• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, June 6, 2015

ခေါင်းစဉ်ဟောင်းကို ရှင်းခွင့်ပြုပါ

သီတဂူဆရာတော် အရှင်ဉာဏိဿရမှ မင်စိုးတားရှိ ဗုဒ္ဓစင်တာအတွက်
အမေရိကန်ဒေါ်လာ ၁၀၀၀၀၀(တသိန်း)  လှူဒါန်းစဉ်
A Buddhist center in Chisago City, MN
ခေါင်းစဉ်ဟောင်းကို ရှင်းခွင့်ပြုပါ

June 03, 2015
Wednesday

By မင်းစိုးစံ

သူငယ်ချင်းရေ လွန်ခဲ့တဲ့လတုန်းက ငါရေးခဲ့တဲ့ ချွေတာ လှူဒါန်း ချမ်းသာလမ်း ဆိုတဲ့ ခေါင်းစဉ်နဲ့စာတွေကို
ဘတ်ပြီး တော်တော်မကြေမချမ်းဖြစ်နေတယ် ဆိုတဲ့အကြောင်း မင်းရဲ့သားတော်မောင်ပြောပြလို့ သိရတယ်၊
ဘာတွေအစာမကြေဖြစ်နေတယ်ဆိုတာကို မေးကြည့်တော့ အလှူရှင်နဲ့အလှူခံကြား စေတနာပျက်အောင်
ဝင်လုပ်လို့ တဲ့။ အဲဒီလို ပြောတယ်ဆိုတာ အဟုတ်ပဲလား။

အဲဒီလို သူတပါးလှူဒါန်းတာကို စေတနာပျက်အောင် လုပ်တဲ့လူဟာ နောင်ဘ၀မှာ ပြိတ္တာဖြစ်တတ်တယ် လို့ ပြောသံကြားဘူးတယ်။ အလှူခံနဲ့အလှူရှင်ကြား သံသယစိတ်တွေပွါးအောင် ရည်ရွယ်တဲ့စိတ်မျိုးနဲ့ရေး
တာမဟုတ်ပါဘူး။ ချွေတာ စုဆောင်း သူဌေးလောင်းဆိုတဲ့အတိုင်း ရှာဖွေလို့ရတဲ့ပိုက်ဆံကို မလှူပဲစုထားတဲ့
လူတစ်ယောက်ဟာ သူဌေးဖြစ်နိုင်ပေမယ့် ရှာဖွေလို့ရတဲ့ငွေထဲက ချွေတာသုံးစွဲပြီး လှူတဲ့လူကတော့ ချမ်း
သာတယ်ဆိုတာကို ဆိုလိုချင်လို့ အဲဒီခေါင်းစည်းကို ထည့်သုံးလိုက်တာပါ။

ငါ့ခေါင်းစည်းက ချွေတာ လှူဒါန်း ချမ်းသာလမ်း ပါ။ ချွေတာလှူဒါန်း ချမ်းသာလမ်း မဟုတ်ပါဘူး။
ဗွီဒီအိုကလစ်တွေထဲမှာ အစာရေဆာငတ်မွတ်ခေါင်းပါးမှုနဲ့ဆိုင်တဲ့ ဇာတ်လမ်းလေးတွေ မင်းမြင်မိလိမ့်မယ်
ထင်တာပဲ။
ထမင်းဆိုင်ထဲကို လူရည်သန့်တစ်ယောက်ဝင်လာတယ်။ ဆိုင်ထဲက စားပွဲခုံမှာထိုင်တယ်။ ရေမှာသောက်
ပြီး ဟိုကြည့်ဒီကြည့်လုပ်တယ်။ ထမင်းစားနေကြတဲ့ လူတွေထဲက လူတစ်ယောက်က စားသောက်ပြီးထ
ပြန်သွားတယ်။ အဲဒီလူရည်သန့်က ထသွားတဲ့လူရဲ့ လက်ကျန်ထမင်းဟင်းတွေကိုစားပစ်လိုက်တယ်။
ပြီးတော့ သူဝယ်စားလို့ ထမင်းဘိုးကျသင့်မယ့်ငွေကို အစာရေဆာငတ်မွတ်ခေါင်းပါးမှုဘေး သင့်သူတွေအ
တွက် ထမင်းဆိုင်ထဲက အလှူခံပုံးထဲကိုထည့်ပြီး ပြန်ထွက်သွားတယ်။
အဲဒါကို ချွေတာ လှူဒါန်း ချမ်းသာလမ်း လို့ ငါကပြောချင်တာ။

ချွေတာလှူဒါန်း ဆိုတာက ထမင်းဆိုင်တွေမှာ သူများစားပြီးသားအကျန်တွေကိုစားပြီး ဒါမှမဟုတ်ဘူးဆိုလျင်
သူများကျွေးတာကိုလိုက်စားပြီး မယားငယ်အတွက် စိန်နားကပ်ဘိုးနှုတ်ပြီးမှ ပိုတဲ့ငွေတွေထဲက အကြွေစေ့
တွေကို လှူတာမျိးဆိုလျင် ချွေတာလှူဒါန်းတယ်လို့ ထင်တာပဲ။
မင်းဆိုလျင် အရက်သောက်တယ်။ အရက်ဘိုး တနေ့ကို ၅ဒေါ်လာကုန်တယ်ဆိုပါတော့။ အဲဒီထဲက ပြား၅၀
လောက်လျှော့သောက်ပြီးလှူတယ်ဆိုလျင် ဒါဟာ ချွေတာပြီး လှူတဲ့အလှူမို့ ချမ်းသာတယ်လို့ပြောချင်တယ်။
အဲဒီလိုမှ မဟုတ်ပဲ သူများကို အရက်တိုက်ခိုင်းပြီး ကိုယ့်အရက်ဘိုးထဲက ပြား၅၀လောက်လှူမယ်ဆိုလျင်ဖြင့်
ချမ်းသာမယ် မချမ်းသာဘူးလို့ အတိအကျမပြောနိုင်ပေမယ့် အရက်ကပ်သောက်တဲ့လူဆိုပြီး အပေါင်းသင်း
တွေ ကြဉ်ရှောင်ကြမှာတော့ သေခြာတယ်။

နောက်တခုက ငါ့ကို မင်းဦးလေးက တတ်ယောင်ကားလုပ်တဲ့လူ လို့ မင်းသားတော်မောင်ကို ပြောတယ်ဆို
လို့ ဘာကြောင့်လဲလို့မေးကြည့်တော့ မင်းရဲ့ သားတော်မောင်က ဒေါသ စိတ်နဲ့ပတ်သက်ပြီး မသိလျင်မသိ
ဘူးလို့မပြောပဲ ကိုယ်တိုင်မကျင့်နိုင်လို့မရေးဘူးလေး ဘာညာကွိကွ ရေးလို့ တဲ့။
မင်းပြောတယ် မှန်တယ်။ ဒါပေမယ့် မှားနေတယ်။ ဒေါသစိတ်နဲ့ပတ်သက်ပြီး အသေအခြာမသိတာတော့ အ
မှန်ပဲ။ တတ်ယောင်ကား လုပ်တာဖြစ်နေမှာစိုးလို့ မရေးတာ။
သိချင်တယ်။ ကျင့်ကြံအားထုတ်ချင်တယ်ဆိုလျင်တော့ စာရေးဆရာ ချစ်စံဝင်းရေးတဲ့ စိတ်ကောင်းရှိဘို့သည်
ပထမ ဆိုတဲ့စာအုပ်ကိုသာရှာပြီးဘတ်ပေတော့။
အဲဒီစာအုပ်ထဲက အတိုင်းသာ ကျင့်ကြံအားထုတ်နိုင်မယ်ဆိုလျင် ကျင့်တဲ့လူတိုင်းချမ်းသာမှာပဲ။

သူဌေးဖြစ်ချင်သလား။
သူဌေးတကယ်ဖြစ်ချင်လျင် ငွေရတဲ့အလုပ်မှန်သမျှ အကုန်လုပ်ပေတော့။
တရားနည်းလမ်းကျကျ မကျကျ ဘာကိုမှ ဘယ်လိုအကြောင်းကြောင့်နဲ့မှ မလုပ်ပဲမနေနဲ့။
ရလာတဲ့ငွေတွေကို ဘယ်လိုအကြောင်းကြောင့်နဲ့မှ မပွန်းမပဲ့စေနဲ့။

ချမ်းသာချင်သလား။
တကယ်ချမ်းသာချင်တယ် ဆိုလျင် သမာအာဇီဝ ကျတဲ့အလုပ်ကိုသာ လုပ်ပါ။
သူတပါး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်စေမယ့်(ဖြစ်စေနိုင်မယ့်) အလုပ်မျိးကို နည်းနည်းလေးမှ မလုပ်မိပါစေ
နဲ့။
ရလာတဲ့ငွေကို မိမိကိုယ်ခန္ဓာ ကျန်းမာရေးအတွက် လိုအပ်တာထက်ပိုမသုံးစွဲပဲ တကယ်လိုအပ်တဲ့နေရာ
တွေမှာ ကူညီပါ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)