• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, March 26, 2015

ပုရွက်ဆိတ် နှင့် နှံကောင် ပညာရေးစနစ်

Source photo from
http://www.google.com/images

ပုရွက်ဆိတ် နှင့် နှံကောင် ပညာရေးစနစ်

March 26, 2015
Thursday

By မင်းစိုးစံ

သူငယ်ချင်းရေ။
၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ စတင် ရုံတင်ပြသမယ့် ဒါရိုက်တာ Zack Snyder ရိုက်တဲ့“Batman Vs
Superman: Dawn of Justice” ဆိုတဲ့ ဇာတ်လမ်းမှာ Wonder Woman အဖြစ် ပါဝင်သရုပ်ဆောင်မယ့်
အစ္စရေး သရုပ်ဆောင်မလေး Gal Gadotကို ပရိတ်သတ်တွေက ရင်သားသေးငယ်တဲ့အတွက် Wonder
Woman ဇာတ်ကောင်နေရာနဲ့ မလိုက်ဘူးဆိုတာဝေဖန်တဲ့သတင်း မင်းကြားပြီးလား။
အေးကွာ ခုခေတ်မှာ ရင်သားခပ်ထွားထွားအမျိုးသမီးတွေကို ခုခေတ်အမျိုးသားတွေက တော်တော်စုံမက်ကြ
ပုံရ တယ်နော်။ ငါတို့ခေတ်တုန်းကတော့ တင်သားဖွံ့ဖွံ့ထွားထွားလုံမေတွေကို အစ်ကိုကာလသားတွေက
အင်မတန်သဘောကျကြတဲ့ပုံမျိုး နေမလားမသိဘူး။
ဝေဖန်ခံရတဲ့ အသက် ၂၉ နှစ်အရွယ် Gal Gadot က
“ကျွန်မကို မုန်းနေတဲ့သူတွေက ကျွန်မဟာ အရမ်းပိန်ပြီး ရင်သားတွေ သေးတယ်လို့ ပြောကြပါတယ်။
ခေါင်းအရမ်းကြီးနေပြီး ကိုယ်လုံးက တုတ်ချောင်းလောက်ပဲရှိတယ်လို့လည်း ပြောကြတယ်။
ဒါတွေဟာ အဓိပ္ပာယ်မရှိပါဘူး။
ကျွန်မ သရုပ်ဆောင်ရမယ့်အပိုင်းတွေကို ကျွန်မ နားလည်ပါတယ်” လို့ ပြန်ပြောတယ်တဲ့ကွ။

“Batman Vs Superman: Dawn of Justice” ဆိုတဲ့ ဇာတ်လမ်းမှာ Wonder Woman အဖြစ် ပါဝင်သရုပ်ဆောင်မယ့်အစ္စရေး သရုပ်ဆောင်မလေး Gal Gadot

ငါကတော့ အဲဒီမိန်းကလေးပြောတာ ထောက်ခံတယ်။
နံပါတ်တစ်အရေးကြီးတာက ကိုယ်ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်နေရာကို ပီပီပြင်ပြင် ပိုင်ပိုင်နိုင်
နိုင်သရုပ်ဆောင်နိုင်ဘို့ပဲ။
နံပါတ်နှစ်အရ ဉာဏ်ရည်ဉာဏ်သွေးကောင်းတဲ့ရင်သွေးတွေလိုချင်တယ်ဆိုလျင် ပေါင်ထွားထွား တင်ထွား
ထွားရှိတဲ့အမျိုးသမီးကို ရွေးယူပါတဲ့။ ရင်သားထွားထွားကြီးတွေကို ရွေးပါဆိုတာပြောမထားဘူး။ မင်းကတော့ ရင်သားထွားထွားကြီးတွေကို စိတ်ဝင်စားပုံရတယ်။ အေးအဲဒါကြောင့် American Society of Plastic Surgeons ရဲ့ထုတ်ပြန်ချက်တွေအရ အမျိုးသမီး ၂၉၀,၀၀၀ဟာ သူတို့ရင်သားတွေ ကြီးထွားလာ
အောင်ပြုပြင်ကြတယ်လို့ ပြောတယ်။
အတုနဲ့အစစ်ခွဲနိုင်တဲ့အချက် ၅ချက်ရှိတယ်လို့လည်းပြောသေးတယ်။
အဲဒါတွေက
၁။ ရင်သားတွေ တစ်ခုနဲ့တစ်ခု ကပ်လွန်းခြင်း။
၂။ အပေါ်တက်လွန်းခြင်း။
၃။ ဖရဲသီးနဲ့ အသွင်သဏ္ဍာန်တူခြင်း။
၎။ ချုပ်ရိုး၊ အမာရွတ်တွေ တွေ့နိုင်ခြင်း။
၅။ တစွက်စွက်မြည်သံကြားနိုင်ခြင်း။
အဲဒါမျိုးမြင်ရတယ်၊ ကြားရတယ်ဆိုလျင် အဲဒါ အတုနော်။
မျက်စိကလည်း မှုံ၊ နားကလည်း ထိုင်း ဆိုလျင်တော့ အဲဒါအနီးကပ်ကြည့်ပြီး၊ ကပ်ပြီးနားထောင်မှဖြစ်မယ်သူ
ငယ်ချင်း။ ငါတို့နေတဲ့နေရာက ရေကန်ပေါင်း ၁၀၀၀၀(တစ်သောင်း)ရှိတယ်။
အခုလာမယ့်နွေရာသီက အရမ်းပူမှာဆိုတော့ ရေကန်ထဲမှာ ရေစိမ်ချိုးကြမယ့် အဖြူတွေ အမဲတွေ အ၀ါတွေ
အနီတွေကို ကန်ဘောင်ဘေးမှာ နေကာမျက်မှန်တပ်ပြီး အတုလား အစစ်လား ဆိုတာခွဲပေတော့။
အနီးကပ်တော့ သွားမလုပ်နဲ့ဟေ့၊ ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ကုန်မယ်။ မင်းကိုအဲဒါတွေပြောနေတာက ပျော်စေပျက်စေ သဘောမျိုးပါ။

အဓိကငါပြောချင်တာက BBC, VOA, RFA, DVB စတဲ့သတင်းဌာနက အစီအစဉ်တွေထဲကမင်းဘာတွေနား
ထောင်ဖြစ်သလဲဆိုတာငါသိချင်တယ်။
ရုပ်မြင်သံကြားအစီအစဉ်တွေ အသံလွှင့်အစီအစဉ်တွေ အားလုံးပေါ့ကွာ။ ပညာပေးအစီအစဉ်တွေအများကြီးထဲက ပြည်ထောင်စု ဗမာနိုင်ငံ(ပြည်ထောင်စုမြမ္မာနိုင်ငံ) ပြုပြင်ပြောင်းလဲ
ရေးအတွက် ဦးတည်ရည်မှန်းပြီးထုတ်လွှင့်တဲ့ အစီအစဉ်အတော်များများ တွေ့ရမြင်ရကြားရတော့ အဲဒီဌာန
က ပုဂ္ဂိုလ်အားလုံးကိုအထူးတလည် ကျေးဇူးတင်မိတယ်ကွာ။

RFA မှာဆိုလျင် တနင်္ဂနွေစကားဝိုင်း၊ လမ်းဆုံက ဂျမ်းပုံ၊ စတဲ့အစီစဉ်ကို ငါသိပ်ကြိုက်သလို၊ BBC ကဆိုလျင်
လွတ်လပ်အတွေး ဆွေးနွေးဖလှယ်၊ လင်းလက်ကြယ်စင်၊ အလင်္ကာပုလဲပန်း။
VOA မှာကျတော့ မျက်မှောက်ရေးရာကဏ္ဍကနေ ဒီမိုကရေစီရေးရာ၊ သတင်းသုံးသပ်ချက်။
DVB မှာကျတော့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်၊ ပြောပြလျင် ဒေါပွကြမလား။ Talk to DVB။
အဲဒါတွေဟာ အင်မတန်ကောင်းပြီး လေ့ကျက်ကျင့်သုံးသင့်တဲ့ အကြောင်းအရာတွေချည်းပဲ။

RFA ကလွှင့်တဲ့တနင်္ဂနွေ စကားဝိုင်းရဲ့အစီအစဉ်တွေထဲမှာ
ရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာပြန်ဆည်နိုင်ဘို့ ဘယ်လိုလုပ်ကြမလဲ။
လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဘက်ဖြိုခွဲခဲ့တဲ့ ဆွေးနွေးချက်။
ရန်ကုန်မြို့တော်ခန်းမရှေ့က ဆန္ဒ ပြတဲ့လူတွေကို လူစုခွဲဘမ်းဆီးခဲ့တဲ့ဖြစ်ရပ်အပေါ်ဆွေးနွေးချက်။
ရွှေပြည်သာဆန္ဒပြအလုပ်သမားတွေအကြောင်း ဆွေးနွေးချက်။
အဲဒါတွေကိုကြည့်လိုက်လျင် ခပ်တုန်းတုန်းအတွေးသမားတွေက ဒါဟာ ငါတို့နဲ့လူထုကို ခွဲတာပဲ။
ငါတို့လုပ်နေတဲ့ တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်တာ။ တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် သွေးထိုးလှုံ့ဆော်တာ ဆိုပြီးမြင်လိမ့်မယ်။
အဲဒီလောက်ပဲမြင်မှာပေါ့ သင်ခဲ့ကြတဲ့ပညာတွေက အရမ်းအောက်တန်းကျနေတာကိုးကွ။

ဆိုကြပါစို့ကွာ။ ကားတိုက်မှုတခုဖြစ်တယ်။ လူတွေထိခိုက်ဒါဏ်ရာရတယ်။ ယာဉ်မောင်းကို ဥပဒေအရ တိ
တိကျ ကျအရေးယူဆောင်ရွက်မယ်။ ထိခိုက်ဒါဏ်ရာရတဲ့လူတွေကို တရားဥပဒေနဲ့အညီ လုပ်ပေးသင့်လုပ်
ပေးထိုက်တာတွေ လုပ်ပေးပြီး ထိုက်တန်တဲ့လျှော်ကြေးငွေ တနည်းအားဖြင့် အကျိုးခံစားခွင့်တွေပေးလိုက်ရုံ
နဲ့ ပြီးပြည့်စုံပြီလို့သတ်မှတ်ယုံကြည်နေတဲ့ ပညာရေးစနစ်မျိုးက ငါတို့တတွေသင်ကြားလာခဲ့ရတဲ့ ပညာရေး
အဆင့်မျိုး။
အမှန်တော့ အသေချာလေ့လာစူးစမ်းဘို့လိုတယ်ဆိုတဲ့ အတွေးခေါ်နဲ့ဆိုင်တဲ့အဆင့်ကို ပိတ်ထားတဲ့ပညာ
ရေးစနစ်ကို ငါတို့သင်ခဲ့ကြရတာ။
ကားတိုက်မှုဖြစ်တာ ဘာကြောင့်လဲ။
ယာဉ်မောင်းသူရဲ့အမှားတခုတည်း ဟုတ်ရဲ့လား။
ဆောက်ထားတဲ့လမ်းတွေ တံတားတွေရဲ့အရည်အသွေးကြောင့်လား။
ကားရဲ့စက်ပိုင်းဆိုင်ရာတွေမှာ ချို့ယွင်းတာမျိုးရှိနေလို့လား။
စည်းစနစ်မကျတဲ့ လမ်းဖြတ်ကူးသူကြောင့်လား။
အားလုံးကို အတိအကျလေ့လာစုံစမ်းပြီးတော့မှ သက်ဆိုင်ရာကဏ္ဍတိုင်းအတွက် ဆက်စပ်နေတဲ့အကြောင်း
အရာတွေအပြင် ဖြစ်နိုင်ခြေရှိတဲ့အရာမှန်သမျှ ဘယ်လိုပြုပြင်ပြောင်းလွဲရမလဲဆိုတာ ၀ိုင်းဝန်းအဖြေရှာတတ်
ပါမှ နောက်နောင် အဲဒီဖြစ်ရပ်မျိုး အမှုအခင်းမျိုးတွေ နည်းသွားနိုင်တာနဲ့အတူ ဆုံးရှုံးမှုတွေလျော့ပါးသွားမယ်။
အဲဒီလိုနည်းနဲ့ ဖြစ်လာတဲ့ပြဿနာတိုင်းကို အမှားအယွင်းအနည်းဆုံးနဲ့ မှန်မှန်ကန်ကန်တိတိကျကျဖြေရှင်းနိုင်ဘို့
အတွက်သာမက နောက်ထပ်ပြဿနာတွေမပေါ်လာနိုင်အောင်၊ ပေါ်လာလျင်လည်း ဘယ်ပုံဘယ်နည်းဆွေးနွေး
အဖြေရှာရမယ်ဆိုတာကို အဲဒီအသံလွှင့်ဌာနတွေက ပညာပေးနေတာ။

ဒါပေမယ့် ပြည်တွင်းမှာရှိနေကြတဲ့ အခြေခံပြည်သူလူထုတွေအနေနဲ့ တကယ်လက်တွေ့လေ့လာကျင့်သုံးနိုင်
ကြပါရဲ့လားဆိုတာ တွေးကြည့်မိတယ်။
စားဝတ်နေရေး ဆိုပေမယ့် ၀တ်ဘို့ကိုအသာထားလို့ နေဘို့ စားဘို့အတွက် အသားကုန်ရုန်းကန်နေရတာက
အများစုဆိုတော့ ငါ့အထင်ပြောရလျင် လက်တွေ့ကျင့်သုံးနိုင်မှာတော့ မဟုတ်သေးဘူး။

ဥပမာပြောပြရလျင် ဒီကနေ့ပြည်ထောင်စု ဗမာနိုင်ငံဆိုတဲ့ ငါတို့တိုင်းပြည်ဟာ စိုက်ပျိုးလို့အင်မတန်ကောင်း
တဲ့ လယ်ကွင်းထဲမှာ ကြီးမားတဲ့နှစ်ရှည်ခံအပင်ကြီးတွေ နေရာယူထားသလိုဖြစ်နေတယ်။
ဒီအပင်ကြီးတွေမရှိမှ ဒီလယ်မြေကို စိုက်လို့ပျိုးလို့ရမယ်ဆိုတာ သိသိကြီးနဲ့ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတဲ့
လယ်သမားဘ၀မျိုးရောက်နေရတာ ငါတို့တိုင်းသူပြည်သားတွေပဲ။
တကယ်ဆိုလျင် ဒီအပင်ကို အမြစ်ကနေတူးထုတ်မှ လယ်မြေပြန်ဖြစ်မှာ။

အခုတော့ ငါတို့တိုင်းသူပြည်သားတွေက ဆန္ဒပြတာလေးကိုပဲလုပ်နိုင်ကြတာဆိုတော့ သစ်ပင်ကြီးကိုအမြစ် ကနေမလှန်နိုင်ပဲ အကိုင်းအခက်လေးတွေကို ချိုင်သလိုဖြစ်နေတယ်။ အဲဒါတွေကို ကောင်းကောင်းသဘောပေါက်နားလည်ကြတဲ့ မျိုးဆက်သစ်လူငယ်တွေက အဓိကကျတဲ့ပညာ
ရေးစနစ်ကိုပြောင်းလွဲပစ်ဘို့လုပ်နေကြတာ။
မင်းလိုငါလိုအတွေးအခေါ်နိမ့်တဲ့ ဗမာစစ်အစိုးရက နည်းမျိုးစုံသုံးပြီး ဖြိုခွဲပစ်တယ်လေ။
အဲဒီလို နိမ့်ကျတဲ့အတွေးအခေါ်တွေကို မင်းရော ငါရော ဗမာစစ်ခေါင်းဆောင်တွေရော စာသင်ခန်းထဲကနေ သင်လာခဲ့ကြရတာလို့ပြောလျင် မင်းလက်ခံနိုင်ပါ့မလား။

ငါတို့သင်လာခဲ့တဲ့ မူလတန်းဖတ်စာအုပ်ထဲက
ပုရွက်ဆိတ်နှင့် နှံကောင်။
မြေခွေး နှင့် ငှက်ကျား။
တောဝက် နှင့်ခြင်္သေ့ ဆိုတဲ့ သင်ခန်းစာလေးတွေမင်းမှတ်မိမှာပေါ့။
အဲဒါတွေအားလုံးဟာ အပေါင်းလက္ခဏာမဆန်ပဲ အနှုတ်လက္ခဏာ သက်သက်ဖြစ်နေတာကို မင်းသတိ
ထားမိရဲ့လားမသိဘူး။
ပုရွက်ဆိတ်နဲ့နှံကောင်ဆိုလျင် ပုရွက်ဆိတ်က အစာရှာချိန်မှာ အစာမရှာပဲပေါ့ပေါ့နေ ပေါ့ပေါ့စားတဲ့နှံကောင်
ဆောင်းတွင်းမှာဒုက္ခရောက်တော့ ပုရွက်ဆိတ်တ နှံကောင်ကိုလူပျင်းလို့ပြောပြီး မကူညီတာ။
မြေခွေးက ငှက်ကျားကို ပန်းကန်ပြားနဲ့ကျွေးလို့ ငှက်ကျားက မြေခွေးကို ကရားရှည်နဲ့ ပြန်ကျွေးတာတွေ။
ပြီးတော့ တောဝက်နဲ့ ခြင်္သေ့ ရေလုသောက်ပြီး နှစ်ကောင်စလုံး သေပွဲဝင်ရတဲ့အကြောင်းတွေ မင်းပြန်စဉ်း
စားကြည့်။ အပြုသဘောဆောင်တဲ့ လေ့ကျင့်သင်ကြားမှုလား ဆိုတာ။
မင်းတို့ငါတို့ ဦးဏှောက်စပြီးဖွံ့ဖြိုးလာချိန်မှာ သင်ခဲ့ရတဲ့စာတွေဟာ တဦးနဲ့တဦး ရန်လိုမှု၊ ဂလဲ့စားခြေလိုမှု၊
ပြစ်တင်ရှုံ့ချမှု စတာတွေကိုသာ လေ့ကျင့်သင်ကြားခဲ့ရတာ ရင်းနှီးကျင်လည်ခဲ့ကြရတာဆိုတော့ အဲဒီအသိ
အဲဒီအတွေးတွေက အရိုးစွဲနေပြီ။ တော်တော်လေးကို နက်နက်ရှိုင်းရှိုင်းကိုဖြစ်နေတာ။

ဒါကြောင့် ပညာရေးစနစ်ကို ပြောင်းလဲရာမှာ အခြေခံကနေ စပြီးပြောင်းလဲပစ်နိုင်ပါမှ စောစောကပြောခဲ့တဲ့
လယ်ကွင်းထဲမှာပေါက်နေတဲ့ နှစ်ရှည်ခံသစ်ပင်ကြီးတွေကို အမြစ်ကနေမြေလှန်ပစ်နိုင်မှာလေကွာ။
အဲဒီလိုလုပ်သွားနိုင်တဲ့တနေ့ရောက်မှ နိုင်ငံရပ်ခြားအသံလွှင့်ဌာနကလွှင့်တဲ့ ပညာပေးအစီအစဉ်တွေကိုနား
ထောင်ပြီး လက်တွေ့ကျင့်သုံးနိုင်ဘို့ အသင့်ဖြစ်မှာ။
အဲဒီလိုတွေနားထောင်လေ့လာပြီး စစ်အာဏာရှင်အစိုးရစနစ်ကို ဘယ်လိုဘယ်ပုံ ကိုင်တွယ်ဖြေရှင်းရမလဲ
ဆိုတာ သိနိုင်မှာပေါ့။

ကျောင်းသားတယောက်ပြောသွားတာ ကြားမိပါတယ်။
ကျနော်တို့ကို ရဲတွေရိုက်နှက်တာဟာ ကျနော်တို့ကိုရိုက် တယ်လို့မမှတ်ပါဘူး။
နောင်အနာဂါတ်မျိုးဆက်သစ်တွေရဲ့ ရှင်သန်တိုးတက်ကြီးပွါးရေးကို ရိုက်ချိုးဖျက်ဆီးပစ်တာ ဖြစ်ပါတယ် တဲ့။
သူများနိုင်ငံတွေတိုးတက်တယ်ဆိုတာ ပညာရေးမြင့်မားလို့ဆိုတာ အားလုံးအသိ။
ကလေးတွေကို ဘယ်လိုသင်ကြားပေးသလဲဆိုတာ ငါတို့ငယ်ငယ်တုန်းကသင်ခဲ့ဘူးတဲ့ ပုရွက်ဆိတ် နှင့် နှံ
ကောင် ဆိုတဲ့ဇာတ်လမ်းလေးနဲ့အလားသဏ္ဍန်တူတဲ့ ဇာတ်လမ်းလေးတခုကို ငါတင်ပေးလိုက်ပါတယ်။
ငါတို့တတွေသာ (ဗမာစစ်အစိုးရအပါအ၀င်) ဟိုးငယ်ငယ်လေးထဲက အဲဒီဇာတ်လမ်းလေးအတိုင်း သင်ခဲ့ရ
မယ်ဆိုလျင်ပေါ့လေ၊ ငါတို့တိုင်းပြည်ကြီး ဒီလောက်ကြာတဲ့အထိ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှာမ
ဟုတ်သလို အခုလိုဆင်းရဲတဲ့တိုင်းပြည်ဖြစ်လာမှာမဟုတ်တဲ့ အပြင် အကွဲကွဲအပြဲပြဲတွေကြုံကြရမှာမဟုတ်
ဘူးလို့ ထင်တာပဲ။
အောက်က ရုပ်သံဖိုင်လေးကြည့်ပြီး မင်းရဲ့ထင်မြင်ချက်လေး ငါ့ကိုပြန်ပြောပြပါ။
မေ့နေလို့ဟေ့ ဟိုတနေ့က ငါပြတဲ့ဓါတ်ပုံနဲ့ ငါလမ်းလျှောက်တဲ့ကိစ္စ မင်းပြောထားတာတွေကို နောက်နေ့ကျ
လျင် ငါပြန်ရှင်းပြပါ့မယ်။
အခုလို မင်းရဲ့သဘောထားတွေကို သိရတဲ့အတွက် တကယ်ကျေးဇူးတင်တယ်ကွာ


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Batman Vs Superman: Dawn of Justice အပြည့်အစုံဘတ်ရှုရန်
http://www.trend.com.mm/2015/03/25/hollywood-6167