• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 20, 2015

အပ်နဲ့ထွင်းမလား ပုဆိန်နဲ့ခုတ်မှာလား

source photo from http://www.google.com/images
အပ်နဲ့ထွင်းမလား ပုဆိန်နဲ့ခုတ်မှာလား

March 19, 2015
Thursday

By မင်းစိုးစံ

သူငယ်ချင်းရေ လွန်ခဲ့တဲ့ အတိတ်ကာလတုန်းက တရုတ် ဗမာ အရေးအခင်းမှာ တရုတ်တွေပြောသွားခဲ့တဲ့စ
ကားတစ်ခွန်းကို ငါမမေ့ဘူးကွာ။
တရုတ်ဗမာအရေးအခင်းစဖြစ်တဲ့အကြောင်းရင်းကို တိတိကျကျမသိရပေမယ့် ပါးစပ်ရာဇ၀င်အရ ဗဟန်းမြို့
နယ်ထဲမှာရှိတဲ့ (နန်ယန်)တရုတ်ကျောင်းက စဖြစ်တယ်လို့ပြောကြတယ်။
ဗမာကျောင်းဆရာမ တစ်ယောက်ကို တရုတ်ကျောင်းသားတွေက အိမ်သာထဲမှာ ဗလက္ကာယပြုပြီး သတ်ပစ်
လိုက်လို့ အဲဒီကနေ ပြဿနာစတယ်လို့ပြောတယ်။
တချို့သတင်းတွေအရ(ပါးစပ်ရာဇ၀င်) တရုတ်ကျောင်းတွေကကျောင်းသားတိုင်းရဲ့ ရင်ဘတ်ပေါ်မှာ ဥက္ကဌကြီး
မော်စီတုန်းရဲ့ဓါတ်ပုံကို ချိတ်မယ်ဆိုတာကနေ စတယ်လို့ပြောကြပြန်တယ်။
သမိုင်းအမှန်ကို တိတိကျကျရေးသားမှတ်တမ်းပြုစုထားတာလည်း မတွေ့ရတော့၊ ဘယ်ဟာက ကောလဟာ
လဖြစ်ပြီး ဘယ်ဟာကဖြင့် အကြောင်းရင်းမှန်ဖြစ်ပါတယ်ဆိုတာ ဝေခွဲရခက်ကုန်တာပေါ့ကွာ။

အဲဒီတုန်းက တရုတ်လူမျိုးတွေအပေါ် ဗမာလူမျိုးတွေ သံပေါက်လိုလို ဘာလိုလို ဆိုတဲ့စကားတွေကိုလည်း ငါ အမှတ်ရနေတုန်းပဲ။
ဒီနေ့ဒီအချိန်မျိုးမှာ အဲဒါမျိုးတွေပြန်ရေးပြလိုက်မယ်ဆိုလျင် အခုဖြစ်နေတဲ့ တရုတ်နိုင်ငံထဲဗုံးကျလို့ တရုတ်နိုင်
ငံသားတွေ သေကြေရတဲ့ပြဿနာကို မီးလောင်ရာလေပင့်တာလို့ ထင်မှာတော့စိုးသကွာ။
ငါမှတ်မိသလောက်ပြန်ရေးပြရမယ်ဆိုလျင်
တရုတ် တရုတ် သောက်စားပုပ်။
တရုတ်ကလေး ဘောင်းဘီတို ၀က်သားရောင်းတယ်ဆို၊ ၀က်သားစွပ်ပြုတ် ဓါးနဲ့ခုတ် တရုတ်အမျိုးပြုတ်။
မော်စီတုန်း ဂေါ်လီလုံး ငါးပြားခုနစ်လုံး။
အဲဒီလိုတွေ ပြောဆိုခဲ့ကြတာဟေ့။
အဲဒီလိုပြောတော့ တရုတ်တွေကလည်း ဒီအတိုင်းဘယ်နေပါ့မလဲကွာ။ ဘာပြန်ပြောလဲမှတ်တုန်း။
မင်းတို့ဗမာတွေလောက်ကတော့ကွာ ငါတို့တရုတ်က ဘာမှလုပ်စရာမလိုဘူး။
-အမွှေးနဲ့ချည်။ -အတံနဲ့ရိုက်ပြီး၊ -အရည်နဲ့ ပင်လယ် ထဲမျှောပစ်လို့ရတယ် မှတ်ထား။ တဲ့။
အဲဒီလိုအပြန်အလှန် ပြောခဲ့ကြဆိုခဲ့ကြဘူးတယ်။

အခုတရုတ်ဘက်က သက်ဆိုင်ရာခေါင်းဆောင်တွေ ဗမာစစ်ခေါင်းဆောင်တွေကို ပြောတာနဲ့ ငါတို့ငယ်ငယ်
တုန်းက ကလေးတို့ဘာသာဘာဝ ပြောဆိုသလိုမျိုး ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်း တည့်ထိုးမဟုတ်ပေမယ့် အဲဒီသဘောမျိုးရောက်များနေပြီလား ဆိုပြီး နည်းနည်းတော့စိုးရိမ်တယ်ကွာ။။

ဗမာစစ်အစိုးရတပ်နဲ့ MNDDA တပ်တိုက်ပွဲမှာ ဗမာစစ်အစိုးရတပ်က တိုက်လေယာဉ်တွေသုံးတယ်မဟုတ်
လား။
အဲဒါနဲ့ပတ်သက်ပြီး သမ္မတရုံးရဲ့ညွှန်ကြားရေးမှူး ဦးဇော်ဌေး က တရုတ်ဘက်ကိုကျပေါက်ခဲ့တဲ့ဗုံးဟာ ကိုး
ကန့်လက်နက်ကိုင်အဖွဲ့တွေက မြန်မာနဲ့တရုတ်ကြား နားလည်မှုလွဲအောင်ဖန်တီးဖို့ တရုတ်နိုင်ငံထဲ တမင်
သက်သက်ပစ်လိုက်တာဖြစ်နိုင်တယ်၊ လေကြောင်းစစ်ဆင်ရေးနဲ့ပတ်သက်ပြီး မြန်မာဘက်က တရုတ်ကို
အပြည့်အ၀ အသိပေးခဲ့တဲ့အတိုင်း အတိအကျဆောင်ရွက်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်အားလုံး
ဟာ မြန်မာပိုင်နက်ထဲမှာသာဖြစ်တယ် ဆိုတာကို ဦးဇော်ဌေး ကပြောတဲ့အကြောင်း ရိုက်တာသတင်းက
ဖော်ပြပါတယ် ဆိုတာRFA ကနေကြားလိုက်ရသလို မတ်လ ၁၅ရက်နေ့ CRI မြန်မာပိုင်းအစီအစဉ်က ဘယ်
လိုရေးသလဲဆိုတော့ တရုတ်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှင်ကျင့်ခိုက၊ ၁၃ ရက်နေ့တွင် တရုတ်လေတပ်
သည် တိုက်လေယာဉ်များကို စေလွှတ်ပြီး တရုတ်နယ်စပ်သို့ နီးကပ်ပျံသန်းလာသော မြန်မာစစ်လေယာဉ်
များကို လိုက်လံခြင်း၊ ကျပ်မတ်ခြင်း၊ သတိပေးခြင်း၊ နှင်ထုတ်ခြင်းတို့ကို ပြုလုပ်ကြောင်း ၁၄ရက်နေ့ စော
စောပိုင်းကပြော ကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။ ဆိုပြီးရေးတာတွေ့ရတယ်။

ဒါဆိုလျင် ဘယ်သူကမှားလို့ ဘယ်သူက မှန်သလဲ။ နယ်စပ်မှာဗုံးကျဲမယ့်အကြောင်း အသိပေးထားတဲ့အ
တိုင်း တိတိကျကျလုပ်ပါတယ်ဆိုလျင် တရုတ်တိုက်လေယာဉ်တွေက ဘာကြောင့် အခုလိုလုပ်ရသလဲဆို
တာ တွေးရခက်ကြီးဖြစ်မနေဘူးလား။
တရုတ်လူမျိုး ၅ဦးအသက်ဆုံးရှူံးရတဲ့အတွက် တစ်ယောက်ကို တရုတ်ယွမ်ငွေ ၇၀၀၀၀ အမေရိကန်ဒေါ်လာ
၁၁၂၂၂ ပေးဘို့ ဗမာစစ်အစိုးရက ကမ်းလှမ်းထားတယ်ဆိုတာကို တရုတ်နိုင်ငံရဲ့ The global time သတင်း
စာက ရေးတာကို www.chinadaily.com.cn မှာတင်ထားတယ်ဆိုတဲ့အကြောင်း Eleven Media မှာရေး
ထားတာကို ဘတ်ရတယ်။

ဒါပေမယ့် ဗမာပြည်သူတွေကို သတ်တာကျတော့ ဘယ်လိုဖြေရှင်းသလဲဆိုတာ ကြည့်လိုက်တဲ့အခါမှာ
“ကျွန်မအမျိုးသားအသတ်ခံရတာရော၊ ဒေါ်ခင်ဝင်းသေနတ်ထိမှန်သေဆုံးတာရော၊ ကချင်ကဆရာမလေး
တွေအမှုရော တရားဥပဒေမဲ့လုပ်ရပ်တွေဖြစ်ပါတယ်။
တကယ်တမ်းဒီမိုကရေစီအစိုးရ မှန်တယ်ဆိုရင်ဥပဒေအတိုင်းလုပ်ကို လုပ်ပေးရမယ်။
ဒီအမှုမှာ ကျွန်မက ဒုတိယတရားလို၊ တကယ့်တရားလိုက နိုင်ငံတော်၊ နိုင်ငံတော်နဲ့ ကာကွယ်ရေးဝန်ကြီး
ဌာနဖြစ်တာ။
ဒါကိုနိုင်ငံတော်က ဘာတာဝန်မှမယူဘဲရှောင်နေတယ်၊ ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိဘူးလို့ခံ
စားရတယ်။
စစ်တပ်နဲ့ ဖြစ်တဲ့ ပြဿနာတိုင်းမှာ ပြည်သူကတစ်ဖက်သတ်နစ်နာရတယ်။
ဒါကြောင့် ဒီမိုကရေစီအစိုးရပါလို့ပြောပြောနေတာကို ဘဘ ဦးဝင်းတင်စကားနဲ့ပြောရရင် အယုံအကြည်မ ရှိဘူးလို့ပဲပြောရလိမ့်မယ်” လို့ မသန္တာကပြောသွားတာ။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းပြောတဲ့စကားကတော့ ကွက်တိမှန်ပြီထင်တာပဲ။ ဘာတဲ့ ကျနော်တို့က တရုတ်ကိုကြောက်နေရပါတယ်ဘုရား။ ဆိုတာ။
ဗမာစစ်အစိုးရကို ဒီမိုကရေစီအစိုးရလို့ယုံကြည်မှတ်ထင်ပြီးအားကိုးနေသမျှ ကရင်စကားပုံတခုရှိတယ် ဏ်ုအေဏဲါအင်းသိင်းထိုဝ်ဏှ် ဏ်ုမုဏေ၀်.အင်းဃှိုင်ဍါ် ဆိုတဲ့စကားလို သစ်ငုတ်တိုကိုယုံလျင်တောင် မှိုလေး
ဘာလေးစားရဦးမယ်၊ ဗမာစစ်အစိုးရကိုယုံနေသမျှ ပြည်သူတွေအတွက် ဘာကောင်းကျိုးမှ ဖြစ်ပေါ်လာမှာမ
ဟုတ်ဘူးဆိုတာ ကိုပါကြီးရဲ့ဇနီး မသန္တာပြောစကားကိုကြည့်လျင် ထင်ရှားနေတာပဲမဟုတ်လား။

ကိုးကန့်ဘက်မှာတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဗမာစစ်အစိုးရက ငြိမ်းချမ်းရေးအတွက်ဆွေးနွေးတဲ့ တိုင်း
ရင်းသားတွေကို လက်နက်ကိုင်အဖွဲ့လို့သာသုံးနေရာကနေ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဆိုတာကို
လက်ခံလိုက်တယ်ဆိုတာကိုကြည့်လျင် သူတို့တတွေဘေးကြပ်နံကြပ်ရောက်နေတာ သိသာတယ်။
ဒီအချိန်မျိုးမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက တစုတစည်းတပြိုင်နက်ထဲကိုယ့်နယ်မြေက ဗ
မာစစ်စခန်းတွေကိုတိုက်မယ်ဆိုမှ နှစ်ဘက်တပ်နေရာချထားရေးဆိုတဲ့ကိစ္စဟာ လျှောလျှောလျှူလျှူဖြစ်မှာ။ အဲဒီလိုမလုပ်ဘူးဆိုလျင်ဖြင့် ငါ့အထင် ဆက်ရန်ရှိသေးသည်ဆိုတာနဲ့ လုံးလည်ခြာလည်လိုက်နေဦးမှာပဲ။
စစ်ပွဲကိုကြိုက်လို့မဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုလိုချင်လို့။
တနည်းပြောရမယ်ဆိုလျင် အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုဆိန်နဲ့ ခုတ်ရတာမျိုးမဖြစ်စေချင်လို့။

အာ် သူငယ်ချင်းရေ မင်းတွေ့ပြီးပြီလားတော့ မသိဘူး။ ဗိုလ်ရှုသဘင်အခန်းအနားတုန်းက ရိုက်ထားတဲ့
ဓါတ်ပုံတပုံ Face book မှာတွေ့လို့ ငါတင်ပေးလိုက်တယ်။
အဲဒီအခန်းအနားမှာ လူ၄၀၀၀ တက်တယ်၊ ၁၅ရက်စာ ကျွေးမွေးစားရိတ်က ကျပ်ငွေသိန်း ၂၁၀၀ကုန်တယ်
တဲ့ကွာ။
စာသင်ကျောင်းသာဆောက်မယ်ဆိုလျင် ဘယ်လောက်ကောင်းလိုက်မလဲနော်။
အောက်က ဓါတ်ပုံကိုမင်းကြည့်လိုက်ပါဦး။
ပြီးတော့ မင်းအမြင်ကို ငါ့ကိုပြန်ပြောပြ။

 ကျန်းမာချမ်းသာကြပါစေ။


Source photo from




မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်တွင်ဖေါ်ပြပါရှိသည့်သတင်းများကို ဘတ်ပြီးရေးပါသည်။

ကျပ်သိန်း ၂၁၀၀ http://maukkha.org/index.php/book-store/poem-maukkha/6877-tn
မသန္တာ http://www.hotnewsweekly.com/node/4217
တရုတ်တိုက်လေယာဉ် http://myanmar.cri.cn/666/2015/03/14/1s36010.htm
ဦးဇော်ဌေး http://www.rfa.org/burmese/news/china-deploy-army-myanmar-border-03162015004721.html