• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, February 17, 2015

နယ်စပ်တိုက်ပွဲကြောင့် တရုတ်ပြည်တွင်းသို့ မြန်မာပြည်သူအများအပြားဝင်ရောက်


မြန်မာနယ်စပ်ပြည်သူအများအပြား

တိုက်ပွဲကြောင့်တရုတ်ပြည်တွင်းသို့ဝင်ရောက်

ကယ်ဆယ်ရေးလုပ်ငန်းများ တရုတ်ဆောင်ရွက်နေ

 2015-02-17

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ၁၆ရက်နေ့အထိ တချို့နေရာများ၌ တိုက်ပွဲများဆက်လက် ဖြစ်ပွားနေသည်။
လွန်ခဲ့သည့်၃၊၄ရက်အတွင်း စစ်ဘေးရှောင် မြန်မာနယ်စပ်ပြည်သူအများ အပြားသည် တရုတ်ပြည်တွင်းသို့
ဝင်ရောက်ခဲ့သည်ဟု တရုတ်ဂလိုဘယ်တိုင်းမ်စ်သတင်းစာမှ သတင်းအရ သိရသည်။

တရုတ်ယူနန်ပြည်နယ်နမ်ဆန်းမြို့တွင် ထောက်ပံ့ကူညီရေးလုပ်ငန်းကို ဆောင်ရွက်နေသော တရုတ်ဆင်းရဲ
မွဲတေမှုပပျောက်ရေးရန်ပုံငွေအဖွဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သော လျိုကျိဟွာသည်
၁၆ရက်နေ့က ဂလိုဘယ်တိုင်းမ်စ်သတင်း ထောက်နှင့်တွေ့ဆုံရာတွင် ယူနန်ပြည်နယ်ကျင့်ခန်ခရိုင် နမ်ဆန်း
မြို့သည် မြန်မာနိုင်ငံ ရန်လုံကြိုက်နှင့်ဆက်နေပြီး ညဘက်တွင် မြန်မာပြည်တွင်းက သေနတ်ပစ်ခတ်သံများ
ကို ကြားနိုင်သည့်အပြင် ရန်လုံကြိုက်တွင် မြန်မာပြည်မှမော်တော်ကားများကိုလည်း မြင်တွေ့နိုင်သည်ဟု
ပြောကြားသည်။

ဖေဖေါ်ဝါရီ၁၀ရက်နေ့ကစပြီး မြန်မာနိုင်ငံမြောက်ပိုင်းတွင်တိုက်ပွဲများထပ်မံဖြစ်ပွားသာကြောင့် မြန်မာနယ်
စပ် ပြည်သူအများအပြားသည် ဘေးကင်းရာသို့တိမ်းရှောင်ရန် ယူနန်ပြည်နယ်တွင်းသို့ ဝင်ရောက်ရောက်
လာခဲ့ကြသည်။
တရုတ်ဆင်းရဲမွဲတေမှု ပပျောက်ရေးရန်ပုံငွေအဖွဲ့မှ ဝန်ထမ်းများက ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရန်
၁၂ရက်နေ့ညနေပိုင်းက ယူနန်နယ်စပ်သို့ ရောက်ရှိခဲ့သည်။
ယူနန်ပြည်နယ်တွင် ဆွေမျိုးသားချင်းရှိသောနယ်စပ် ပြည်သူအတော်များများသည် ဆွေမျိုးသားချင်းများရှိရာကို
သွားကြကြောင်း၊ စီးပွားရေး အခြေအနေအနည်းငယ်ကောင်းသူများကမူ ဟိုတယ်တွင်တည်းခို သို့မဟုတ် အိမ်ခန်းငှါးနေထိုင်ကြကြောင်း၊ သွားစရာမရှိသောနယ်စပ်ပြည်သူကမူ ယာယီစခန်းတွင် နေထိုင်ကြကြောင်း
သိရသည်။

လျိုကျိဟွာက လက်ရှိအချိန်တွင် နမ်ဆန်းမြို့တွင် နယ်စပ်ပြည်သူအခြေချစခန်းစုစု ပေါင်း၃ခုရှိပြီး တစ်ခုမှာ ခ
ရိုင်စက်မှုဇုန်တွင်ရှိကာ နယ်စပ်ပြည်သူတစ်သောင်းနီးပါးဝင် ရောက်နေထိုင်ကာ ကျန်နှစ်ခုမှာ မွန်ပွန်မြို့၊ မွန်
တွေရွာတို့၌ တည်ရှိကြောင်း၊ လက်ရှိအချိန်တွင် ကျင့်ခန်ခရိုင်လုံခြုံရေးအခြေအနေကောင်းမွန်ပြီး အစားအ
သောက်ဈေးနှုန်းတည်ငြိမ်သော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့်နေထိုင်စရိတ်မှာမူ တစ်ဆနီးပါးမြင့်တက်
လာကြောင်း၊ ၁၄ရက်နေ့က တရုတ်ဆင်းရဲမွဲတေမှု ပပျောက်ရေးရန်ပုံငွေအဖွဲ့မှ လှူဒါန်းသောရွက်ဖျဉ်တဲ အ
လုံး၁၀၀ကို မွန်ပွန်မြို့အခြေချစခန်းသို့ ပေးပို့ပြီဖြစ်ပြီး ၁၅ရက်နေ့တွင် ဝေပေးခဲ့ကြောင်းပြောကြားခဲ့ပါသည်။

Copy from http://myanmar.cri.cn/666/2015/02/17/1s35588.htm