• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, May 20, 2015

စိတ်ဝင်စားမိတဲ့ ခို အကြောင်း

   
စိတ်ဝင်စားမိတဲ့ ခို အကြောင်း

ငှက်တွေထဲက ဇီးကွက်၊ ဥသြ၊ ကျီးကန်း တွေအကြောင်း ကျောင်းသုံးကရင်ဖတ်စာအုပ်တွေမှာ ဘတ်ခဲ့ရဘူး
သလို ဆင်နဲ့ ခြင်္သေ့ အကြောင်း ပုံပြင်လိုလို ဘတ်ခဲ့ရလေတော့ ဆင်ကြီး ဘာကြောင့် သူ့ထက်သေးငယ်တဲ့ လူသားရဲ့ ခိုင်းဖတ်ဖြစ်နေရသလဲဆိုတာကို သိခဲ့ရပါတယ်။
ကျီးကန်း အသိုက်ထဲ ဥချပြီး၊ ကျီးကန်းဥတွေကို ဖျက်ဆီးပစ်တဲ့ဥသြ ဘာကြောင့် အဲဒီိလို လုပ်ရသလဲဆိုတာ
နဲ့ ဇီးကွက်တွေ ဘာပြုလို့ နေ့ဘက်မှာ အစာရှာမစားရဲတာလဲ ဆိုတာတွေကိုပါ သိခဲ့ရပါတယ်။

ဥသြ ဇီးကွက် နဲ့ ကျီးကန်းတို့ ရန်သူကြီးတွေဖြစ်သွားကြရတာဟာ ပေးတဲ့ဂတိကို ဖေါက်ဖျက်ပစ်လို့ဆိုတာ
သိရသလို ဆင်ကြီး လူသားတွေရဲ့ ခိုင်းဖတ်ဖြစ်နေရတာဟာ မိမိကိုယ်မိမိ အထင်ကြီးပြီး ကိုယ့်ထက် ကိုယ်
ခန္ဓာ သေးငယ်တဲ့ ပုဂ္ဂိုလ်ကို အထင်သေးမိလို့ ဆိုတာ သိရတဲ့အတွက် ယူတတ်လျင် သင်ခန်းစာမဟုတ်ပါ
လား။

အခုတော့ ကျောင်းသုံးကရင်ဖတ်စာအုပ်ထဲမှာ မတွေ့မိတဲ့ ခိုအကြောင်းလေး ရေးထားတာကိုတွေ့လိုက်မိလို့
မဘတ်ရသေးတဲ့ မိတ်ဆွေတွေအတွက် ထပ်ဆင့် ကူးယူပေးလိုက်ပါတယ်။
ရေးတဲ့လူက ကျော်ရဲပိုင် လို့ထင်ပါတယ်။



လူသိနည်းပါးသော ခိုစွမ်း ခိုစ တဲ့။

ခိုအကြောင်းကိုပြောရာတွင် ခိုတို့သည် သဘာဝအရ သစ်သီးသစ်စေ့များကိုစားသောက်ကြပြီး အလွန်ယဉ်
ပါးတတ်သော တောတွင်းငှက်များပင်ဖြစ်သည်။
ထိုကဲ့သို့ယဉ်ပါးသဖြင့် လူတို့ရှိရာ မြို့ပြများတွင်လည်းနေနိုင်ကြသည်။
အဖိုနှင့်အမတစ်စုသည် ရာသက်ပန်ပေါင်းသင်း၍ စုံတွဲသော်လည်းကောင်း သင်းဖွဲ့၍သော်လည်းကောင်းနေ
တတ်ကြသည်။

ခိုသည် နေမြဲကျက်စားရာဒေသများသို့ခင်တွယ်သည့်အတွက် မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်မှ နေရင်း
ဌာနသို့ရောက်အောင်ပြန်လာတတ်သည်။
ထို့ကြောင့် ရှေးဂရိနှင့်ရောမလူမျိုးများလက်ထက်မှစ၍ ဒုတိယကမ္ဘာစစ်တိုင်အောင် ခိုမျိုးအချို့ကို သတင်းပို့ခို
များအဖြစ် မွေးမြူအသုံးပြုခဲ့ကြရာ ယင်းတို့၏ စွမ်းဆောင် စွန့်စားမှုကို တစ်ကမ္ဘာလုံးကပင် အံ့သြချီးကျူးကြရ
လေသည်။

ခိုသားသည် လူနှင့်မတဲ့။
ခိုသားသည် အလွန်ပူသော ဓာတ်ရှိသဖြင့် ကိုယ်တွင်းအင်္ဂါများအား ထိခိုက်စေပြီး သွေးအန်တတ်ပေသည်။
ခိုသားနှင့် ဂျင်း ဆိုလျှင် ရှောင်ကြဉ်ရမည့် အစာအဖြစ်သတ်မှတ်ထားသည်။

တခြားလူသိနည်းပါးသော ခိုတို့၏အစွမ်းများမှာ

၁။ ငှက်အရွယ်အစားအလိုက် ပျံသန်းရာတွင် တစ်နာရီလျှင် ၉၅မိုင် ပျံသန်းနိုင်ကြောင်း စံချိန်တင်ထားသည်
အထိ ပျံသန်းနိုင်သောခို။

၂။ ၅၅ရက်နှင့် မိုင်ပေါင်း ၅၄၀၀ ခရီးအထိ ပျံသန်းနိုင်သည်။

၃။ ထိုင်ဝမ်ကျွန်း ခိုပြိုင်ပွဲတွင် ပွဲတိုင်းကျော်အနိုင်ရသည့်ခိုများကို တစ်ကောင်လျှင် N.T ဒေါ်လာလေးသန်း
ပေး၍ ဝယ်ယူသူများရှိပြီး ဗြိတိန်နိုင်ငံ ခိုပြိုင်ပွဲများတွင် အနိုင်ရသော ချန်ပီယံခိုများကို တစ်ကောင်လျှင် ဒေါ်
လာ ၅၉၀၀၀အထက် ဈေးပေး၍ဝယ်ယူသူများရှိနေပုံ။

၎။ ခိုများသည် မှတ်ဥာဏ်အလွန်ကောင်းသော သတ္တဝါများဖြစ်ပြီး မိမိနေထိုင်ခဲ့သည့် နေရာဌာန မိမိနေထိုင်
အိပ်စက်ခဲ့သည့် ခိုလှောင်အိမ် မိမိအားချစ်ခင်ယုယစွာ အစားအစာကျွေးမွေး ရေတိုက်ပြုစုခဲ့သူ စသည်တို့ကို
မည့်သည့်အခါမျှ မမေ့မလျော့ မှတ်မိသိရှိသောမှတ်ဥာဏ်မျိုးရှိကြောင်း။

၅။ ခိုများသည် အနံ့ခံရာ၌ (အနံ့ခံခွေးများကဲ့သို့) ထူးချွန်ပြောင်မြောက်သည့် အနံ့ခံစွမ်းအင် အမှန်တကယ်ရှိ
သည်။
အစရှိသဖြင့် ခိုများအကြောင်းကိုသာ နှစ်ပေါင်းများစွာ စေ့စေ့စပ်စပ် အကျယ်တဝင့် လေ့လာစုံစမ်း သုတေ
သနပြုထားသူတို့က သက်သေအထောက်အထားများနှင့်တကွ ခိုင်ခိုင်မာမာရေးသားဖော်ပြထားကြပါသည်။

Credit -သတ္တဗေဒစွယ်စုံကျမ်း

Posted by Kyaw Ye Paing at 4:00 AM

Copy from http://bagoknowledge.blogspot.com/2015/01/blog-post_85.html