• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, April 6, 2015

ဟင်းသီးဟင်းရွက်ရဲ့အမြစ်နဲ့ ရောဂါ ကုသနိုင် အပိုင်း ၁



ဟင်းသီးဟင်းရွက်ရဲ့အမြစ်နဲ့ ရောဂါကုသနိုင်
အပိုင်း ၁

မုန်ညင်းဖြူ အမြစ်

တရုတ်တိုင်းရင်းဆေးပညာမှာ မုန်ညင်းဖြူ အမြစ်ဟာ ကိုယ်ခန္ဓာထဲရှိ အပူဓါတ်တွေကို လျော့နည်းလာစေ
ခြင်း၊ အစာအိမ် အလုပ်တွင်ကျယ် လာစေခြင်းနဲ့ ရေငတ် ပြေစေခြင်း စတဲ့အစွမ်းတွေ ရှိတယ်။
မုန်ညင်းဖြူ အမြစ်ကို ချင်း၊ ကြက်သွန်မြိတ်နဲ့အတူ ရေထည့် ပြုတ် သောက်သုံးပြီး အအေးမိ ဖျားနာမှုကို ကု
သ နိုင်တယ်။

Copy from http://myanmar.cri.cn/666/2015/04/01/1s36310.htm



မြန်မာ့ဆေးဖက်ဝင် မုန်ညင်းဖြူပင်

မြန်မာနိုင်ငံအနှံ့အပြားတွင် ဟင်းသီးဟင်းရွက်အဖြစ် စိုက်ပျိုးသည်။အထူးသဖြင့် အေးမြ သော ရာသီဥတုရှိသည့် တောင်တန်းဒေသများတွင် ပိုမိုဖြစ်ထွန်း၏။
စိုက်ပျိုးပင် ဖြစ်သည်။
၃ ပေ x ၂ ပေ ရှိသော ပျိုးခင်းတွင် မျိုးစေ့ ငါးမူးသားခန့် ပျိုးပါ။
မျိုးစေ့ချပြီး ရေဖြည်းဖြည်းနှံ့အောင် ခပ်ရွှဲရွှဲလောင်း၍ ကောက်ရိုးဖြင့် ၄ရက်ခန့် အုပ်ထား ရသည်။
မြေကို ကောင်းစွာထွန်ယက်၍ တစ်ဧကလျှင် မြေသြဇာလှည်း ၁၀ စီး မှ ၁၅ စီးခန့် ထည့်ပြီး သမအောင်ပြု
ပြင်၍ တစ်ပင် ၈ လက်မ တစ်တန်း နှင့် တစ်တန်း ၁၂ လက်မ ခွာ၍ ပြောင်းရွှေ့ စိုက်ပျိုး ရမည်။
ရေကို လိုအပ်သလိုလောင်း၍ ပေါင်းမြက်များကို ရှင်းလင်းထားပေးရမည်။
စိုက်ပြီး ရက်ပေါင်း ၄၅ မှ ၆၀ အကြာတွင် ဆွတ်ခူးနိုင်ပါသည်။
• အပင်
ရာသီပင်မျိုး ဖြစ်၍ အမြင့် ၂ ပေခန့်ရှိသည်။
• အရွက် မြေမှကပ်၍ ထွက်သည်။
ရွက်ရင်းပိုင်း မာ၍ ရွက်ပြား ရွက်နား အ၀ိုက်များရှိသည်။
ရွက်ရိုး ဖြူသည်။
ရွက်ညှာ ရှည်၍ အသားပွပြီး အလယ်တွင် မြောင်းကဲ့သို့ ဖြစ်နေ၏။
• အပွင့်
ပန်းခိုင် ရှည်လျားသည်။ ပန်းပွင့်လေးများ အ၀ါရောင်ရှိသည်။
• အသီး အလွန်သေးငယ်သည်။
လုံးဝိုင်း၍ နှမ်းစေ့ခန့် ရှိသည်။
အမွေး ထူသည်၊ နှုတ်သီး ရှည်သည်၊ အစေ့ပြား ၍ အညိုနုရောင်ရှိသည်။
►အသုံးပြုပုံ အစေ့ ၊ အဆီ။
• အာနိသင် မြန်မာ ဆေးကျမ်းများ လိုအရ မုန်ညင်းသည် စပ်ခါးသော အရသာရှိ၍ ပူသောသတ္တိရှိ၏။
ထက်မြက်၏ ၊ ၀မ်းမီးကို တောက်စေ၏ ၊ သလိပ်တို့ကို ကင်းငြိမ်း စေ၏။
သွေးအန် ။သွေးကျ ၊ နူနာ ၊ ယားယံခြင်းကို ပျောက်ကင်းစေ၏ ။
►အစေ့အသုံးပြုပုံ
၁ ။ မုန်ညင်းဖြူ စေ့ကို ကွမ်းစားဂမုန်း နှင့် သွေးပြီးလိမ်းသော် အဆစ်ရောင်ခြင်း ပျောက်၏။
►အဆီအသုံးပြုပုံ
၁ ။ မုန်ညင်းဆီ အနည်းငယ်ကို အအေးလွန်၍ ကိုက်သော နားနာကို ခတ်ပေးပါ က ပျောက်ကင်း၏။
၂ ။ မုန်ညင်းဆီ ၊ မရိုးရွက်ရည်၊ နနွင်းတက် ၎င်းသုံးမျိုးကိုရောချက်၍ ဆီကျန်လျှင် စစ်ယူပြီး ပွေးနာ ၊ ယားနာ
များကို လူးပေးပါက ပျောက်ကင်းသည်။
၃ ။ မုန်ညင်းဆီကို ပရုတ်နှင့်ချက်၍ ကလေးများ ဗိုက်နာခြင်း ၊ အဆုတ်အအေးမိခြင်း ၊ နှာစေးချောင်းဆိုးခြင်း
များအတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေးအဖြစ် အသုံးပြု ရ၏။
၎ ။ ဘေလုံးရောဂါ ၊ သွေးဖျဉ်းရောဂါ ၊ မြင်းသရိုက်ရောဂါ ၊ လေထိုး လေအောင့်ရောဂါ
မုန်ညင်းဆီကို အနည်းငယ်သောက်ပေးခြင်း ၊ ရောဂါ ဖြစ်ရာ နေရာတွင်ပွတ်၍လိမ်းပေးခြင်းဖြင့် ပျောက်
ကင်း၏။
၅။ ထိပ်ကပ်နာ
ညအိပ်ရာဝင်ချိန် နှာခေါင်းတွင်းသို့ မုန်ညင်းဆီ အနည်းငယ်ထည့်ပေးက ပျောက်၏။
၆ ။ ကလေးများ မက္ခရုနာ ပေါက်လျှင်
မုန်ညင်းဆီဖြင့် သုံးခါမျှ လိမ်းပေးရုံနှင့် မက္ခရုများ ကြွေကျ ပျောက်ကင်း၏။
၇ ။ခေါင်းကိုက် ခေါင်းအုံ
ဦးခေါင်းတွင် မုန်ညင်းဆီထည့်လိမ်းပေးခြင်းဖြင့် ပျောက်ကင်း၏။
၈ ။ ဇက်ကြောတက် ၊ မျက်ရိုးကိုက်
တက်သည့်နေရာ၊ ကိုက်သည့်နေရာများတွင် မုန်ညင်းဆီလိမ်းပေးက ပျောက်ကင်း၏။
၉ ။ အထုံ အကျဉ် ၊ အချိအနဲ့ ၊ အကြောဆွဲ ၊ လက်ကပ် ခြေကပ်
မုန်ညင်းဆီတစ်ဆ ၊ နှမ်းဆီတစ်ဆ ကို တောင်ဆိတ်ဆီ သို့မဟုတ် တောဆိတ်ဆီနှင့် ဖျော်၍ ပွတ်လိမ်းပေး
က ပျောက်၏။
၁၀ ။ လည်ပင်းကြီး ရောဂါ
မုန်ညင်းဆီ တစ်ဆ ၊ နှမ်းဆီ တစ်ဆကို စပါးကြီးသည်းခြေနှင့် ဖျော်၍ လည်ပင်းတွင် စုတ်နှင့်ထိုးပြီး ပဉ္စကာ
နီသီး သို့မဟုတ် ဖရဲသီးကို အခြောက်လှန်း သွေးလိမ်းက ပျောက်၏။
၁၁။ အနာပျက် ၊ အနာဆွေး
မုန်ညင်း ဆီ လိမ်းက ပျောက်၏။

၁၂ ။ မုတ္တကျ သူများ
မုန်ညင်းဆီ ဖြင့် နှိပ်နယ်လိမ်းပေးက ပျောက်၏။

၁၃ ။ ကိုယ်တွင် လိမ်း၍ အိပ်ပါက ၀ဲနာ ၊ ယားနာ ၊ နူနာ ၊ လေနာ များမှ ကင်းဝေးစေ၏။

မြန်မာ့ဆေးဖက်ဝင်အပင်များ

Copy from http://nadimingalar7.blogspot.com/2013/10/blog-post_2178.html