• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 13, 2015

အဖက်ကြမ်းလှချည့်လား ဗမာစစ်အစိုးရရယ်


အဖက်ကြမ်းလှချည့်လား ဗမာစစ်အစိုးရရယ်

March 13, 2015
Friday
By မင်းစိုးစံ


သူငယ်ချင်း မင်းငါ့ကိုပြောတယ်။ ငါရေးတဲ့စာတိုင်းလိုလိုမှာ ဗမာစစ်အစိုးရ၊ ဗမာစစ်အစိုးရ ဆိုတဲ့စကားလုံးမ
ပါတာ မရှိသလောက်ဖြစ်နေတဲ့အတွက် တော်တော်အမြင်ကျဉ်းတဲ့ အရေးအသားပဲ၊ စစ်အစိုးရယန္တယားထဲ
မှာ တခြားတိုင်းရင်းသားတွေလည်း ရှိနေတာပဲ။
ဗမာစစ်အစိုးရဆိုတာကြီးးကို သုံးထားတာ တော်တော်ဆိုးပြီးအလွန်အမင်းကို အောက်တန်းစားဆန်တဲ့ အ
တွေးအခေါ်မျိုး ဆိုတာလေ။

ငါရှင်းပြမယ်၊ မကြာတော့သောအချိန်ကာလတခုမှာ ဒီမိုကရေစီစနစ်ကြောင့် အစိုးရသစ်တရပ် မလွဲမသွေ
ပေါ်လာမယ်။
အဲဒီစနစ်ကြောင့် တိုင်းရင်းသားတွေလည်း သမ္မတရာထူးကို လုပ်ချင်ချင်မလုပ်ချင်ချင် လုပ်လာရလိမ့်မယ်။
အဲဒီတော့ ဒီမိုကရေစီစနစ်အနည်မထိုင်သေးခင်ကာလမျိုးမှာ အခုလိုပဲ ဒီမိုကရေစီအစိုးရယောင်ယောင် စစ်
အစိုးရဆိုတာ ဆက်ရှိနေမယ်။
အဲဒီအခါမျိုးမှာ ကရင်စစ်အစိုးရ၊ ချင်းစစ်အစိုးရ၊ ကချင်စစ်အစိုးရ၊ သျှမ်းစစ်အစိုးရ၊ ရခိုင်စစ်အစိုးရ စတဲ့တိုင်း
ရင်းသားစစ်အစိုးရဆိုတာလည်းရှိလာမှာပဲ။
ဒါကြောင့်မို့ အခုအုပ်ချုပ်နေတဲ့ ဗမာအစိုးရကို ဗမာစစ်အစိုးရလို့သုံးထားတာပါ။
အမျှော်အမြင်ကြီးကြီးမားမားနဲ့ ဆိုပါတော့ကွာ။

အေး အဲဒီလိုအခေါ်မခံရအောင် နောက်တက်လာမယ့် တိုင်းပြည်အုပ်ချုပ်မင်းလုပ်မယ့် တိုင်းရင်းသားအစိုးရ
တွေအနေနဲ့ အခုကတည်းက စစ်အာဏာရှင်ဆန်တဲ့ဘယ်လိုအကြံအစည်မျိုး ဘယ်လိုလုပ်ရပ်မျိုးကိုမဆို မ
ကြံစည်မိအောင် မလုပ်မိအောင် အလေးအနက်ထားပြီး ကြိုတင်ပြင်ဆင်ပြုပြင်ထားနိုင်ဘို့ သတိပေးချင်တာ
ကြောင့်ပါ။
အဲဒီအချိန်ကျလျင် ဘယ်တိုင်းရင်းသားပဲအစိုးရဖြစ်လာဖြစ်လာ ဗမာစစ်အစိုးရနည်းအတိုင်း တိုင်းပြည်အုပ်
ချုပ် မင်းလုပ်မယ်ဆိုလျင်တော့ဖြင့် ငါလည်းအသက်ရှင်နေဦးမယ်ဆိုလျင် ကရင်ဆိုလည်း ကရင်စစ်အစိုးရလို့
ငါရေး မှာဖြစ်သလို၊ မွန်ဆိုလျင်လည်း မွန်စစ်အစိုးရလို့ ငါရေးမှာပဲ။
သျှမ်း၊ကချင် အားလုံးကို စစ်အစိုးရလို့ရေးမှာပဲ။
ပထမဆုံး ကုန်းဘောင်ခေတ်နှောင်းပိုင်း စာဆိုဦးပုညနဲ့ ခေတ်ပြိုင်ထင်ရှားခဲ့ပြီး မန္တလေးမြို့ရိုး တောင်ဘက်
ကျုံးထိပ် အချုပ်တန်းလို့ခေါ်တဲ့ မြင်းကုန်းနှီးတန်းမှာနေထိုင်ခဲ့တဲ့ အချုပ်တန်းဆရာဖေရဲ့ တေးထပ်လေးတပုဒ်
ကို မင်း ဘတ်ကြည့်လိုက်ပါ။
ပြီးမှ ငါရေးတာတွေ ဆက်ဘတ်ချင်ဘတ်၊ မဘတ်ချင်နေ။ ဟုတ်ပြီနော်။

ဗမာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက်ဖြစ်ပြီ
မှီးငြမ်းထောက်အသစ်မှီသည် ညစ်ပလီလူမျိုး
မိပစ်လို့ဖရှောင်သွေတယ် ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး။

ဗမာချင်းတော့ကြွားကြချင်
ဓပြပင်သူခိုး
ကုလားမြင် သူ့အမေရိုးတော့မလိုပ
ခုမြေရှိုးပုန်းရှောင် မိုက်မနော်ပြုမဟေးတို့က
သူ့ပထွေးတော့ ခွေးသို့မဟောင်
ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်
ဆာသင်တောင်ဒူးချလို့
ပလူးရပြေးကျို့ကာ ခွေးသို့ပမာ
တွေးမိတိုင်းအရိုးနာသည် အမျိုးပါဆဲချင်တော့လေး။
(အချုပ်တန်း ဆရာဖေ) 
ဗမာ ဆိုတဲ့ စာသားနေရာမှာ ကရင် ဆိုတဲ့စာသားနဲ့ထည့်ပြီးဆိုကြည့်လိုက်စမ်း။
မင်းအနေနဲ့ ဘယ်လိုနေမလဲမသိဘူး၊ ငါတော့ ဆိုရတာတော်တော်အရသာတွေ့တယ်ကွာ။

မင်းကြားပြီးရောပေါ့။ ကျောင်းသားတွေကို ဗမာစစ်အစိုးရ ရဲတပ်ဖွဲ့တွေ အကြမ်းဖက်တာ။ ရုပ်ရှင်မင်းသားနေတိုး ဘာပြောတယ်မှတ်တုန်း
၂၀၁၅ ထဲမှာ ပြည်သူတွေက ငါတို့တော့တစ်ခုခုပြောင်းလဲပြီဆိုတဲ့ အိပ်မက်လေးတစ်ခုရှိတယ်။
တကယ်တမ်း ၂၀၁၅ ကို ရောက်လာတဲ့အခါ ကိုယ်တွေဖြစ်ချင်သလိုမျိုး မဟုတ်ဘူး။
ပြောင်းလဲမှုတွေမှာ အောက်ခြေကစပြီး ပြောင်းလဲဖို့လိုပါတယ်။
အခြေခံကျတဲ့ လူတန်းစား ပြောင်းလဲမှသာလျှင် ပြောင်းလဲမှုဆိုတာကို ပီပီပြင်ပြင် ပြောင်းလဲတာလို့မြင်နိုင်
မှာပါ။
ခုလိုမျိုး တစ်ဝက်တစ်ပျက် ပြောင်းလဲတာကြီးကို ပြောင်းလဲတာလို့မခေါ်ဘူး။
ဒါသည် အရှင်းဆုံးပြောရရင် နည်းနည်း လူလည်ကျတယ်လို့ မြင်တယ်ဗျာ။ တဲ့။

လူငယ်လည်းဖြစ် ရုပ်ရှင်မင်းသားလည်းဖြစ်တဲ့ ပုဂ္ဂိုလ်တောင်မှ ဒီလိုအမြင်မျိုးမြင်လာတဲ့နောက် ဗမာစစ်အစိုး
ရ သက်တမ်းတလျှောက်လုံး အသက်ရှင်လာခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေဆို ဘယ်လောက်အထိမြင်မလဲဆိုတာ
မင်းသာ စဉ်းစားကြည့်ပေတော့။
ဒီအစိုးရဆိုတဲ့လူတွေဟာ နည်းနည်းလူလည်ကျတာမဟုတ်ပါဘူး။
တလျှောက်လုံးလူပါးဝလာတဲ့ လူမိုက်ကြီးတွေပါ။
သူတို့မိုက်ပြစ် သူတို့ခံရမယ် ဆိုတာမှန်ပေမယ့် သူတို့အုပ်စုမိုက်တွင်းနက်မှုကြောင့် တိုင်းသူပြည်သားတွေ
ဆင်းရဲတွင်းနက်နေကြတာနဲ့အတူ မျက်ရည်တွေ သွေးတွေ အသက်တွေ ဘ၀တွေ ဆုံရှူံးပျက်ဆီးနေကြရ
တာနဲ့က တန်မှမတန်တာကွာ။

ဗမာစစ်အစိုးရ လူမိုက်အုပ်စု ဘယ်လောက်အထိမိုက်တွင်းနက်နေသလဲဆိုတာ အနီးဆုံး လက်ရှိအကြွေး
ယူတဲ့ကိစ္စနဲ့ပတ်သက်တဲ့ သတင်းတခုကို ငါရေးပြမယ်။
ပုဂ္ဂလိက ချေးတဲ့ငွေကို ဗမာစစ်အစိုးရက ကြားကနေပြီးအာမခံပေးလိုက်တယ်။
အဲဒီငွေတွေဆုံးရှူံးသွားခဲ့လျင် တိုင်းသူပြည်သားတွေက လျှော်ရမှာ။
ချေးငွေခွင့်ပြုခဲ့တဲ့လွှတ်တော်အပေါ် ဝေဖန်ပြောကြားတာနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စန္ဒာမင်းက သမ္မတကြီးကိုသာ အပြစ်တင်လိုက် တဲ့။
“လွှတ်တော်ကြီးကိုအပြစ်မတင်သင့်ဘဲ သမ္မတကြီးကိုသာအပြစ်တင်လိုက် လို့သာပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီချေးငွေတွေကို နိုင်ငံတော်သမ္မတကြီးတရုတ်ပြည်သွားတုန်းက သန်း ၇၀၀ချေးဖို့သ
ဘောတူခဲ့လို့ပါ။
ပထမဦးဆုံးအကြိမ် သမ၀ါယမ၀န်ကြီးကလွှတ်တော်ကိုလာပြီး သန်း ၁၀၀ချေးဖို့ပြောပါတယ်။
လွှတ်တော်က ပြင်းပြင်းထန်ထန် အကုန်လုံးကမဲပေးပြီးကန့်ကွက်ခဲ့ပါတယ်။
မဲပေးတာနှစ်ခါတောင်ပြန်လုပ်ရတာမရှိပေမယ့် မဲအနိုင်ရရှိဖို့ နောက်တစ်ကြိမ်အားလပ်ချိန်ပေးပြီးတော့ ပြန်
စဉ်းစားပြီး မဲကိုနိုင်အောင်ပြန်လုပ်ခဲ့ရတာ လွှတ်တော်မှာရာဇ၀င်ရှိခဲ့ပါတယ်”

ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ စည်းမျဉ်းစည်းကမ်းတွေ မူတွေ ဘောင်တွေ အဲဒါတွေငါနားမလည်ဘူး။
သတင်းဘတ်ပြီး ငါနားလည်လိုက်တာက ဗမာစစ်အစိုးရဆိုတာ လူမိုက်တွေ။
တိုင်းသူပြည်သားတွေရဲ့ မျက်နှာကိုနည်းနည်းလေးမှ ငဲ့ကွက်ဘို့မစဉ်းစားပဲ တမင်သက်သက်ကို မိုက်ပြနေ
ကြတာ။
ဒေါ်စန္ဒာမင်းက သမ္မတကြီးကိုသာ အပြစ်တင်လိုက် ဆိုတော့၊ အဲဒီအကြွေးကို သမ္မတကြီးက ဆပ်မှာမို့
လား။
အဲဒါဘာလဲဆိုတော့ စစ်အာဏာရှင်တွေဟာ အာဏာကိုအလွဲသုံးစားလုပ်မှ အာဏာမြဲမယ်လို့ ခိုင်ခိုင်မာမာ
ယုံကြည်ပြီး ခေါက်ရိုးကျိုးနေလို့ဆိုတဲ့ လက်ဆင့်ကမ်းကျင့်သုံးလာခဲ့ကြတဲ့ နည်းဗျူဟာအများကြီးထဲက နည်း
ဗျူဟာတခုပဲကွ။

ချမ်းသာတဲ့တိုင်းပြည်ကနေ ဆင်းရဲတဲ့တိုင်းပြည်ဖြစ်သွားအောင် လူမိုက်တွေလုပ်လိုက်တာနဲ့ပတ်သက်ပြီး
မင်းကတော့ ပြောမှာပေါ့ ဒီလူတွေ တိုင်းပြည်အုပ်ချုပ်တာ မကြွမ်းကျင်လို့ ဖြစ်ရတာ လို့လေ။
အဲဒါ မင်းမှားသွားပြီသူငယ်ချင်း။
တိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာ ကြွမ်းကျင်လို့သာ နှစ်ပေါင်း ၅၀ကျော်တဲ့အထိ အာဏာမြဲနေတာပေါ့ကွ။
တခုရှိတာက ကောင်းတဲ့ဘက်မှာ နည်းနည်းလေးမှမကြွမ်းကျင်ပဲ ဆိုးတဲ့ဘက်မှာ အင်မတန်ကြွမ်းကျင်တဲ့အ
တွက် တဘက်ကမ်းခတ် ကြွမ်းကျင်တဲ့အတွက် အခုလို တိုင်းပြည်တခုလုံး စုတ်ပြတ်သွားရတာ။

နိုင်ငံတကာကလည်း နံမည်စုံတပ်ပြီး အကူအညီတွေပေးခဲ့သလို ပေးနေပေမယ့်လို့ ဘာမျှဖြစ်မလာဘူးလေ။
ဘာနဲ့တူသလဲသိလား။
လမ်းဘေးက နှစ်ပေါင်းများစွာ သွက်သွက်ချာအောင်ရူးနေတဲ့ အရူးကို ရောဂါပျောက်အောင်မကုပဲ ဆပ်ပြာ
ဆိုက်ပြီး ရေမိုးချိုးပေးတဲ့လူက ချိုးပေး၊ ဆီဆိုက်ပြီး ဆံထုံးထုံးပေးတဲ့လူက ထုံးပေး၊ ပန်းဝယ်ပြီး ပန်ပေးတဲ့လူ
က ပန်ပေး၊ သနပ်ခါးတုံးကို အကျအနသွေးပြီး လိမ်းပေးတဲ့လူက လိမ်းပေး၊ အဲဒီလိုတွေလုပ်ပေးနေတဲ့ လူ
တွေလိုပဲ။
အရူးဆိုမှတော့ သန့်ရှင်းစင်ကြယ်မှုကို နားမလည်ဘူး၊ ဆံထုံးရဲ့တန်ဘိုးကိုလည်း မသိဘူး၊ ပန်းရဲ့အလှကို
လည်း မခံစားတတ်ဘူး၊ သနပ်ခါးလိမ်းကျံခြင်းကြောင့် လှလှပပဖြစ်လာပါလားဆိုတာလည်း မတွေးတတ်
ဘူး။
ခဏလေးပဲခံတယ်၊ ပြန်ပြီးညစ်ပတ်ပေရေ ရှုတ်ပွ နံဆော်လာတာပဲမဟုတ်လား။
ဒီနေ့ဖြစ်နေတဲ့ ဗမာစစ်အစိုးရ ရဲ့ဘ၀သရုပ်အမှန်ပဲ။
စစ်အာဏာရူးမျက်နှာကို ဒီမိုကရေစီမျက်နှာဖုံးစွပ်ထားတာ။

ဒီတော့ ဘယ်လိုလုပ်မလဲဆိုတဲ့မေးခွန်းက ရှိလာပြန်ရော။ နည်းလမ်းတွေကတော့အများကြီးပေါ့ကွာ။
အရေးအကြီးဆုံးအချက်က ရူးနေတာကို ပထမဆုံး မဖြစ်ဖြစ်တဲ့နည်းနဲ့ ပျောက်အောင်ကုပေးဘို့လိုတယ်။
တကယ်သတိလည်လာပြီ လူစိတ်ဝင်လာပြီ ပြန်မရူးနိုင်တော့ဘူးဆိုမှ စောစောတုန်းကပြောတဲ့ အကူအညီ
တွေ ပေးကြတာပေါ့ကွာ။ ပိုမကောင်းဘူးလား။
သူငယ်ချင်းရေ ဆရာတော်ဦးဉာဏိဿရ ဟောထားတဲ့ တရားလေးနားထောင်ကြည့်ကွာ။
ငါ့ကိုအခုလို ဝေဘန်တဲ့အတွက် မင်းကိုကျေးဇူးတင်ပါတယ်။
ဆက်ပြီး ငါ့ကို ထောက်ပြပါ။ အကြံပေးပါ။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

သတင်းအချက်အလက်အပြည့်အစုံကို ဘတ်ရှုလိုပါလျှင်-

ဒေါ်စန္ဒာမင်း http://www.hotnewsweekly.com/node/4197
ရုပ်ရှင်သရုပ်ဆောင် နေတိုး http://www.trend.com.mm/2015/03/10/yollywood-6000
အချုပ်တန်း ဆရာဖေ http://linstarmm.blogspot.com/2008/09/blog-post_9484.html