• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, April 2, 2015

ငြိမ်းချမ်းရေးလမ်းစ တကယ်တွေ့ပြီလား

ငြိမ်းချမ်းရေးလမ်းစ တကယ်တွေ့ပြီလား

April 02, 2015
Thursday

By မင်းစိုးစံ

သူငယ်ချင်းရေ အခုလာမယ့် ၁၂ရက်နေ့မှာ ထုံးတမ်းစဉ်လာအတိုင်း ကျင်းပနေကျ သက်ကြီးပူဇော်ပွဲရှိတယ်။
မင်းနာမည်ကိုလည်းထည့်ထားတယ်။ နေရာကတော့ လွန်ခဲ့တဲ့ ၂လတုန်းက ထမနဲပွဲလုပ်ခဲ့တဲ့နေရာမှာ။
အသက် ၆၅နှစ်နဲ့အထက်ဆိုတော့ မင်းရယ်ငါရယ်ကိုပါပေါင်းထည့်လိုက်လျင် စုစုပေါင်း ၂၅ယောက်။
ဘာလိုလို နဲ့ အသက်က ၇၀နားနီးနေပြီ။
အသက်ကြီးလာတာနဲ့အတူ လူလည်း အရွယ်ကောင်းတုန်းကလို မသန်တော့ဘူး။

မင်းပေးလိုက်တဲ့စာကို ရပါတယ်။
အပြည့်အစုံကိုတော့ လာမယ့်ဧပြီ၂၉ရက်နေ့ ငါ့ဘလော့ဂ်သက်တမ်း ၆နှစ်မြောက်တဲ့နေ့မှာ ၏ သည် မရွေ့
တင်ပေးလိုက်ပါ့မယ်။ မင်းရဲ့ E-mail လိပ်စာကိုပါ ထည့်ပေးလိုက်မယ်။
အခုလောလောဆည်မှာတော့ မင်းပြောတဲ့အထဲက ငါ့ဓါတ်ပုံအကြောင်းကိုရှင်းပြပါ့မယ်။
မင်းပြောသလို Photo shot လုပ်ထားတာမဟုတ်ပါဘူး။
တခုတော့ရှိတယ်။ လူကူးမျဉ်းကြောင်းတွေကို တညီတည်းဖြစ်နေအောင် ညှိထားတာမျိုးတော့လုပ်ထား
တယ်။ ကျန်တာတွေကတော့ အပြောင်းအလွဲမရှိပါဘူး။
မင်းမယုံလျင် ဓါတ်ပုံပညာရှင်တွေကိုစစ်ခိုင်းလိုက်လို့ရပါတယ်။
ဓါတ်ပုံတွေ တပုံနဲ့တပုံ ၁၀မိနစ်စီခြားတယ်လို့ ရေးထားပါသော်လည်း အတိအကျမဖြစ်နိုင်တာမှန်ပေမယ့်
ရက်အထိ မကွာဘူးသူငယ်ချင်း။

 နောက်တခုက ငါ့ရဲ့ခြေလှမ်းတွေ။
မင်းပြောသလို မိနစ် ၃၀နဲ့ခြေလှမ်းပေါင်း ၁၀၀၀၀(တစ်သောင်း) လျှောက်ခဲ့ တာမဟုတ်ပါဘူး။
အသက်က ငယ်မှမငယ်တော့တာကွာ။
ငါ့ခြေသားလုံးတွေက သရက်သီးနုမှည့်တွေလို တွန့်ကုန်ပြီး ခြေဆစ်တွေကမခိုင်တော့ဘူးလေ။ ဘယ်လိုနည်းနဲ့ မိနစ်၃၀အတွင်း ခြေလှမ်းတစ်သောင်းပြည့်အောင် လျှောက်လို့ရမှာတုန်း။

ငါတို့ငယ်ငယ်တုန်းကတော့ မနက် ၇နာရီမှာ ၀မ်းခါသစ်(ကော်မူးရာစခန်း)ကနေ ထော့ကိုကိုးအထိ ကီလို
၇၀ အလေးချိန်ရှိတဲ့ အထုပ်ကိုထမ်းပြီး ညနေ ၇နာရီအရောက် မနားတမ်းလျှောက်နိုင်တဲ့အရွယ်ဆိုတာ ကျန်
ခဲ့ပြီမဟုတ်လား။
အရင်တုန်းက ခြေသားလုံးနဲ့ အခုခြေသားလုံး မတူတော့ဘူးလေ။
ငါတို့အထုပ်ထမ်းတုန်းက ပြောင်သလိုလို ပျက်သလိုလိုပြောကြတဲ့ စကားတွေရှိတယ်။ မင်းမှတ်မိဦးမလားမသိဘူး။
မောလျင် နား။
မနိုင်လျင် ငှား။
ဆာလျင် စား။
စားတော့ အသည်းအမြစ်။
သောက်တော့ ကရောင်းထစ်။
အဲဒီလို ဘ၀အမောတွေကို ရယ် (ရီ)စရာလေးတွေနဲ့ ဖြတ်ကျော်ခဲ့ကြရတာ။
ကရောင်းထစ်ဆိုတာ ထိုင်းနိုင်ငံက ထုတ်တဲ့ စီးကရက်လေ။

အထမ်းသမားဘ၀ကို ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ရရစားစားဘ၀။
ချွေးနဲ့ရင်းရရုံတင်မကဘူး တချို့များဆို အသက်ပါရင်းကြရတာ။
ကျန်းမာရေးအသိမရှိကြတဲ့အတွက် မသေသင့်ပဲသေသွားကြရ။ အမောဆို့ပြီးသေသူသေ။
ဗမာစစ်တပ်က အကျအနစောင့်ပြီး သွေးအေးအေးနဲ့ပစ်သတ်လို့ သေတာလည်းရှိ။
မှောင်ခိုအထုပ်ထမ်းပြီး ၀မ်းစာရှာစားရတဲ့ ခေတ်ကာလအတွင်း ကျုံဒိုးချောင်းဖျားကနေ ကော်မူးရာအထိ ကြားမှာရှိတဲ့လမ်းတလျှောက် မသေသင့်ပဲသေကြရတဲ့ လူတွေရဲ့အရိုးတွေ မနည်းဘူးသူငယ်ချင်း။
မှောင်ခိုအထမ်းသမားတွေကို အမှီသဟဲပြုပြီး လမ်းဘေးတောတောင်တွေကြားမှာ တဘက်ရပ်တဲကလေး
ထိုးပြီး အဆင်ပြေသလို ထမင်းရောင်းကြရတဲ့ ဈေးသည်တွေကို ဗမာစစ်တပ်ကသူပုန်ဆိုပြီး မဆင်မခြင်ပစ်
ခတ်သတ်ဖြတ်လို့ သေကြေရ တာမျိုးကလည်း သမားရိုးကျကိုဖြစ်လို့။ ဘာမှမဆန်းသလိုပဲ။
တချို့လူသေအလောင်းတွေဆို လမ်းဘေးမှာဖြစ်သလိုမြေမြှုပ်ထားတာများ မြင်ရက်စရာတောင်မရှိဘူး။

မင်းမှတ်မိသေးလား၊ ငါတို့ ရွာက ဦးဖေမြိုင်ကို မြပတိုင်စခန်းက ကော့သာဆူးကြားနဲ့ နောင်ထပ္ပံကော့နိုင်
ကြားမှာ ပစ်သတ်လိုက်တာလေ။
ဦးဖေမြိုင်နဲ့အတူ လက်ဖျံရိုးကို သေနတ်မှန်သွားတဲ့ မြိုင်လှတင် ကျုံဒိုးမှာဆေးမကုရဲဘူး။
နောက်ဆုံးရေမန်းနဲ့ကုလိုက်တာ လက်တဘက်သိမ်သွားတဲ့အဖြစ်က ဘယ်လောက်ကြေကွဲဘို့ကောင်းသ
လဲ။ ကဲ့ဂေါ်နဲ့ကျော်ခို့ကြားမှာ ဗမာ့တပ်မတော်က အသေအချာစောင့်ပြီးအပစ်ခံရတဲ့ ချစ်မြိုင် ဆို အလောင်း
တောင်မတွေ့ရဘူးမဟုတ်လား။ နောင်မိမှာနေတဲ့ အပုကို ကျောက်ကုန်သည်ဟန်ဆောင်ထားတဲ့ ရန်ကုန်က
လူတစု သတ်ပစ်လိုက်တဲ့အဖြစ်ကလည်း စိတ်ထိခိုက်စရာကောင်းတဲ့ အဖြစ်အပျက်ပဲလေကွာ။
ကျန်ရစ်ခဲ့တဲ့ ဇနီးနဲ့ ဥမမယ်စာမမြောက်သားသမီးတွေ ဘယ်လိုနေကြမလဲဆိုတာ တွေးရက်စရာတောင်မရှိ
ဘူး။

အထုပ်ထမ်းပြီး ၀မ်းရေးဖြေရှင်းရတဲ့မိသားစုရဲ့ နေထိုင်စားသောက်ရတဲ့ဘ၀ကိုကြည့်လိုက်တဲ့အခါ အတော်
ကိုဆိုးရွားတာကိုတွေ့ရမှာပါ။
ခင်ပွန်းသည်ကအထုပ်ထမ်းဘို့ အိမ်ကနေထွက်သွားတဲ့နောက်ပိုင်း ဇနီးသည်တွေခမျာ စိုးရိမ်စိတ်တွေနဲ့ နေ
ရစ်ခဲ့ကြရရှာတာ။ သေနတ်သံကြားပြီဆိုလျင် ငါ့ခင်ပွန်းသည်များတခုခုဖြစ်သွားပြီလား၊ ဆိုတဲ့ပူပင်သောက
စိတ်တွေဟာ ခင်ပွန်းသည်အိမ်ပြန်ရောက်မှပဲ အေးရရှာတာပါ။
မကြာပါဘူး တစ်ရက်နှစ်ရက်လောက်ပဲခံတယ်၊ ခင်ပွန်းသည်အထုပ်ထမ်းဘို့ ထွက်သွားပြီဆိုတာနဲ့ စိုးရိမ်ပူ
ပန်စိတ်တွေက ထပ်ပြီးနေရာယူပြန်ရော။
အခုလိုငါရေးပြနေတာက မှောင်ခိုအထုပ်ထမ်းသမားတွေရဲ့သမိုင်းကို လူတွေသိစေချင်လို့မဟုတ်ပါဘူး။
မငြိမ်းချမ်းတဲ့လူနေမှုစနစ်ဆိုးကို ဖြတ်သန်းလာခဲ့ကြရတဲ့ ပြည်သူတွေရဲ့ဘ၀ကို ဒီကနေ့ငြိမ်းချမ်းရေးပဲလား
အပစ်အခတ်ရပ်စဲရေးလား ဆိုတာကို စာရွက်ပေါ်မှာလက်မှတ်ထိုးဘို့ကြိုးစားနေကြတဲ့ ခေါင်းဆောင်တွေကို
သတိပေးချင်တာ သက်သက်ပါ။

ခေါင်းဆောင်ဆိုလို့ ပဒိုမန်းရှာပြောတဲ့ စကားရှိတယ်။
နေချင်သလိုနေ ပြောချင်သလိုပြော လုပ်ချင်သလိုလုပ်နေတဲ့လူဟာ ဘယ်တော့မှခေါင်းဆောင်ကောင်းဖြစ်မ
လာဘူး တဲ့။
အဲဒီတော့ အခုဆီထမင်းအခုစာကလေးကြော်လုပ်တဲ့ အကြီးအကဲမှန်သမျှဟာ တိုင်းပြည်အတွက် ခေါင်း
ဆောင်ကောင်းတွေမဟုတ်တဲ့အပြင် အမျိုး ဘာသာ သာသနာ တိုးတက်ထွန်းကားရေးတွေမှာ ဟန့်တား၊
နှောင့်ယှက်၊ ဖျက်ဆီး တဲ့ ကြောက်စရာအကောင်းဆုံးနဲ့ အန္တရာယ်အကြီးမားဆုံး အဖျက်သမားတွေလို့ ငါ
မြင်တယ်။
ငြိမ်းချမ်းရေးလို့လူကြားကောင်းအောင် အသံကောင်းဟစ်နေရာကနေ အခုတော့ ဇာတိရုပ်ကပေါ်လာပြီ။
ကျောင်းသားတွေရဲ့ပညာရေးကိစ္စကို ဟိုလိုလုပ်ပေးပါ့မယ် ဒီလိုလုပ်ပေးပါ့မယ်ဆိုပြီး နောက်ဆုံးတော့ သူတို့
မှာကျိုးနေတဲ့ခေါက်ရိုးအတိုင်း လုပ်နေကျအတိုင်းလုပ်လိုက်တာပဲ။
အလုပ်သမားအရေး၊ လယ်ယာမြေအရေး၊ ဆွေးနွေးနေပါတယ်၊ ညှိနှိုင်းနေပါတယ်။
ဘယ်သို့ဘယ်ညာ ဘယ်ချမ်းသာပြောပြီး နောက်ဆုံးမှာ လုပ်နေကျအတိုင်း ဖြေရှင်းပစ်လိုက်တာပဲမဟုတ်
လား။
အခုတခါ တပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆိုတာကို ဟန်ဆောင်ပန်ဆောင်လုပ်ပြပြီး နောက်ဆုံးကျတော့
တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ ၆ချက်အတိုင်းလိုက်နာမယ်ဆိုလျင် ငြိမ်းချမ်းမယ်ဆိုပြီးလုပ်လာပြီ။
အစကတည်းကပြောပါတော့လား မင်းတို့လက်နက်ကိုင်အဖွဲ့တွေ ငါတို့ပြောတဲ့အတိုင်းလုပ်၊ ငါတို့နောက်ကို
လိုက်၊ အဲဒါမှငြိမ်ချမ်းရေးရမယ် လို့လေ။

မပြောကောင်းမဆိုကောင်း ကျောင်းသားတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီးမကွေးတက္ကသိုလ် ပါချူပ် အေးကျော်
၏ တန်ဖိုးမဲ့စကား အသံဖိုင်ထဲက ပြာကျသွားမှာ ဆိုတဲ့စကားသာ မှန်သွားလို့ကတော့ လွယ်မယ်မထင်ဘူး။
ကျောင်းသားတွေကို ဆုံးမတဲ့အသံဖိုင်ထဲမှာ
ဗိုလ်ချုပ်အောင်ဆန်းနိုင်ငံရေးလုပ်တာဟာ ကျောင်းကထွက်ပြီးမှလုပ်တာ၊ ကျောင်းသားဘ၀နဲ့လုပ်တာမဟုတ်
ဘူး။
မင်းတို့ ဥပဒေအကြောင်းဘယ်လောက်နားလည်လို့လဲ။
သူများသွေးထိုးတိုင်းလိုက်လုပ်လျင် ဘာဖြစ်သွားမယ်ထင်လဲ။
လို့ မေးတော့ တယောက်က စစ်တပ်အာဏာသိမ်းမှာပေါ့ဆိုတော့ 
စစ်တပ်က အာဏာမသိမ်းဘူး မင်းတို့ငါတို့အားလုံး တနိုင်ငံလုံး ပြာကျသွားမှာ။
နိုင်ငံတကာကိုအထင်ကြီးမနေနဲ့။
ဒီကောင်တွေက ချောင်းနေတာ။
ဆော်ပလိုက်မယ် တစ်လုံးထဲပဲ။ လို့ပြောထားတယ်ကွ။
အခုလည်းကြည့်စမ်း ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးက ဘာပြောတယ်မှတ်တုန်း 
တပ်မတော်ကနေပြီးတော့မှ ထုတ်ပြန်ထားတဲ့ ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ ၆ချက်ရှိတယ်။
အဲဒီအပေါ်မှာ လိုက်နာနိုင်မယ်ဆို လျင်တော့ ငြိမ်းချမ်းရေးရနိုင်မှာဖြစ်တယ်။
ဆိုတော့ အဲဒီအတိုင်းလိုက်မလုပ်ကြဘူးဆိုလျင် ပြန်တိုက်ကြတာပေါ့ လို့ စိမ်ခေါ်လိုက်ရာရောက်မနေဘူး
လား။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကရင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်၊
ရှမ်းတိုင်းရင်းသား လက်နက်ကိုင်ခါင်းဆောင်တွေနဲ့တွေ့ပေမယ့် ကချင်လက်နက်ကိုင် တိုင်းရင်းသားခေါင်း
ဆောင်နဲ့ မတွေ့တာဟာ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဘက်က တပ်မတော်ကာကွယ်ရေး ဦးစီး
ချုပ်ရဲ့ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်ကို လိုက်နာဘို့အားနည်းတာကြောင့်ဆိုပြီး VOA သတင်းဌာနနဲ့ တွေ့ဆုံမေး
မြန်းခန်းမှာ ပြောထားတာရှိတယ်။
ဆိုတော့ KIO ကိုတိုက်ရတာက တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ချက်အပေါ်လိုက်နာမှု အားနည်းလို့တိုက်
ရတာပါ တနည်း ပြောတဲ့အတိုင်းလိုက်မလုပ်လို့ တိုက်တာပါလို့ ၀န်ခံလိုက်တာမဟုတ်ဘူးလား။

အချက် ၆ချက်ထဲက အချက် ၂ချက်ကိုမင်းကြည့်လိုက်
နိုင်ငံတော်ကချမှတ်ထားတဲ့ တည်ဆဲဥပဒေတွေကို လိုက်နာရမယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လိုက်ပါလုပ်ဆောင်ရမယ်။
အဲဒါနဲ့ပတ်သက်လို့ ဦးနိုင်ဟံသာပြောသွားတဲ့ စာကြောင်း RFAက ငါပြန်ကူးပြထားတာကို ဘတ်ကြည့်ပါဦး။
တပ်မတော်ကသူတို့အခြေခံမူ ၆ချက်ကို အသေကိုင်မယ်ဆိုတော့လည်း အများကြီးကိုအခက်အခဲရှိနိုင်တယ်
လေ။
တကယ်လို့ တည်ဆဲဥပဒေကိုလက်ခံရင်တော့ ကျနော်တို့နိုင်ငံရေးက ဘာမှပြောဖို့မလိုတော့ဘူးလေ။
၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီလည်းမရှိဘူး၊ နောက်တစ်ဘက်ကပြောမယ်ဆိုရင်တော့ တိုင်းရင်းသားတွေ အခွင့်အရေးမရှိဘူး။
စစ်မှန်တဲ့ပြည်ထောင်စုလဲမဟုတ်ဘူးဆိုတဲ့အပေါ်မှာ ကျနော်တို့လိုလားတောင်းဆိုနေတဲ့ အခွင့်အရေးတွေ
ဘာမှမရှိဘဲ ကျနော်တို့ဘက်ကလက်ခံလို့မရဘူး။
နှစ်ဘက်စလုံးက ပုဂ္ဂိုလ်တွေ ဟက်ဟက်ပက်ပက်မရှိတာကို သတိထားမိလိုက်တယ်။
အခြေအနေကိုကြည့်ရတာ မကွေးတက္ကသိုလ်က ပါမောက္ခချုပ် ဦးအေးကျော်ပြောသလို  ပြာကျမလားမသိ။
အပြည့်အစုံကို သိချင် မြင်ချင် ကြားချင်တယ်ဆိုလျင် အောက်က ရုပ်သံဖိုင်လေးကို ကလစ်လိုက်ပေတော့။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အောက်ပါ လိပ်စာများမှ ထုတ်နှုတ်သုံးစွဲ တင်ပြထားခြင်းဖြစ်ပါသည်။
http://yeuregional.blogspot.com/2014/11/unfc_28.html
http://www.rfa.org/burmese/news/ncct-leaders-say-2008-constitution-04012015103013.html
https://www.facebook.com/saw.poekwa.77(ပါချုပ် အေးကျော်)