• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, June 17, 2015

သီချင်းကူဆိုကြရအောင်


June 17, 2015
Wednesday

 သီချင်းကူဆိုကြရအောင်

By မင်းစိုးစံ

သူငယ်ချင်းရေ စာမရေးဖြစ်တာကြာလို့ တမျိုးတော့မထင်နဲ့သိလား။
အခုတလော Face book မှာပဲရေးဖြစ်တာများတယ်။
ဘာကြောင့်လဲဆိုတော့ ရုပ်သံဖိုင်တွေတင်တဲ့အခါ ပိုပြီးလွယ်တယ်လေ။
ဘလော့ဂ်မှာက You tube ကိုသွားမှ ဖြစ်တာဆိုတော့ လွယ်လွယ်ကူကူဖြစ်တဲ့ FB ကို ပိုပြီးသုံးဖြစ်တယ်။
မင်းအနေနဲ့ FB သုံးတယ်ဆိုလျင် Min San ဆိုတဲ့စာလုံးကို နှိပ်လိုက်လျင် ငါတင်ထားတဲ့စာတွေ တွေ့ရမှာပါ။
အခုလဲ အသက်ငါးဆယ်ကျော်အများစုပါတဲ့ အမျိုးသမီးဒုံးကို သွားကြည့်ရင်း သီချင်းစာသားတွေကောင်းတာ
နဲ့ အဲဒါ တင်ပေးလိုက်ပါတယ်။
အဲဒီအထဲက အသက်ငါးဆယ်ကျော်အမျိုးသမီးအများစုဟာ ပြည်နယ်ပွဲမှာ ပါခဲ့ကြသလို ပြည်ထောင်စုနေ့လို
မှာတောင် ကကြတာ။
အသက်ကြီးပေမယ့် ရိုးရာယဉ်ကျေးမှုကို တတ်နိုင်တဲ့ဘက်က ထိန်းသိမ်းတယ်လို့ ပြောရမှာပဲ။
ပျော်လို့ကတာထက် မြတ်မြတ်နိုးနိုးရှိလို့ ကတယ်ဆိုတာ ထင်ရှားတယ်။
ဘာကြောင့်လဲ ဆိုတော့ ကလေးတွေက မမောမပမ်းကြပေမယ့် သူတို့တွေကတော့ ကပြီးတာနဲ့ ခြေပစ်
လက်ပစ် ဖြစ်ကုန်တော့တာပဲ။
မင်းလည်းမကနိုင်တော့သလို ငါလည်းမကနိုင်တော့ဘူးလေ။
မကနိုင်တော့မယ့်အတူတူ သီချင်းလေး ၀ိုင်းကူဆိုကြရအောင်လား။
နောက်အပတ်တနင်္ဂနွေနေ့မှာ ဆုံကြရအောင်။
သူတို့တတွေထဲက အလုပ်တဘက်၊ ကျောင်းတဘက်နဲ့ လာကကြတာ၊ အားပေးတဲ့အနေနဲ့ လာဖြစ်အောင်
လာကွာ။
အောက်မှာ ရုပ်သံဖိုင်လေး တင်ပေးလိုက်တယ်။


ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)