• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, May 24, 2015

ချွေတာ လှူဒါန်း ချမ်းသာလမ်း


May 24, 2015
Sunday

ချွေတာ လှူဒါန်း ချမ်းသာလမ်း

By မင်းစိုးစံ

Face book ပေါ်မှာ ကိုယ့်ပုံလေးတင်လိုက်တယ်။
ဘာကြောင့်လဲဆိုတော့ တချို့က ကိုယ့်ကို မြင်ဘူးချင်ကြသလို တချို့ကျတော့ ခင်မင်ပါရစေ၊လူပျိုလား ဘာလားလုပ်နေလို့ ချက်ချင်းရိုက်ပြီး ခဏအတွင်း တင်ပေးလိုက်တယ်။
ဓါတ်ပုံပေါ် စာလုံးရေးပြီးတင်တာဆိုတော့ မတတ်ပဲတင်လိုက်တဲ့အခါ လူပုံမြင်ရပေမယ့် စာလုံးမပါဘူး။
စာလုံးမြင်ရပြန်တော့ လူပုံက ပျောက်နေတယ်။
တော်တော်လုပ်ယူရတယ်။
အခုလို ကိုယ့်ပုံကိုမြင်တော့ တော်ရုံတန်ရုံခင်ချင်တဲ့လူ၊ မိတ်ဆွေဖွဲ့ချင်တဲ့လူတွေ အရင်ကထက် ပိုနည်းသွားမယ်ဆိုတာ ပြောစရာလိုမယ်မထင်ဘူး။
ကဲ ကလေးမလေးတွေလည်း ကျုပ်ဟာ အဘိုးအိုကြီးပါဆိုတာ ယုံပြီမဟုတ်လား။
မြေးခြောက်ယောက်နော်။
မြစ်က သုံးယောက်။
ကလေးမလေးတွေလို့သာ ပြောလိုက်ရတာ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။
တချို့ဆို လူကတခြား ဓါတ်ပုံက တမျိုး။
တခုကောင်းတာက ကိုယ့်ငယ်သူငယ်ချင်းတွေ မိတ်ဆွေဟောင်းတွေ ကိုယ့်ပုံကိုမြင်တော့ တချို့အနာ
ဟောင်းတွေ ပြန်ရင်းလာနိုင်သလို၊ တချို့ကျတော့ အမာရွတ်လေးတွေပြန်မြင်ကြမယ် ထင်တာပဲ။
ဘယ်လိုပဲဖြစ်ဖြစ်အားလုံးဟာ ကျန်ခဲ့ပါပြီလို့ပြောပါရစေ။
ခွင့်လွှတ်ပေးလိုက်ကြပါ။
သို့သော် မမေ့လိုက်ကြပါနဲ့။

အလုပ်တခုကို လုပ်လျင် ဘယ်အလုပ်မျိုးမဆိုပေါ့လေ၊ ဒေါသကင်းဘို့လိုပါတယ်။
ဒေါသနည်းလေ ကောင်းလေ။
ဒါကြောင့် ဘုရားရှိခိုးတော့ သဗ္ဗဒေါသ ခပ်သိမ်းသောအပြစ် ဆိုတာပါတယ်မဟုတ်လား။
ဒေါသဆိုတာ အပြစ်ပဲ။
ဒီတော့ ဒေါသစိတ်ဆိုတာ ဘာလဲ။
ဒေါသကို ဘယ်လိုထိန်းမလဲ။
ဒေါသမဖြစ်အောင် ဘယ်လိုလုပ်မလဲ။
ဒေါသစိတ်ကို သိမှ ဒေါသကို ထိန်းလို့ရမယ်။
ဒေါသထိန်းလို့ ရပြီဆိုမှ ဒေါသမဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိမယ်။
သိတာလေးနဲ့ စောစောက ဘုရားရှေ့မှာရွတ်ဆိုခဲ့တဲ့ သဗ္ဗဒေါသ ခပ်သိမ်းသောအပြစ်ဆိုတာကြီးက ပျောက်
မှာမဟုတ်ပါဘူး။
ကိုယ်သိတဲ့အတိုင်း လက်တွေ့ကျင့်ကြံမှ အဲဒီအပြစ်က ပျောက်မှာ။
ကင်းဝေးမှာ။
ဒေါသအကြောင်းရေးမနေတော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ မိမိကိုယ်တိုင် မကျင့်မကြံနိုင်ပဲနဲ့ ရေးရတာကို စိတ်မသန့်လို့ပါ။

တနေ့မှာပေါ့ ဆွမ်းတော်ကပ်ဘို့ ပြင်ဆင်နေတုန်း ကျုပ်အိမ်မှာမွေးထားတဲ့ ခွေးလေး အစာလာတောင်းနေ
တယ် မနေ့က သူ(ခွေး)အစာမစားဘူး။
ဒီမနက် စောစောစီးစီးအစာလာတောင်းတာနေမှာ ဆိုပြီး ဆွမ်းတော်ကပ်ဘို့အ တွက် ပြင်ဆင်နေတာကို ခ
ဏရပ်ထားပြီး သူ့ကိုအစာကျွေးကြည့်တယ်။
ဟိုနမ်းဒီနမ်းလုပ်ပြီး မစားပဲ၊ သူ့အိပ်ရာပေါ် ပြန်ခွေနေတယ်။
ဒီတော့ အလှူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေဘက်ကို စိတ်ရောက်သွားတယ်။
ဘုရားဆွမ်းတော်ကို အဦးဆုံးမကပ်ပဲ ခွေးကိုဘာကြောင့် အစာအရင်ကျွေးရသလဲဆိုတဲ့ အိမ်ရှင်မရဲ့ အမေး
ကြောင့်ပါ။

လမ်းပေါ်က လေလွင့်ကလေးငယ်တွေအတွက် အခမဲ့ပညာသင်ပေးနေတဲ့အဖွဲ့တဖွဲ့က ရန်ပုံငွေရှာတဲ့အနေ
နဲ့ စွန့်ပစ်ပစ္စည်းတွေကို ရောင်းမယ်ဆိုတာ ဘတ်မိတယ်။
ဘီယာခွံတွေ၊ ရေသန့်ဘူးခွံတွေကို အမှိုက်ပုံးတွေထားပြီး ရတာတွေကို ပြန်ရောင်းမှာတဲ့။
လူတွေက လေလွင့်ကလေးတွေအတွက် ပိုက်ဆံမထည့်ချင်ကြဘူးဆိုပဲ။
အခမဲ့ပညာသင်ပေးတဲ့အဖွဲ့ကို ကျေးဇူးတင်ပါတယ်ဗျာ။
အင်မတန်မွန်မြတ်တဲ့အစီအစဉ်ပါ။
စိတ်မကောင်းဖြစ်မိတာက စွန့်ပစ်ပစ္စည်းတွေနဲ့ ထမင်းစားနေကြရတဲ့ လူတွေအတွက် သူတို့ထမင်းလုတ်ကို
ပုတ်ချသလိုများဖြစ်နေမလား။
ဘယ်တတ်နိုင်မလဲလေ သဗ္ဗေသတ္တာ ကမ္မသကာ ပေါ့နော်။

လောကမှာ အလှူခံပုဂ္ဂိုလ် ၁၄မျိုးရှိတယ်ဆိုတာသိရပါတယ်။
၁။ ဘုရားရှင်။
၂။ ပစ္စေကဗုဒ္ဓါ။
၃။ ဘုရားတပည့်သား ရဟန္တာပုဂ္ဂိုလ် (သို့မဟုတ်) အရဟတ္တဖိုလ်၌တည်သော ပုဂ္ဂိုလ်။
၎။ အရဟတ္တဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်ကြံနေသောပုဂ္ဂိုလ် (သို့မဟုတ်) အရဟတ္တမဂ်၌တည်သော
ပုဂ္ဂိုလ်။
၅။ အနာဂါမ်ပုဂ္ဂိုလ်အား လှူဒါန်းခြင်း (သို့မဟုတ်) အနာဂါမိဖိုလ်၌တည်သော ပုဂ္ဂိုလ်။
၆။ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုရန် ကျင့်ကြံနေသောပုဂ္ဂိုလ်(သို့မဟုတ်) အနာဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်။ ၇။ သကဒါဂါမ်ပုဂ္ဂိုလ်(သို့မဟုတ်) သကဒါဂါမ်ဖိုလ်၌တည်သော ပုဂ္ဂိုလ်။
၈။ သကဒါဂါမိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်ကြံနေသောပုဂ္ဂိုလ်(သို့မဟုတ်)သကဒါဂါမိမဂ်၌တည်သော ပုဂ္ဂိုလ်။
၉။ သောတာပန်ပုဂ္ဂိုလ် (သို့မဟုတ်) သောတာပတ္တိဖိုလ်၌တည်သော ပုဂ္ဂိုလ်။
၁၀။ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုရန်ကျင့်ကြံနေသောပုဂ္ဂိုလ်(သို့မဟုတ်) သောတာပတ္တိမဂ်၌တည်
သော ပုဂ္ဂိုလ်။
၁၁။ ဈာန်အဘိညာဉ်ရသော ရသေ့။
၁၂။ သီလရှိသော လူ။
၁၃။ သီလမရှိသော လူ။
၁၄။ တိရစ္ဆာန်။
အဲဒီ တဆယ်လေးဦးသော အလှူခံပုဂ္ဂိုလ်တွေကို လှူဒါန်းရာမှာ ရမယ့်အကျိုးအမြတ်တွေက
တိရစ္ဆာန်တကောင်ကို စေတနာသုံးတန် ပြဋ္ဌာန်းပြီး တနပ်စာ ၀အောင်ကျွေးမွေးလိုက်ရင် အဲဒီအလှူရှင်ဟာ
ဘ၀ တစ်ရာ။
ဘာသီလမှ မရှိတဲ့ လူဆိုး, သူခိုး တယောက်ကို တနပ်စာ ၀အောင်ကျွေးမွေးလိုက်ရင် ဘ၀တထောင်။
သီလရှိတဲ့ အလှူခံပုဂ္ဂိုလ် ဘ၀တသိန်း။ သာသနာပမှာ ဈာန်ရတဲ့ ပုဂ္ဂိုလ် ဘ၀ ကုဋေတသိန်း။
သောတာပန်လောင်း အလှူခံပုဂ္ဂိုလ် ဘ၀ အသင်္ချေ။
အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဉာဏ်ပညာကြီးခြင်း-ဆိုတဲ့ အကျိုးတ
ရား ၅-ပါးကို ရတယ်ဆိုတာ ဘတ်ရပါတယ်။

အဲဒီပုဂ္ဂိုလ်တွေကို ကွဲကွဲပြားပြားသိအောင် လုပ်ဘို့ဆိုတာ ကျုပ်အသိတရားနဲ့ ဘယ်လိုမှမဖြစ်နိုင်တာအမှန်
ပါ။
အထူးသဖြင့် လူဆိုးလား၊ လူကောင်းလား ဆိုတာ ခွဲရအင်မတန်ခက်ပါတယ်။ ချို(ဂျို)မပါဘူး။
စိန်အစစ်လား စိန်အတုလား ဆိုတာခွဲရတာထက် လူကဲခပ်ရတာက ပိုခက်တယ်လို့ ရှေးလူကြီးတွေပြောခဲ့
တယ်မဟုတ်ပါလား။
တချို့ကျတော့ အလှူတွေထဲမှာ တရားအလှူက အမြတ်ဆုံး လို့ဆိုကြပြန်တယ်။
ဘယ်လိုအလှူမျိုးမဆို
လှူဘို့ကြံနေတဲ့အချိန်မှာ ဖြစ်နေတဲ့ စေတနာ။
လှူနေတုန်းအချိန်မှာ ဖြစ်နေတဲ့စေတနာ။
လှူပြီးတဲ့နောက်ပိုင်းမှာ ဖြစ်နေတဲ့ စေတနာ။
အဲဒီ အချိန်သုံးချိန်စလုံး စေတနာအပြည့်အ၀ပါလျင် လက်ငင်းအ ကျိုးပေးတယ်လို့ ဆိုပါတယ်။
ကျုပ်ရဲ့ခွေးကလေးကို ကျုပ်ကျွေးမွေးလာတာ ကိုးနှစ်ပြည့်ပါပြီ။
စေတနာသုံးတန် ပြတ်သားရဲ့လား။
ကျုပ်ပြန်စဉ်း စားကြည့်လိုက်တဲ့အခါမှာ တခါတလေ အစာကျွေးရမယ့်အချိန်ရောက်လို့ကျွေးရပေမယ့် စိတ်
မပါ့တပါကျွေးမိတာမျိုး၊ တခါတလေကျ သွားစရာကိစ္စတွေပေါ်လာလို့ အချိန်မရောက်သေးပဲကျွေးရတာမျိုး၊
အလုပ်ကိစ္စပေါ်နေလို့ နောက်ကျပြီးကျွေးရတာမျိုး အဲဒီလိုအချိန်တွေ ရှိတတ်ပါတယ်။

အချိန်ရောက်လို့ကျွေးတဲ့အခါ အစာကိုစားနေကျအတိုင်းစားပေမယ့် အချိန်နောက်ကျပြီးဖြစ်ဖြစ် စောပြီးဖြစ်
ဖြစ်ကျွေးတဲ့အခါမှာတော့ အစာကိုဟက်ဟက် ပက်ပက်မစားပါဘူး။
အဲဒီအချိန်မျိုးဆိုလျင် စားချင်စား မစားချင်နေ ဆိုပြီး အငတ်ထားခဲ့တာမျိုးရှိခဲ့ပါတယ်။

ကျုပ်ဆိုလိုချင်တာက ကိုယ့်အိမ်မှာမွေးထားတဲ့ခွေး၊ ကိုယ့်ကိုအားကိုးပြီး အသက်ရှင်နေရရှာတဲ့ခွေးအပေါ် အခုလို ဒေါသစိတ်နဲ့ ပြုမူဆက်ဆံမိတဲ့အတွက် ကျုပ်ရမယ့် အကျိုးနဲ့ ကျုပ်ခံရမယ့်အပြစ် ဘယ်သင်းကပိုများမလဲဆိုတာ တွေးရင်းကြောက်လာတာနဲ့ တိရိစ္ဆာန်စောင့်ရှောက်ရေးဌာနကို ပေးပစ်ချင်စိတ်ပေါက်လာပါတယ်။
ခက်တာက သုံးလတကြိမ် အမွှေးညှပ်ဘို့ ဆိုင်ကိုပို့ထားလျင်တောင် မျက်လုံးလေးကလယ်ကလယ်နဲ့ တအီ
အီ လုပ်နေတတ်တဲ့ခွေးကို ကျုပ်မခွဲရက်ဘူးဗျာ။
သူ့ကို(ခွေး)ကြည့်လိုက်တဲ့အခါ အိပ်ရာပေါ်မှာ မှေးနေတာကိုတွေ့ရပါတယ်။
စိတ်ထဲမှာ ကုသိုလ်(အကျိုး)နဲ့ အကုသိုလ်(အပြစ်)ဆိုတာကို ချဉ်တွယ်မနေတော့ပဲ ကျုပ်နဲ့နေနေသမျှ ကာလပတ်လုံး အတတ်နိုင်ဆုံးပြုစုစောင့်ရှောက်မယ်ဆိုတဲ့ စိတ်ကအနိုင်ယူသွားပါတယ်။
ဆေးခန်းသွားပြဘို့ဆိုတာ ကျုပ်ခွေးမှာ ကျန်းမာရေးအာမခံ မရှိဘူးလေဗျာ။
ဒါကြောင့် စပါးလင်ကို ငရုပ်ဆုံထဲထည့်ထောင်းပြီး၊ ရေစိမ်လိုက်ပါတယ်။
သူ့အိပ်ရာထဲကနေ ထမင်းစားခန်းထဲကို အသာအယာပွေ့ချီလာပြီး ပါးစပ်ကိုအတင်ဆွဲဟ၊ စပါးလင်ရည်
တွေကို လောင်းထည့်လိုက်ပါတယ်။
ပထမတော့ သူဘုမသိဘမသိနဲ့ဆိုတော့ စပါးလင်ရည်တွေ သူ့လည်ချောင်းထဲကို တိုက်ရိုက်ဆင်းသွားပါ
တယ်။ နောက်ထပ်တိုက်ဘို့လုပ်တော့ ရုန်းတော့တာပဲ။
အခုတော့ ပုံမှန်အစာပြန်စားနေပါပြီ။
ဘ၀ တစ်ရာချမ်းသာဘို့ လုပ်တဲ့အလုပ်မဟုတ်ပါဘူး။ ခွေးကလေး နေကောင်းကျန်းမာဘို့ပါ။

တရားအလှူက အမြတ်ဆုံးလို့ပြောတဲ့အတွက် အကျိုးအမြတ်ရချင်လို့မဟုတ်ပဲနဲ့ ကရင်တွေ ကရင်စာကို
လေ့လာချင်စိတ်ရှိလာပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကရင်လိုရွတ်ထားတဲ့ ဓမ္မစင်္ကြာတရားကို နားထောင်
ကြည့်ကြပါဦး။
ပြီးတော့ စာလုံးပေါင်းတွေ မှားနေတာတွေ့လျင် ပြင်ပေးကြပါ။
ခင်ဗျားပြင်တယ်ဆိုတာ ကိုယ့်အမျိုးသားကို ချစ်မြတ်နိုးလို့၊ မပြင်ဘူးဆိုလျင် ခင်ဗျား ကိုယ့်အမျိုးသားအပေါ်
တာဝန်မဲ့တာ။
တတ်ယောင်ကားတော့ မလုပ်နဲ့။
အဲဒီလိုလုပ်တယ်ဆိုလျင်တော့ ခင်ဗျားဟာ ကိုယ့်အမျိုးသားစာပေကို ဖျက်ဆီးတာပဲ။
ကျန်းမာချမ်းသာကြပါစေ။




မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)