• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, September 2, 2015

အလုပ်ဖြစ်ရင် ပြီးစတမ်းလား

September 02, 2015
Wednesday


အလုပ်ဖြစ်ရင် ပြီးစတမ်းလား

By မင်းစိုးစံ

ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲအခန်းအနားကတော့ ပြီးသွားခဲ့ပြန်ပြီပေါ့နော်။
လွန်ခဲ့တဲ့ အပတ်တုန်းက ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲအခန်းအနားတွေရဲ့ နဖူးစည်း(ခေါင်းစည်း)စာတမ်းထဲက စာ
လုံးတွေကို နှိုင်းယှဉ်သုံးသပ်ကြည့်ကြရအောင် ဆိုပြီး Face book ပေါ်မှာ နည်းနည်းလေး အဓွန့်တက်ကြည့်
လိုက်တော့ မိတ်ဆွေတယောက်က အောက်ကအတိုင်းရေးထားတာတွေ့ရတယ်။

နည်းနည်းလေးတော့ လွဲနေတယ်။
ရေခြားမြေခြားလာရတဲ့ခရီးက,ဝေးတော့
ကျန်တာ။
ပိုတာ။
မလိုတာ။ ရှိမှာပေါ့လေ။
လုပ်ဖြစ်တာကိုက,ဂုဏ်ယူပါတယ်……။ တဲ့။

မိတ်ဆွေတို့အနေနဲ့ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲအခန်းအနားအပေါ် ဘယ်လောက်အလေးအနက်ထားသလဲဆို
တဲ့ မေးခွန်းမျိုး မမေးချင်တာအမှန်ပါ။
ဘာကြောင့်လဲဆိုတော့ အလေးအနက်ထားဘို့ တခြားအရေးကိစ္စတွေက များနေတဲ့အချိန်မဟုတ်လား။

ပြည်ထောင်စုသမ္မတ ဗမာနိုင်ငံတော်(ပြည်ထောင်စုသမ္မတ မြမ္မာနိုင်ငံတော်) အတွင်းမှာ ကရင်ပညာတတ်
တွေ အများအပြားရှိကြပါတယ်။
အဲဒီအထဲက ကရင်စာ၊ ဗမာစာ၊ အင်္ဂလိပ်စာ သုံးမျိုး သုံးဘာသာစလုံး တတ်သိနားလည်တဲ့ ပညာရှင်တွေရှိ
တယ်ဆိုတာ အထူးပြောနေစရာလိုလိမ့်မယ်မထင်ပါဘူး။
ဒါကြောင့်မိုလို့လည်း Face book ပေါ်မှာ အောက်က စာကြောင်းလေးတွေကို ရေးချလိုက်ပါတယ်။

အားလုံး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ကြပါစေ။
ဒီနေ့ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲအခန်းအနားကို သွားပြီး ပြန်ရောက်ရောက်ချင်း ဓါတ်ပုံတချို့တင်ပေးလိုက်ပါ
တယ်။
တစ်ခုတော့ ပြောချင်ပါတယ်။
ဘာလဲဆိုတော့ ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲအခန်းအနား ခေါင်းစည်းလေးတွေ စုပြီး နှိုင်းယှဉ်ကြည့်ကြရအောင်။
ဘာတွေများ မတူကွဲပြားခြားနားနေလဲဆိုတာ သတိထားကြည့်ရရင် မကောင်းဘူးလား။
နောက်တဆင့် ဘာကြောင့် မတူကွဲပြားနေရသလဲဆိုတာ ဆွေးနွေးကြည့်ကြစို့လား။
အပြုသဘောပေါ့။

ခေါင်းစည်းတခုစီတိုင်းရဲ့ ဗမာစာ၊ ကရင်စာ၊ အင်္ဂလိပ်စာ စတဲ့စာလုံးတွေတိုင်းကို သေသေခြာခြာဘတ်ပြီး
အဓိပ္ပါယ် ဖေါ်ကြည့်ပါ။
ဘာတွေများ သတိထားမိပါလဲ။
အလုပ်ဖြစ်ရင်ပြီးရော ဆိုပြီး ကျုပ်တို့တတွေ ဒီအတိုင်းပဲ ရေးချင်သလိုရေးကြပြီး လုပ်ချင်သလိုလုပ်ကြဦးမယ်
ဆိုရင်
ကရင်လူမျိုးကို ချစ်ပါတယ်ဆိုတဲ့၊
လူမျိုးပျောက်မှာကို စိုးရိမ်ပါတယ်ဆိုတဲ့၊
ယဉ်ကျေးမှုဓလေ့ထုံးတမ်းကို ထိန်းသိမ်းဘို့လိုအပ်ပါတယ် ဆိုတဲ့၊
ကရင်တွေစုစည်းဘို့လိုအပ်တယ် ဆိုတဲ့၊
စာပေခိုင်မာဘို့လိုတယ် ဆိုတဲ့၊ စ, တဲ့ စ,တဲ့ ပုဂ္ဂိုလ်တွေ ဘယ်လိုပြောကြမလဲ။
ဘယ်လို စဉ်းစားကြမလဲ။

ဒီနဖူးစည်းစာတမ်း တခုတည်းတောင် တိတိကျကျ ခိုင်ခိုင်မာမာ မသတ်မှတ်နိုင်သေးတဲ့နောက် တခြားအ
ရေးနဲ့ တခြားကိစ္စတွေကို ဘယ်လိုလုပ်ကြမလဲ။
နဖူးစည်းစာတမ်းလိုပဲ တယောက်တပေါက် လုပ်နေကြမှာလား။
လုပ်ဖြစ်တာကိုပဲ ဂုဏ်ယူနေရုံနဲ့ ပြီးမယ်တဲ့လား။

ဒီလောက်ဆို ကျုပ်ဘာကိုဆိုလိုသလဲဆိုတာ သဘောပေါက်နိုင်ကြမှာပါ။
သဘောပေါက်သည် ဖြစ်စေ၊ သဘောမပေါက်သည် ဖြစ်စေ၊ သဘောပေါက်ချင်စိတ် ရှိသည်ဖြစ်စေ၊ မရှိ
သည် ဖြစ်စေ၊ အောက်က နဖူးစည်းစာတမ်းဓါတ်ပုံတွေကို ကြည့်ပြီး ကရင်တွေဘာဆက်လုပ်ကြမလဲ ဆို
တာနဲ့ ဘာတွေလိုနေသလဲဆိုတာကိုတော့ အနည်းဆုံး ခပ်ပါးပါးလေးစဉ်းစားမိကြလိမ့်မယ်လို့ မျှော်လင့်မိပါ
တယ်။

ပုံ (၁)


ပုံ(၂)

ပုံ(၃)

ပုံ(၄)

ပုံ(၅)

ပုံ(၆)

ပုံ(၇)

ပုံ(၈)

ပုံ(၉)

ပုံ(၁၀)

ပုံ(၁၁) 

ပုံ(၁၂)

ပုံ(၁၃)

ပုံ(၁၄)

နေရာအနှံ့က ပုံတွေပါ။
ဘယ်နိုင်ငံကလဲ။
ဘယ်အဖွဲ့အစည်းလဲ။
ဘယ်ခုနှစ်ကလဲ။
အဲဒါတွေကို ဖြုတ်လို့ရ,တာကို ရ,သလောက် ဖြတ်ပြီးဖြုတ်ထားပါတယ်။
ကျုပ်ရဲ့ အဓိက,ရည်ရွယ်ချက် တနည်းအားဖြင့် ဆန္ဒကတော့ စာလုံးအဓိပ္ပါယ်တူစေချင်တာပါ။
အပြစ်ပြောလိုတဲ့စိတ် စိုးစဉ်းလေးမှ မရှိကြောင်းပါခင်ဗျား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)