• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, September 5, 2015

ဗမာလို မင်္ဂလာပါ ဆိုတဲ့စကားကို ကရင်လို ဘယ်လိုပြောမလဲ


September 5, 2015
Saturday

ဗမာလို မင်္ဂလာပါ ဆိုတဲ့စကားကို
ကရင်လို ဘယ်လိုပြောမလဲ

By မင်းစိုးစံ

ဗမာလို မင်္ဂလာပါ ဆိုတဲ့စကားကို ကရင်လို ဘယ်လိုပြောရမလဲ?.....။
လူငယ်လေးတယောက်က မေးလာလို့ပါ။
သင်ပေးပါ…..။ တဲ့

ကဲ ကရင်ကြီးတွေဘယ်လိုလဲ?......။
ကျုပ်ကိုမေးတာဆိုတော့ ကျုပ်တော်တော် ခေါင်းစားကုန်တယ်။
မင်္ဂလာပါ ဆိုတဲ့စကားက နှုတ်ခွန်းဆက်စကားလေ။
ကျုပ်တို့ကရင်တွေရဲ့ နှုတ်ခွန်းဆက်စကားက အှ်ဆံင်းလာ.ဆါ် ဆိုတော့ ဗမာလိုက ကျန်းမာပါစေ လို့ဆု
တောင်းပေးတာ။
ထိုင်းကျတော့ ဆ၀ပ်ဒီးခပ် တဲ့။
ပီယ၀ါစာ ချစ်ခင်နှစ်လိုဘွယ်ကောင်းတဲ့ စကားဆိုတာတော့ နည်းနည်းလေးမှ ငြင်းလို့ မရပါဘူး

အဲဒီတော့ မင်္ဂလာပါ ဆိုတာကို ကရင်လို ဘယ်လိုပြောရမလဲ?...။
အဲဒီ မင်္ဂလာပါ ဆိုတဲ့ စကားလုံးကို ဘယ်သူထွင်ပြီးပြောခဲ့သလဲ?.....။

မင်္ဂလာပါ ဆိုတဲ့ နှုတ်ခွန်းဆက်စကားကို စ,ပြီး တီထွင်ခဲ့သူကတော့ 'ထွန်းနေ့စဉ်' သတင်းစာကို တည်
ထောင် တည်းဖြတ် ထုတ်ဝေခဲ့တဲ့ စာရေးဆရာ သတင်းစာဆရာကြီး ဦးထွန်းဖေ ပါ။
ဖဆပလ အစိုးရခေတ်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပါသည် တဲ့။

သူ့ရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်းကတော့ ဒီလိုပါ။
သတင်းစာဆရာကြီး ဦးထွန်းဖေ (ထွန်းနေ့စဉ်)၊ (ခရစ်နှစ် ၁၉၀၀-၁၉၇၄ခုနှစ်)သည် မိတ္ထီလာခရိုင်၊ မလှိုင်မြို့ နယ်၊ သရက်ကောင်းပင်ရွာဇာတိဖြစ်သည်။
မိတ္ထီလာ အေ-ဘီ-အမ် ကျောင်းတွင် စ,တင်ပညာဆည်းပူးခဲ့ပြီး ၁၉၁၈ခုနှစ်တွင် မန္တလေးမြို့ ဗုဒ္ဓသာသနာ
နဂ္ဂဟ ကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့သည်။
ရန်ကုန်ကောလိပ်တွင် ဆက်လက်ပညာဆည်းပူးသင်ကြားခဲ့ပြီး ၁၉၂၀ပြည့်နှစ်၌ ပေါ်ပေါက်ခဲ့သော ပထမ
တက္ကသိုလ်ကျောင်းသား သပိတ်၏ ခေါင်းဆောင်တစ်ဦးအဖြစ် နိုးကြားတက်ကြွစွာ ပါဝင်ခဲ့သည်။
သပိတ်မှောက် ကျောင်းသားခေါင်းဆောင် ၂၆ ဦး ကော်မတီ တွင် ကော်မတီဝင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံ ခဲ့ရသည်။
ဆိုပြီး အဲဒီလို ရေးထားတာဘတ်ရပါတယ်။

မင်္ဂလာပါ ဆိုတဲ့စကားကို နည်းနည်းလေး တွေးကြည့်ကြရအောင်။
မိတ်ဆွေအနေနဲ့ ကျုပ်ကို မင်္ဂလာပါ လို့ ပြောလာပြီဆိုလျင် ကျုပ်ကလည်း မင်္ဂလာပါ လို့ ပြန်ပြောလိုက်တယ် ဆို ပါတော့၊ ဟုတ်ပြီ ဒီလိုဆိုလျင်ဖြင့် မင်္ဂလာ ဆိုတာ ဘာလဲ?.....။
မကောင်းတဲ့ အ,ကုသိုလ်တရားတွေကို ပယ်ဖျက် နှိမ်နင်းခြင်းဟာ မင်္ဂလာဖြစ်ပါတယ်တဲ့။
မိမိကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်မှာ မကောင်းသောအရာတွေ မရှိပဲ၊ ကောင်းမွန်တဲ့အရာတွေနဲ့ ပြည့်စုံနေတာ
ကို မင်္ဂလာလို့ ခေါ်ပါသည် တဲ့။

မင်္ဂလာရှိဘို့ မိမိကိုယ်တိုင်လုပ်ယူရပါတယ်။
တခြား ဘယ်သူမှ လာလုပ်ပေးလို့ မရပါဘူး။
မင်္ဂလာ ဆိုတာ အကျဉ်းချုပ်အားဖြင့်တော့ ကျက်သရေအပေါင်းနှင့် ပြည့်စုံတာကို ဆိုပါသည် တဲ့။
အဲဒီတော့ ကျက်သရေအပေါင်းနဲ့ ပြည့်စုံပါစေ ကို ကရင်လို ဘယ်လိုပြောသလဲ?.....။
ကရင်လို ကျာ်သြီ့ဍုဂ်ပါင်လာ.ဆါ်(ကျိုင်သရိဒေါင်ပိုင်လာဆိုင်) လို့ ပြောလိုက်ခြင်းအားဖြင့် မင်္ဂလာပါ လို့ နှုတ်
ဆက်တာနဲ့ အတူတူပါပဲလို့ ပြောချင်ပါတယ်။

ကဲ အဲဒီတော့ လူငယ်လေးတွေ ဗမာလို မင်္ဂလာပါ ဆိုတဲ့နှုတ်ဆက်စကားကို ကရင်လို ကျိုင်သရိဒေါင်ပိုင်
လားဆိုင် လို့သာ နှုတ်ဆက်လိုက်ကြပါ။
တယောက်နဲ့ တယောက် ရဲရဲကြီးကို နှုတ်ဆက်လိုက်ပါ။
နိုင်ငံခြားသားတွေနဲ့ ဆုံရင်လည်း ရဲရဲကြီးသာ နှုတ်ဆက်လိုက်ပါ။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။
သူငယ်ချင်းမိတ်ဆွေတွေက ကိုယ့်ကို အှ်ဆံင်းလာ.ဆါ် ပဲဖြစ်ဖြစ် ကျာ်သြီ့ထင်းထ၀့်လာ.ဆါ် ပဲဖြစ်ဖြစ် နှုတ်
ဆက် လာမယ်ဆိုရင်တော့ ကိုယ်က ဍုဂ်ပါင်လာ.ဆါ် ဆိုတာကို ပြန်ပြောပေးဘို့ မမေ့ပါနဲ့။
တဆက်တည်း သူနှုတ်ဆက်သလို ပြန်နှုတ်ဆက်ပါ။
သူက ကိုယ့်ကို အှ်ဆံင်းလာ.ဆါ် ဆိုရင် ကိုယ်ကလည်း အှ်ဆံင်းလာ.ဆါ် ပေါ့။
ကျာ်သြီ့ထင်းထ၀့်လာ.ဆါ် လို့ ဆိုရင်လည်း ကျာ်သြီ့ထင်းထ၀့်လာ.ဆါ် လို့ ပြန်ပြီးခွန်းဆင့်လိုက်ပေါ့နော်။

ဍုဂ်ပါင်လာ.ဆါ် ဆိုတာက ပြည့်စုံပါစေ။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ လို့ အဓိပ္ပါယ်ရပါတယ်။

ကျန်းမာ ချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

အချက်အလက် အချို့ကို အောက်ဖေါ်ပြပါ လိပ်စာများမှ တိုက်ရိုက် ကူးယူဖေါ်ပြပါသည်။

http://knowledgebanknew.blogspot.com/2015/06/blog-post_65.html
http://ashinkelasa.blogspot.com/2007/07/blog-post_23.html