• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, August 18, 2015

ကရင့်ရိုးရာ ခြည်ဖြူဖွဲ့မင်္ဂလာပွဲတော်(Saint Paul, Minnesota)








ဒုံးပြိုင်ပွဲမှာ အမှတ်ပေး ဒိုင်လူကြီးများအဖြစ် စေတနာနဲ့အကဲဖြတ်ပေးနေကြသူတွေရဲ့ပုံတွေပါ။

ဘယ်State ကလဲ။
သူတို့နာမည် ဘယ်လိုခေါ်သလဲ။
ကျုပ်မသိပါဘူး။

ဘာကြောင့်လဲဆိုတော့ ဒီပွဲမှာ ကျုပ်ကိုဘယ်သူမှတာဝန်ပေးထားတာမဟုတ်တော့ ဘာတာဝန်မှမရှိပါဘူး။
ဘာတာဝန်မှမရှိပဲနဲ့ မှတ်တမ်းတင်ပါတယ်၊ ဂုဏ်ပြုကျေးဇူးတင်ပါတယ် ဆိုတာရေးနေသလဲလို့ မေးလာမယ်
ဆိုရင် ကျုပ်ရင်ထဲကနေတကယ်လေးစားလို့ ကျေးဇူးတင်လို့ ဖြစ်ပါတယ်။

ဒိုင်လူကြီး ၃ယောက်ထဲက ၂ယောက်ကိုတော့ ကျေးဇူးတင်တဲ့အနေနဲ့အမှတ်တရလက်ဆောင်လေး ပေး
လိုက်နိုင်ပေမယ့် ကျန်တဲ့ တစ်ယောက်ကိုတော့ မပေးလိုက်ရပါဘူး။
အဲဒီအတွက် စိတ်မကောင်းဖြစ်မိတာ အမှန်ပါ။

လက်ဆောင်က ဒုံးသီချင်းစာရွက်ပါ။
ငွေကြေးအရ တန်ဘိုးမရှိပေမယ့် အမျိုးသားရေးအရ တန်ဘိုးမနည်းလောက်ဘူးလို့ ထင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)