ဘယ်လို အိပ်ရင် အသက် ပိုရှည်နိုင်မလဲ
2015-08-14
အိပ်တဲ့အခါ ခေါင်းကို မြောက်ဘက်ကို ဦးတည်၊ ခြေထောက်ကို တောင်ဘက်ကို ဦးတည် သင့်တယ်လို့
ကျွမ်းကျင်သူတွေကဆိုပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာကြီးမှာ သံလိုက်စက်ကွင်း ရှိပြီး အဲဒီသံလိုက်စက်
ကွင်းရဲ့ မျဉ်းကြောင်းဟာ တောင်-မြောက် ဖြစ်ပါတယ်။
ခေါင်း ကိုမြောက်ဘက် ဦးတည်၊ ခြေထောက်ကို တောင်ဘက်ထားပြီးအိပ်ရင် ကမ္ဘာ့သံလိုက်စက်ကွင်းရဲ့ လူ
ကိုယ်ခန္ဓာ အပေါ် နှောင့်ယှက်မှုဟာ အတတ်နိုင်ဆုံး လျော့နည်းလာစေကာ အိပ်ရေး ပို ဝ စေနိုင်ပါတယ်။
ပညာရှင်တွေက၊ ညာဘက်ကို စောင်းပြီး ကိုယ်ခန္ဓာကို နည်းနည်းကွေးအိပ်တာဟာ အကောင်းဆုံး အိပ်
နည်းဖြစ်တယ်လို့ ဆိုကြတယ်။
လူရဲ့နှလုံးဟာ ဘယ်ဘက်မှာရှိတယ်။
အစာအိမ်၊အူ လမ်းကြောင်းနဲ့အသည်းတို့ကျတော့ ညာဘက်မှာ ရှိတယ်။
ဒါကြောင့်၊ညာဖက်ကို စောင်းအိပ်ရင် နှလုံးဖိအား လျော့လာစေနိုင်တဲ့အပြင် အစာချေခြင်းအတွက်လည်း
အကျိုးရှိနိုင်ပါတယ်။
ဒါပေမယ့် ရောဂါသည်ဆိုရင်တော့ ဒီလိုမဟုတ်ပါဘူး။
ဥပမာ အဆုတ်၊ တီဘီရောဂါသည်၊ ဘယ်ဘက် အဆုတ် ရောဂါရှိရင် ဘယ်ဘက် စောင်းအိပ်သင့်ပါတယ်။
ညာဘက် အဆုတ် ရောဂါ ရှိရင် ညာဘက် စောင်းအိပ်သင့်တယ်။
နှစ်ဖက်စလုံး ရောဂါရှိရင် ပက်လက် အိပ်သင့်ပါတယ်။
ရင်ကျပ်ရောဂါ ရှိရင် တစ်ဝက်ထိုင် တစ်ဝက်အိပ်ပုံနဲ့ အနားယူသင့်တယ်။
အစာအိမ် ရောင်နာတာရှိရင် ဘယ်ဘက် စောင်းအိပ်သင့်တယ်။
သည်းခြေ ရောင်နာခြင်းနဲ့ သည်းခြေ ကျောက်တည်ရောဂါသည် ဆိုရင် ညာဘက် စောင်းအိပ်သင့်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
Copy from http://myanmar.cri.cn/666/2015/08/14/1s38255.htm