• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, December 9, 2015

ခရစ္စမတ် လက်ဆောင်


December 08, 2015
Tuesday

ခရစ္စမတ် လက်ဆောင်

By မင်းစိုးစံ

လူတိုင်းလူတိုင်းမှာ ခံစားချက်တွေရှိကြပါတယ်။
အဖြစ်ဟောင်းတွေလည်း ရှိတတ်ကြပါတယ်။
စောင်းသမားလေးနဲ့ အငြိမ့်မင်းသမီးလေး တို့လိုဇာတ်လမ်းမျိုး။
မင်းကုသနဲ့ ပပ၀တီ မင်းသမီးလေး တို့လို ဇာတ်လမ်းမျိုး။
ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ လိုဇာတ်လမ်းမျိုး။
ကရင်ရာဇ၀င်ထဲက သူလင့်(သူလောင့်) နဲ့ နာန်မူးအါင်(နောင်မူးအိုင်) တို့ဇာတ်လမ်းတွေ။
စသည်ဖြင့်ပေါ့လေ။
ရေးမယ်ဆို အများကြီး။

ကျုပ်လည်း ငယ်ရာက ကြီးလာတဲ့လူတယောက်ဆိုတော့ အဖြစ်ဟောင်းဆိုတာ ရှိပါတယ်။ ဆိုရိုးစကားရှိတယ်လေဗျာ။
ငယ်ချစ်ဦးကို မြေးဦးချီတာတောင်မှ မမေ့နိုင်ဘူး ဆိုတာ။
ရှေးရှေးတုန်းက ပြောတာလည်းရှိတယ် ငယ်ကအချစ် နှစ်ပေါင်းတစ်ရာ မမေ့သာ တဲ့။
ဒီတော့ ကျုပ်လည်း အချစ်အကြောင်းရေးတော့မယ်လို့ ထင်နေကြသလား။
မရေးပါဘူးဗျာ။
အသက်က နေစောင်းနေပြီ။ ငယ်ငယ်တုန်းက အူကြောင်ကြောင်အကြောင်းတွေရေးလို့ ဘာထူးမှာတဲ့တုန်း။

အခုရေးမှာက ကျုပ်ရဲ့လက်တလော ဖြစ်နေတဲ့ စိတ်အကြောင်းပါ။
အရင်တုန်းက ကျုပ်ဟာ ဖူ့တာမိက်(ဖုတာမိုက်)ဆိုတဲ့ခေါင်းစဉ်အောက်မှာ စာတွေရေးဘို့ Blog တခုကို သူ
ငယ်ချင်းတွေရဲ့ ကူညီထောက်ပံ့မှုနဲ့ ထင်သမျှအကုန် ရေးနေခဲ့ပါတယ်။
အခုလည်း Face book ဆိုတာပေါ်လာပြန်တော့ သူငယ်ချင်းတွေရဲ့ ဖေးမကူညီမှုနဲ့ပဲ ထင်တာတွေလျှောက်
ရေးနေတုန်းဖြစ်ပါတယ်။
ထင်ထားသမျှတွေ ရေးနေတာအတူတူ အခုတော့ Face book ဘက် အားသာနေတာကို သတိပြုမိပါတယ်။
လူအများစုက Face book ကို သုံးနေကြတာဆိုတော့ မိမိသိစေချင်တဲ့ အကြောင်းအရာလေးတွေကို မျှဝေ
ခြင်းအားဖြင့် ပိုပြီးအကျိုးရှိမယ်လို့ ယုံကြည်လို့ပါ။
Face book ကို လူသုံးများတာမှန်ပေမယ့် စာတိုတိုလေးတွေလောက်ပဲဘတ်ကြပြီး ဓါတ်ပုံလှလှလေးတွေကို
ပဲ သဘောကျကြတာများတာကို သတိထားမိပါတယ်။

တချို့စာတွေက အရှည်ကြီးရေးမှ အချက်အလက်ပြည့်စုံနိုင်တဲ့ စာမျိုးတွေဖြစ်တတ်သလို တချို့စာတွေကျတော့
တိုတိုလေးနဲ့ အကျိုးရှိတဲ့ စာတွေလည်း ရှိတတ်ပါတယ်။
မိတ်ဆွေတို့ရော Blog နဲ့ Face book နှစ်ခုထဲက ဘယ်အခုကို ပိုပြီး ကြိုက်သလဲ။
ဘာကြောင့် ပိုကြိုက်ရတာလဲ။

ဘာလိုလိုနဲ့ ခရစ္စမတ်နေ့တောင် ရောက်တော့မယ်။
ဒါကြောင့် ၂၀၁၃ခုနှစ်တုန်းက ခရစ္စမတ်နေ့အတွက် သူငယ်ချင်းမိတ်ဆွေ Blogger တွေနဲ့ ကျုပ်ရဲ့ စာဖတ်ပ
ရိတ်တွေအတွက် ရည်ရွယ်ပြီး တင်ထားခဲ့ဘူးတဲ့ ရုပ်သံဖိုင်လေးတခုကို ခရစ္စမတ်လက်ဆောင်အဖြစ် ပြန်ပြီး
တင်ပေးလိုက်ပါတယ်။
အသစ်ကိုတင်ပေးချင်ပေမယ့် Software မရှိတော့လို့ အဟောင်းတွေတင်ပေးရတာ စိတ်မကောင်းဖြစ်မိတာ
အမှန်ပါ။
မကြာခင်မှာတော့ အားလုံးအဆင်ပြေသွားမှာပါ။

ကျန်းမာချမ်းသာ ကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)