• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, September 15, 2015

အိပ်မက်မက်သူနဲ့ စကား ပြောနိုင်သလား

အိပ်မက်မက်သူနဲ့ စကား ပြောနိုင်သလား

2015-08-14

ရုပ်ရှင်တို့ ရုပ်သံ ဇာတ်လမ်းတို့ထဲမှာ အိပ်မက်ထဲအိပ်မက်မက်တဲ့လူနဲ့ စကား ပြောတဲ့ မြင်ကွင်းကို ခဏ
ခဏ တွေ့မြင်ဖူးပါလိမ့်မယ်။
အထူးသဖြင့် သူလျှို ဇာတ်ကားထဲမှာ ဒါဟာ လျှို့ဝှက်သတင်းရရှိတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်။
အဲဒီလိုဆိုတော့ အိပ်မက် မက်သူနဲ့ စကားပြောနိုင်ပါသလား။
အင်တာနက်မှာ အဖြေအများစုကတော့ မရဘူးလို့ဆိုကြပါတယ်။
ဒီလိုဖြစ်ရင် အိပ်မက် မက်သူ ရုတ်တရက် သေဆုံးတတ်တယ်၊ ဒါမှမဟုတ်ရင် လူအကြီး ဖြစ်သွားတတ်တယ်
လို့ ဆိုတယ်။
ရှန်ဟိုင်းမြို့ တိုင်းရင်းဆေးပညာ အိပ်ရေးအထူးကုဌာနက ဆရာဝန် ရှီမင်က၊ ပုံမှန် အခြေအနေမှာ အိပ်မက် မက်သူနဲ့ စကား ပြောတာ ရုတ်တရက် သေဆုံးတာမျိုး ဖြစ်မှာ မဟုတ်ဘူး၊
လူရဲ့အိပ်ရေးကို နှောင့်ယှက်မှာလည်း မဟုတ်ဘူး။
လူရဲ့အိပ်ရေးကိုအရမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ရေးကျတာနဲ့ သိပ်အိပ်ရေးမကျတာဆိုပြီး နှစ်မျိုး ခွဲထားတယ်။
သိပ်အိပ်ရေးမကျတဲ့အချိန်မှာ လူဟာ အနီးအနား လူတွေရဲ့အပြောအဆို၊ အပြုအမူကို ခံစားနိုင်တယ်၊ အသိ
မဲ့ အခြေအနေမျိုးမှာ အနီးအနားက လူတွေနဲ့ စကား ပြောနိုင်တယ်။
အရမ်းအိပ်ရေး ကျနေတဲ့အခါ၊ ဦးနှောက် အနားယူနေပြီဖြစ်တဲ့အတွက် အသံ တိုးတိုးလေး ကြားရင် နိုးလာ
မှာ မဟုတ်ဘူး။

ဒါကြောင့် သူတို့နဲ့ စကား ပြောတာ ဘေးအန္တရာယ် ရှိမှာ မဟုတ်ဘူး။
ဒါပေမယ့် တကယ်လို့ အိပ်မက် မက်တဲ့လူ ကြောက်လန့်နေတာကို တွေ့ရင် ချက်ချင်း နှိုးသင့်ပြီး သူ့ကို ပုံစံ
ပြောင်း အိပ်ခိုင်းသင့်တယ်လို့ သိရပါတယ်။

http://myanmar.cri.cn/666/2015/08/14/1s38257.htm