နဲ့ အတူအသတ်ခံရတာ။

ဆောင်းပါးတခုထဲမှာတော့ ငဇွင်ကာကူ နဲ့ ဖိလစ်ဒီဗရစ်တို ဆိုတာ မတူဘူးဆိုပြီးရေးတာဘတ်ရတယ်။ တချို့ရာဇဝင်ဆရာတွေဟာ ဂိုဝါ ကနေ ပဲကူး(ပဲခိုး)ကို သက္ကရာဇ် ၉၆၈ခုနှစ်မှာ သင်္ဘော ၁၂-စင်းနဲ့ ရောက်
လာတဲ့ ဇွင်ကာကူ ကို ဂိုဝါ ကနေ ရခိုင်ကို သက္ကရာဇ် ၉၃၂-ခုနှစ်မှာ သင်္ဘော ၁၂-စင်းနဲ့ပဲ ရောက်လာခဲ့ဘူး
တဲ့ ဒီဘရစ်တိုး နဲ့ ရှုပ်ထွေးမှားယွင်းသွားပုံရတယ်လို့ ရေးထားတာဘတ်ရတယ်။

ငါပြောပြချင်တာက ငဇင်္ကာအကြောင်းမဟုတ်ပါဘူး။ အာဏာကိုအရူးအမူးဖြစ်ကြတဲ့သူတိုင်းဟာ ဘုရား
လည်း မသိနိုင်တော့သလို တရားလည်း မရှိနိုင်တော့ပါဘူး။
သူတို့အာဏာမြဲဘို့ဆိုလျင် ဘာကိုမျှအလေးထားတတ်ကြတာ မဟုတ်ဘူး။
သူတို့နားလည်လက်ခံထားတာက အာဏာကို လက်မလွှတ်ရဘို့အရေးက အဓိက။
ကျန်တာတွေက ထမင်းစားကောင်းရုံလေး၊ အရက်သောက်ကောင်းရုံလေး၊ လူအမြင်ကောင်းရုံလေး လုပ်ပြ
ဘို့လောက်ပဲ သဘောထားကြတာ။

မင်းကတော့ပြောမှာပေါ့ ဘုရားဆင်းတုတော်တဆူလေးများ ဘယ်လိုလုပ်ပြီး အမြောက်လုပ်လို့ရမလဲ။
နှစ်ပေါင်းရာပေါင်းများစွာက ကိစ္စနဲ့လာပြီးချိန်ထိုးနေတာ။ ယုတ္တိမတန်ပါဘူး ဆိုပြီးလေ။
ခေတ်စနစ်သစ်မှာ အတွေးအမြင်သစ်လေးနဲ့ မင်းတွေးကြည့်လိုက်။
ကျည်ဆံခွံနဲ့သွန်းလုပ်ထားတဲ့ ဆင်းတုတော်။
ဘယ်လောက်ကောင်းတဲ့စိတ်ကူးလဲ။
ငြိမ်းချမ်းရေးအတွက်ရည်ရွယ်ပြီး လမ်းလျှောက်ကြရင်း တွေ့တဲ့ကျည်ခွံတွေကို ကောက်ရာကနေ ဖြစ်ထွန်း
ပေါ်ပေါက်လာတဲ့ အင်မတန်ကဗျာဆန်တဲ့စိတ်ကူးနဲ့ ဆောက်တည်သွန်းလုပ်ထားတဲ့ ဆင်းတုတော်။
အဲဒီဆင်းတုတော်ကို တနေ့နေ့တချိန်ချိန်မှာ အာဏာရှင်တွေကငွေရှင်ကြေးရှင်တွေနဲ့ ပေါင်းပြီး ဈေးပြိုင်စနစ်
နဲ့ရောင်းဘို့ ဖြစ်လာခဲ့မယ်ဆိုလျင်။
တစုံတရာရလာတဲ့ ငွေကြေးတွေကလည်း အခြေခံလူထုအတွက် မဟုတ်ခဲ့ဘူးဆိုလျင်။
ငဇင်ကာ က ခေါင်းလောင်းတွေကို အရည်ကျိုပြီး အမြောက်လုပ်တာကမှ တော်ပါသေးရဲ့လို့ ပြောရမှာပဲ။

မင်းကို နည်းနည်းသတိပေးလိုက်ဦးမယ်။ မင်းထမနဲထိုးနေတဲ့နေရာဟာ ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ် ဆိုတဲ့ နေရာတခုနော်။
ရိုးရိုး သွားနေကျလာနေကျနေရာ မဟုတ်ဘူး။ သူလိုငါလိုလူတွေနေတဲ့ နေရာဒေသမဟုတ်ဘူး။ အချမ်းပြေ
သဘောမျိုးနဲ့ လုပ်တယ်ဆိုလျင်ပဲ အတော်လေးကို လွန်လှပြီ။
ဗမာစကားပုံရှိတယ် သိသာသိစေမမြင်စေနဲ့ ဆိုတာ။ အခုဟာက စက္ကူထုပ်က ပေါက်ပြဲလို့၊ လူတယောက် တုတ်ကောက်နဲ့လမ်းလျှောက်နေတဲ့ ပုလင်းတွေက ထမနဲထိုးဘို့ ပစ္စည်းတွေထားတဲ့စားပွဲခုံပေါ်မှာ တုံးလုံး ပက်လက်တချို့၊ ခုံအောက်မြေကြီးပေါ်မှာ ဗလာကျဉ်းနေတဲ့ပုလင်းခွံတွေက ဘေးစောင်းအနေအထားနဲ့တချို့။
ပြီးတော့ မင်းပေးတဲ့ညာသံက လိုတာထက်ပိုပြီးကျယ်နေတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်က စာတွေကိုဘတ်ပြီးတော့ ပြန်ရေးတာဖြစ်ပါတယ်။

http://www.hotnewsweekly.com/node/4031

http://www.poemscorner.com/professional-authors/nat-shin-naung/895