• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, March 15, 2015

အလင်းပြန်စွမ်းအားကိုကာကွယ်နိုင်တဲ့ ညနေခင်းလက်ဖက်ရည် ၄-မျိုး



အလင်းပြန်စွမ်းအားကိုကာကွယ်နိုင်တဲ့

ညနေခင်းလက်ဖက်ရည် ၄-မျိုး

2012-09-20

Green Tea

Green Tea မှာ Tea Poly phenol အများကြီးပါလို့၊ အလင်းပြန်စွမ်းအားကို ထိထိ ရောက်ရောက်ကာကွယ်
နိုင်ပြီး၊ ညနေခင်းလက်ဖက်ရည်သောက်ချိန်မှာ အသောက်သင့်ဆုံး လက်ဖက်ရည်တစ်မျိုးဖြစ်တယ်။
ညနေခင်းမှာ Green Tea နဲ့အတူ၊ ချယ်ရီ- ခရမ်းချဉ်သီး ၄-၅လုံးကိုပါ စားနိုင်မယ်ဆိုရင်၊ ပိုမိုထိရောက်စွာ
ကာကွယ်နိုင်ပါတယ်။

Blueberry Tea

Blueberry ဟာ သစ်သီးဝလံထဲမှာ antioxidantစွမ်းအားအများဆုံးပါတဲ့ သစ်သီးတစ်မျိုးဖြစ်ပြီး၊ ကျန်းမာရေး
အတွက် တော်တော်ကောင်းပါတယ်။
ရေနွေးထဲမှာ Blueberry သီး ၃-၄ လုံးကို ထည့်ပြီးပြီဆိုရင်၊ လတ်ဆတ်တဲ့ Blueberry Tea တစ်ခွက်
သောက်ဖို့၊ အဆင်သင့်ဖြစ်နေပြီလေ။
အာလူးချောင်းကြော်နဲ့ အတူတူစားလိုက်မယ်ဆိုရင်၊ ပိုလိုက်ဖက်ပါတယ်။

Black tea

Black tea ဟာ မိန်းကလေးတွေအကြိုက်ဆုံး လက်ဖက်ရည်တစ်မျိုးဖြစ်သလို၊ အလင်းပြန်စွမ်းအားကိုလည်း
ကောင်းကောင်းကာကွယ်နိုင်ပါတယ်။
ညနေခင်းမှာနွားနို့တည့်ထားတဲ့ Black tea တစ်ခွက်နဲ့ cheese sandwich တစ်ခုကို စားမယ်ဆိုရင်၊အလွန်
စားမြိန်ပြီးလိုက်လည်းလိုက်ဖက်ပါတယ်။

Rose tea

Rose tea ဟာ ရိုမန်တစ်ဆန်လှတဲ့ လက်ဖက်ရည်တစ်မျိုးဖြစ်တယ်လို့ ပြောမယ်ဆိုရင်၊ မလွန်လောက်ပါ
ဘူးနော်။
Rose tea ဟာ antioxidant စွမ်းအားကောင်းရုံသာမက၊ အမျိုးသမီးတွေအတွက် အသားအရည်ကိုလည်း
စိုပြေလှပစေပါတယ်။

Copy from http://myanmar.cri.cn/696/2012/09/20/1s21890.htm