• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, March 23, 2015

ဘယ်သူတရားမဲ့မဲ့ ကိုယ်မမဲ့နဲ့



ဘယ်သူတရားမဲ့မဲ့ ကိုယ်မမဲ့နဲ့

March 23, 2015
Monday

By မင်းစိုးစံ

သူငယ်ချင်းရေ မင်းကြားပြီးပြီလား နယူးယောက်မြို့၊ ဘရွတ်ကလင်း Brooklyn မြို့နယ်မှာ မတ် ၂၁ရက်နေ့
က ၂ထပ်အိမ်တလုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေး ၇ဦး ဆုံးရတဲ့သတင်းလေ။
မီးလောင်မှုကြိုတင်သတိပေးစက် အိမ်မှာတပ်ထားတာမတွေ့ရဘူးဆိုတဲ့အကြောင်း မီးသတ်တပ်ဖွဲ့မှူးကပြော
တယ်ဆိုတော့ မီးလောင်ရင်သတိပေးတဲ့စက်ကို အိမ်တိုင်းမှာတပ်ထားကြတာချည်းပဲမဟုတ်လား။
ဆေးလိပ်မီးခိုးလေးထွက်လျင်တောင် အဲဒီအကောင်က ထအော်တာ။
ဆီပူအိုးက အခိုးထွက်လည်းအော်တာပဲ။
ဟင်းအိုးတူးလည်း ထအော်တာပဲ။

ငါတို့အိမ်ကျတော့ ငါးပိရည်ကျိုတဲ့အခါ၊ ငရုပ်သီးလှော်တဲ့အခါ၊ ငါးပိကြော်တဲ့အခါတွေမှာ ဒီကောင်က ငယ်
သံပါအောင်အော်တာဆိုတော့ သူ့ကိုပလပ်စတစ်အိပ်နဲ့လုံအောင်ပိတ်ထားပြီးမှ ကြိုက်သလိုကြော် ကြိုက်သ
လိုလှော်တယ်။
အသံက နားမခံနိုင်ဘူး။ စူးစူးရှရှနဲ့ တော်တော်ကိုကျယ်တာ။
အဲဒီသတိပေးစက်ကို မီးဖိုဆောင်တခုတည်းမဟုတ်ပဲ အိပ်ခန်း၊ ရေချိုးခန်း၊ ဧည့်ခန်း၊ မြေအောက်ခန်း၊ Car
garage စတဲ့နေရာတွေမှာ တပ်ထားကြတာ။
အဲဒီသတိပေးစက် တပ်ထားခြင်းမရှိဘူးဆိုတာမှန်လျင်တော့ အိမ်ရှင်ရဲ့ကြီးမားတဲ့ချို့ယွင်းအားနည်းချက် တ
နည်းပြောမယ်ဆိုလျင် ခွင့်လွှတ်နိုင်စရာမရှိတဲ့ မှားယွင်းချွတ်ချော်မှုတရပ်ဖြစ်သွားပြီ။
အဲဒီအတွက် ပေးဆပ်လိုက်ရတာက တန်ဘိုးကြီးမားလိုက်တာကွာ။ လူ့အသက်ခုနစ် (၇)ချောင်း မဆုံးရှုံး
သင့်ပဲဆုံးရှုံးလိုက်ရတယ်။
လုံးဝမဖြစ်သင့် မဖြစ်ထိုက်တဲ့ ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်ပေါ့ကွာ။ မင်းအိမ်မှာရော ဘယ်လိုလဲ။
အဲဒီ lump တွေဖြုတ်ထားသလား၊ အမြီးကြော်လျင် ညှော်လို့ဆိုပြီး ဖြုတ်ထားလျင် ပြန်တပ်ပေတော့။
တော်ကြာအရက်ပုလင်းတွေ မီးထဲပါသွားပြီး အရက်မသောက်ရလို့ဂဏှာမငြိမ်ဖြစ်နေဦးမယ်။

မင်းကိုအဓိကပြောချင်တာက အဲဒါမဟုတ်ဘူး။
မမျိုးမျိုး (DVB Multimedia Group) တာဝန်ယူတင်ဆက်တဲ့ Debate အစီအစဉ်ထဲက အကြောင်းလေးတခု
အကြောင်း ပြောပြချင်လို့ပါ။
အဲဒီအစီအစဉ်မှာ အဓိကပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေကတော့
ဒေါ်သန္ဒီဦး (အရပ်ဖွဲ့လူ့အခွင့်အရေးများဖိုရမ် ပူးပေါင်းရေးကော်မီတီ)။
ဒေါက်တာညိုညို သင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်)။
ဦးကေဇော် (စာရေးဆရာ၊ ဆောင်းပါးရှင်)။
ဦးအောင်စိုးဦး (ဥပဒေပညာရှင်၊ တရားလွှတ်တော်ရှေ့နေ) တွေ။

လက်ရှိပဋိပက္ခဖြေရှင်းမှုတွေဟာ ဥပဒေနဲ့အညီဖြစ်ရဲ့လား ဆိုတာနဲ့ပတ်သက်ပြီး သဘောထားအမြင်တွေ
ဆွေးနွေးကြတာပါ။
အားလုံးသောပုဂ္ဂိုလ်တွေဟာ ပြည်သူလူထုအကျိုးကိုလိုလားကြပြီး ပြည်ထောင်စုဗမာနိုင်ငံကို ချစ်မြတ်နိုး
ကြတဲ့ ပုဂ္ဂိုလ်တွေဆိုတာ ပြောတဲ့စကား၊ မျက်နှာထား၊ လေယူလေသိမ်းကို ကြားရ မြင်ရတာနဲ့တင် အသေ အချာသိနိုင်တဲ့အတွက် သူတို့ကိုကြည်ညိုလေးစားသလို ကျေးဇူးလည်းအများကြီးတင်မိတယ်ကွာ။
ဒါကြောင့် ဗမာစကားပုံမှာ ပညာရဲရင့်ပွဲလည်တင့် ဆိုတာ ဒီဆွေးနွေးပွဲမျိုးဖြစ်မယ်ကွ သိလား။
ဘာကြောင့်လဲဆိုတော့ သူတို့တတွေပြောကြဆိုကြတာတွေအားလုံးဟာ ပညာရှိလူကြီးလူကောင်းတွေပီသ
လို့ပေါ့ သူငယ်ချင်းရာ။ ပညာလည်းရတယ် သူငယ်ချင်း။
မင်းကတော့ပြောမှာပေါ့၊ ဒါက Video edited ပြီးသားကိုတင်ထားလို့ပါကွာ လို့လေ။
ဟုတ်ပါတယ် ဒါပေသိ စကားလုံးတိုင်းကို တည်းဖြတ်ဘို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ၊ ငါ့လိုလူကိုသာ အဲဒီလို
လွတ်လပ်စွာသဘောထားကွဲလွဲခွင့်အစီအစဉ်ထဲ ၀င်ပြောခိုင်းလို့များကတော့ တည်းဖြတ်တဲ့အယ်ဒီတာခမျာ
သေချင်ဆော်များနံသွားမလား မသိဘူး။
တယောက်က ထောက်ပြတာကို တယောက်က စိတ်ရှည်ရှည်နဲ့ပြန်ချေပသလို၊ တယောက်နဲ့တယောက် အ
ပြန်အလှန်လေးစားမှုရှိရှိနဲ့ ဆွေးနွေးနေလိုက်ကြပုံများ ငါတော့ချီးကျူးတယ်ကွာ။

အဲဒီအထဲက ငါအကြိုက်ဆုံးဆွေးနွေးခန်းလေးကိုရေးပြရမယ်ဆိုလျင် မှူးသစ် (ကဗျာဆရာ)ရဲ့အမေးကို ဦး
အောင်စိုးဦး (ဥပဒေပညာရှင်၊ တရားလွှတ်တော်ရှေ့နေ) ဖြေသွားပုံလေးပဲ။

မှူးသစ် အခင်းဖြစ်တဲ့နေရာမှာ ကျနော်တို့လည်းရိုက်လို့ထွက်ပြေးရတယ်၊ မီဒီယာသမားအနေနဲ့။
ကျောင်းသားတွေကိုရိုက်တယ်။
ပစ္စည်းတွေကိုရိုက်တယ်။
ဆိုတော့ ဒါကကျနော်တို့အမြင်မှာ ဒါက လူမဆန်တဲ့အကြမ်းဖက်မှု။ ဒီတော့အဲဒီအကြမ်းဖက်မှုက တရားဥ
ပဒေနဲ့ညီတယ်ဆိုလို့ရှိလျင် ကျနော်တို့နိုင်ငံအတွက်အရမ်း စိုးရိမ်စရာရှိတယ်။
ဥပဒေအရ အကြမ်းဖက်ခွင့်ရှိနေပြီလားဆိုတာ ဒီအစိုးရကိုမေးခွန်းထုတ်ချင်ပါတယ်။
(လက်ခုပ်သံများ)

ဦးအောင်စိုးဦး အားလုံးသိရမယ့်ကိစ္စက နံပါတ်တစ်ကဘာလဲဆိုတော့ ဥပဒေနဲ့ဆန့်ကျင်သောအစုအဝေး
ပေါ့။ ဘတ်ပြမယ်လေ။
ဒီမှာနားထောင် မည်သည့်ရာဇ၀တ်တရားသူကြီး(သို့မဟုတ်)ရဲစခန်း စခန်းမှူးနဲ့ ဆန့်ကျင်တဲ့ အစုအဝေးတစုံ
တရာကို ငြိမ်းချမ်းရေးကိုနှောင့်ယှက်ဖျက်ဆီးရန် လူငါးဦးဖြစ်စေ၊ စုဝေးတဲ့အစုအဝေးကိုလူစုခွဲရန် အမိန့်ပေး
နိုင်တယ်။
ဒီလူငါးဦးကဘာလုပ်သလဲဆိုလျင် သူက အများပြည်သူရဲ့ငြိမ်းချမ်းရေးကိုနှောင့်ယှက်ရမယ်။
ဒါကိုစစဉ်းစားမယ်။
စဉ်းစားလျင် ဒီကျောင်းသားတွေစုဝေးတာက အများပြည်သူကိုနှောင့်ယှက်သလား၊ မနှောင့် ယှက်ဘူးလား။
ပြည်သူအားလုံးသိပါတယ်။
အဲဒီကတည်းက လွဲနေပြီပေါ့။
နံပါတ်နှစ်က ကျနော်တို့က၁၂၇ကအဲ ဒီလိုပြဌာန်းထားလျင် လူစုခွဲခွင့်ရှိတယ်။
ကောင်းပါပြီ၊လူစုခွဲမယ်ဆိုလို့ရှိလျင် လက်နက်ကိုင်မဟုတ်သူ မည်သည့်အမျိုးသားကိုမဆိုအကူအညီတောင်း
နိုင်တယ်။ ဒါကို ၁၂၈မှာပြဌာန်းထားတယ်။

မမျိုးမျိုး ဒါကြောင့် လက်ပတ်နီတွေပေါ်လာတဲ့ကိစ္စကို ပြောချင်တာလား။
ဦးအောင်စိုးဦး ပြောချင်တယ်၊ ပြောချင်တယ် ဒီကိစ္စလည်းပြောရမှာပေါ့။
ဒီပုဒ်မလေး ကိုကြည့်လိုက်တဲ့အခါမှာ လူတိုင်းက ကိုယ်ကြိုက်သလိုယူလို့ရတယ်ပေါ့။
ကျနော်တို့ဘက်ကယူ ဆတာကတော့ လမ်းပေါ်မှာလူသတ်မှု ဖြစ်သွားတယ် အားလုံးကအဲဒီလူကိုဘမ်းမယ်
ဆိုလျင် ရဲလည်းမနိုင်ဘူးဆိုလျင် အားလုံးက ကယ်ကြပါကယ်ကြပါ ဆိုပြီးတော့လူအုပ်ကြီးက ဘမ်းတယ်
ဘမ်းမယ်။
ဒါပေမယ့် ဒီလူအုပ်ကြီးမှာ လက်နက်မပါဘူး။
သို့သော် အဲဒီအတွက်ကျနော်တို့က အကာအကွယ်ပေးတာ။ ပြည်သူ့လုံခြုံရေးအတွက်။
အဲဒီလိုဆိုလျင် လက်နက်ကိုင်မဟုတ်တဲ့အမျိုးသား မည်သူကိုမဆိုအကူအညီတောင်းနိုင်တယ်ဆိုလျင်
honest ပေါ့အကူအညီတောင်းရမှာ။

မမျိုးမျိုး ကြိုတင်စီစဉ်ထားမှုမရှိရဘူးပေါ့။
ဦးအောင်စိုးဦး မရှိရဘူး။

မမျိုးမျိုး ဒါဆိုလျင် လက်ရှိမှာ ကြိုတင်ပြင်ဆင်ထားတာရှိနေလား မရှိဘူးလား။
ဦးအောင်စိုးဦး ဒါကို ကျနော်ပြောနေစရာလိုသေးလားဗျာ။
(လက်ခုပ်သံများ)
ပြီးတော့ လာကြတဲ့လူတွေထဲက မိန်းကလေးတယောက်က ထမေးတယ်။
ထောင်ထဲမှာမဆိုင်တဲ့လူတွေကိုပါ ဘမ်းထားတာတွေ့ရတယ်။
အုန်းလက်ကောက်တဲ့သူတွေ၊ ထင်းခွေတဲ့လူတွေကိုပါ ဘမ်းထားတာ ဖြစ်တဲ့အတွက် အဲဒါဟာ တရားဥပ
ဒေနဲ့ ကိုက်ညီပါရဲ့လားဆိုတာ သိချင်ပါတယ် တဲ့။
ပြည်ထဲရေးဌာနကို ဘိတ်ခေါ်ခဲ့ပါတယ်၊ သူတို့ဘက်ကတော့ အချိန်မီအကြောင်းကြားခြင်းမရှိခဲ့လို့ ဒီမေးခွန်း
ကို ဖြေကြားနိုင်ခြင်းမရှိပါဘူး။ ဆိုပြီး မမျိုးမျိုးကဖြေသွားတယ်။
မေးတဲ့မေးခွန်းတွေက ထိမိသလို ဖြေတဲ့အဖြေတွေကလည်း ကွက်တိဆိုတော့ အစီအစဉ်ပြီးသာပြီးသွား
တယ် နားထောင်လို့ကိုမ၀ဘူး။ တခြားလူတွေ ဆွေးနွေးတာတွေလည်း အရမ်းကောင်းတာပဲ။

ဒီပွဲမှာ ကြည့်မကောင်းတာတခုက ဗမာစစ်အစိုးရဘက်က တာဝန်ရှိတဲ့လူတွေမလာကြဘူး။
တရားမရှိတဲ့လူဟာ တရားရှိတဲ့လူတွေကြားထဲ မတိုးရဲဘူးဆိုတာ အဲဒါမျိုးပဲနေမှာ သိလား။
ဥပမာကွာ သီလသမာဓိနဲ့ပြည့်စုံတဲ့ လူတွေကြား သီလမဲ့တဲ့လူတွေမ၀င်ရဲသလိုပေါ့။
ဒီပွဲကို ဗမာစစ်အစိုးရမလာဘူးဆိုတာကလည်း သီလမရှိတဲ့တရားမဲ့သူတွေဖြစ်တဲ့အပြင် အတွေးအခေါ်တွေ
က အင်မတန်နိမ့်ကျပြီး ကိုယ်ကျင့်တရားချို့တဲ့သူတွေကများနေတော့ အမှန်တရားအပေါ်နင်လားငါလားဆွေး
နွေးဘို့အတွက် ဘယ်တတ်နိုင်ရှာပါ့မလဲလေ။
သူတို့သာ လာမိလို့များကတော့ကွာ ၈လေးလုံးရေးအခင်းကာလတုန်းက စာရေးဆရာမင်းသင်္ခပြောသွားတဲ့
စကားကို ငှားပြောရလျင် ရှက်လွန်းလို့ မျက်နှာကို တမံတလင်းနဲ့ ပြေးပွတ်ချင်စိတ် ပေါက်ကုန်မလားပဲ။

ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့။
ဘယ်သူတရားမဲ့မဲ့ ကိုယ်မမဲ့နဲ့။
ဘယ်အရာမှမမြဲတဲ့လောကကြီးမှာ လူ့ ဘ၀ရတုန်းရခိုက် လူကိုလူလို့မြင်ပြီး အများကောင်းကျိုးကိုဆောင်
ကျဉ်းဘို့မတတ်နိုင်ဘူးဆိုလျင်တောင် အများအကျိုးယုတ်မယ့်အလုပ်မျိုး မလုပ်မိအောင်တော့ အတတ်နိုင်
ဆုံး ကြိုးစားနေထိုင်သွားဘို့လိုတယ်သူငယ်ချင်း။
ငါ့ကိုယ်ငါ သူတော်ကောင်းလို့ ကျေငြာနေတာမဟုတ်ဘူးနော်။
မင်းက ကိုယ့်အိမ်မှာကိုယ့်ဘာသာ အေးအေးလူလူ အရက်ထိုင်သောက်နေတာ၊ ဘာအကုသိုလ်မှမလုပ်
ဘူး။
ငါကတော့ မင်းလိုမဟုတ်ဘူး၊ ဗမာစစ်အစိုးရဆိုးသွမ်းသမျှကို စာရေးပြီးအကုသိုလ်တွေမွေးနေတာ။
ဆိုတော့ မင်းလိုအကုသိုလ်စင်ကြယ်မှုမရှိတဲ့လူတယောက်ဖြစ်တဲ့အတွက် ငါဟာသူတော်ကောင်းတ
ယောက်မဟုတ်ဘူးလို့ ပြာရတာပါ။

တရားဆိုတာ မျက်နှာမလိုက်ဘူးသူငယ်ချင်း။
လောကကြီးမှာ လူဆိုး လူမိုက် လူယုတ်မာ ဆိုတာ ရှိကိုရှိရမယ်၊ အဲဒီလိုလူမျိုးတွေရှိမှသာ သူတော်ကောင်း
ဆိုတဲ့အကျင့်ကို နားလည်ချင်လာတာနဲ့အမျှ ဘယ်လိုဘယ်ပုံ ကျင့်ကြံအားထုတ်ရမယ်ဆိုတာ လေ့လာသင်
ယူရှာဖွေစမ်းစစ်ဘို့ လုပ်ကြလိမ့်မယ်။
လူတိုင်းလူတိုင်း သက်သက်သာသာနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ချင်ကြတဲ့အတွက် ချမ်းသာမှုကိုရယူပိုင်ဆိုင်
နိုင်ဘို့လုံးပမ်းကြရင်း ငှက်ဆိုတာ ပျံသန်းရင်းသေကြရသလို လူတွေလည်း ဘယ်လိုနည်းနဲ့ချမ်းသာအောင်
လုပ်ရပါ့မလဲဆိုတာကို တွေးတောကြံဆကြရင်းသေသွားကြတာချည်းပဲမဟုတ်လား။

ငါမနက်မနက်လမ်းလျှောက်တယ်၊ တနေ့ကိုခြေလှမ်းပေါင်း ၁၀၀၀၀(တစ်သောင်း)လျှောက်ရမယ်ဆိုလို့
လမ်းလျှောက်ထွက်ရင်းလမ်းမှာတွေ့နေမြင်နေကျ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို တပတ်ပြည့်တိုင်းဓါတ်ပုံ
တပုံရိုက်လိုက်တာ ပြန်ကြည့်ပြီး တရားကျသွားတယ်ကွာ။
အော် မမြဲတဲ့လောကကြီးပါလားလို့လေ။
ဓါတ်ပုံတွေက တပုံနဲ့တပုံ ၁၀မိနစ်စီခြားတယ်။ မင်းကြည့်လိုက်။
မိနစ်ပိုင်းအတွင်းမှာမမြဲတဲ့သဘောတရားတွေကို မင်းမြင်နိုင်အောင်လို့ အောက်မှာငါရိုက်ထားတဲ့ဓါတ်ပုံတွေ
ကို တင်ပေးလိုက်ပါတယ်။

ပုံ(၁)


ပုံ(၂)


ပုံ(၃)

မမျိုးမျိုး (DVB Multimedia Group) တာဝန်ယူတင်ဆက်တဲ့ Debate အစီအစဉ်ကို အပြည့်အစုံမြင်ချင်ကြား
ချင်တယ်ဆိုလျင် အဲဒီလိပ်စာအတိုင်း သွားကြည့်ပေတော့။
http://burmese.dvb.no/archives/8676

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)