• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, February 19, 2015

မှတ်တမ်းမမည်သော မှတ်ဘွယ်ရာ

 စိန့်ပေါမြို့က ကရင်ဒုံးအဖွဲ့တဖွဲ့
 မှတ်တမ်းမမည်သော မှတ်ဘွယ်ရာ

February 18, 2015
Thursday

By မင်းစိုးစံ

သူငယ်ချင်းရေ......။
ဗမာစစ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ဖွဲ့ ကတိက၀တ်လက်မှတ်ထိုးတာမင်းကြားပြီးရောပေါ့။
မင်းဘယ်လိုမြင်လဲ ငါမြင်တာကတော့ လက်နက်ကိုင်အဖွဲ့ ၂ဖွဲ့လို့ပဲမြင်တယ်။
ရှမ်းလက်နက်ကိုင်အဖွဲ့နဲ့ ကရင်အဖွဲ့။
ကရင်အဖွဲ့မှာ နာမည်တွေသာကွဲနေတာ ဗမာစစ်အစိုးရက အားလုံးကို တဖွဲ့ထဲလို့သဘောထားနေတာ။
အဲဒါကို ကရင်တွေသိပြီးသားလို့ ငါထင်တယ်။ မသိလျင်လည်း မတတ်နိုင်ဘူး။
ကရင်အဖွဲ့ကို KNU, DKBA, KNU/KNLA-PC, BGF ဆိုပြီး ခွဲထားတဲ့သဘောက ပိုပြီးကွဲအောင်၊ ပြန်ပြီးမစု စည်းနိုင်အောင်၊ မပေါင်းနိုင်အောင် ကြိုတင်ပြင်ဆင်ထားတာ။ အဲဒါကို သဘောကျနေသမျှ ကရင်တွေအ
တွက် မစားသာဘူး။

KNU/KNLA-PC အဖွဲ့ဝင် ၇ယောက်လား၊ ၈ယောက်လားမသိဘူး အသတ်ခံရတုန်းက ဒေါက်တာတီးမသီ နဲ့ DVB (ဒီမိုကရက်တစ်မြန်မာ့အသံ) ဆက်သွယ်မေးမြန်းခန်းတခုမှာ ဗမာစစ်တပ်က ဘာပြောလိုက်လဲသိ
လား ကရင်တွေအားလုံး အတူတူပဲ အကုန်သတ်ပစ် ဆိုပြီးပြောသွားတဲ့အကြောင်း ဒေါက်တာတီးမသီ ပြော
ခဲ့တာ။
အဲဒါ မှတ်ထား။ မမေ့နဲ့။ မေ့လျင် ဒါမှမဟုတ် ပြီးပြီးရောလို့ သဘောထားလျင် ဆုံးရှူံးရမှာတွေက တန်ဘိုးမ
သေးဘူး။
ဗိုလ်ချုပ်မောင်လှ မြပတိုင်စခန်းမှာ ဘာပြောသွားခဲ့လဲ။ မင်းမှတ်မိမှာပေါ့ တနေ့မှာ မင်းတို့ကရင်တွေကို မြင်
ချင်လျင်  ပြတိုက်ထဲ သွားကြည့်စေရမယ် ဆိုတာလေ။
အဲဒါ သမိုင်း။ ပြီးပြီးရောဆိုပြီး သဘောထားလို့မရသလို၊ လက်စားချေဘို့အတွက် တေးထားဘို့မဟုတ်ဘူး။
အခုလို ငြိမ်းချမ်းရေးတို့ အပစ်အခတ်ရပ်စဲရေးတို့ လုပ်နေတဲ့အချိန်မျိုးမှာ အဲဒီသမိုင်းကြောင်းကို သင်ခန်းစာ
ယူတတ်ဘို့၊ သတိပြုမိဘို့ လိုအပ်တယ်။
ဗမာစကားပုံရှိတယ် အခုရှုတ်မှ နောင်ရှင်း ဆိုတာ။
စာရေးဆရာမတယောက်ရေးထားတာ ဘတ်ဘူးတယ်။
ကိုယ့်သမိုင်းကိုယ်ရေး လက်ရေးတော့ လှပါစေ။
ကိုယ့်သမိုင်းကိုယ်ရေး သူများလည်း ဘတ်လို့ရပါစေ။ တဲ့.......။

သမိုင်းဆိုတာ အတိတ်ကအကြောင်းအရာတွေကို မှတ်သားထားတာကို ခေါ်တယ်လို့ ငါထင်တယ်။ တိတိ
ကျကျတော့မသိဘူး။
အတိတ်က ဖြစ်ခဲ့သမျှ အကောင်းအဆိုး၊ အောင်မြင်မှုဆုံးရှုံးမှု၊ အငိုအပြုံး၊ အလွမ်းအသော၊ အကြမ်းအနု၊ အ
ချစ်အမုန်း၊ ဆုံဆည်းခြင်း ခွဲခွါခြင်း အဲဒါတွေအားလုံးကို သမိုင်းလို့ခေါ်မလား။
ဘယ်လိုပြောရမှန်း မသိပေမယ့် လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ဒုံးအဖွဲ့လေးတဖွဲ့ စိန့်ပေါမြို့ ကရင်အမျိုးသားနှစ်
သစ်ကူးနေ့မှာ ကခဲ့ဘူးတယ်။
ဒီကနေ့ အဲဒီကလေးတွေအားလုံး အရွယ်ရောက်ကုန်ကြပြီ။
တချို့ အိမ်ထောင်သည်တွေဖြစ်ကုန်ကြသလို၊ တချို့ကျတော့ တက္ကသိုလ်တွေမှာ ပညာဆက်လက်သင်ကြား
နေကြတုန်းလို့ ထင်တာပဲ။ သူတို့တတွေ ဒုံးကကြတုန်းက အငယ်ဆုံးကလေးက ပထမတန်းလေ။
ငါထင်တယ်၊ အဲဒီဒုံးအဖွဲ့ဟာ ပထမဦးဆုံး စိန့်ပေါမြို့ ကရင်နှစ်သစ်ကူးနေ့မှာ ကခဲ့တဲ့ဒုံးဖြစ်ရမယ်။

အမရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ပထမဦးဆုံး ကတဲ့ဒုံးလည်း ဖြစ်နိုင်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းမှတ်တမ်းလေးတခုအနေနဲ့တော့ သိမ်းထားဖြစ်မယ်ထင်တာပဲ။
ကလေးတွေအားလုံး သီဆိုတီးမှုတ်သူတွေအားလုံး ကူညီပံ့ပိုးပေးသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။
ပြီးတော့ ကျေးဇူးတင်ထိုက်သူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။

Part 1


Part 2


part 3


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)