• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, December 19, 2015

ရေခဲမိုး


December 19, 2015
Saturday

ရေခဲမိုး

By မင်းစိုးစံ

မင်္ဂလာအပေါင်းနဲ့ ခ,ညောင်းနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
Blog မရေးဖြစ်တာအတော်ကြာခဲ့ပါပြီ။

ပြည်ထောင်စုသမ္မတ ဗမာနိုင်ငံတော်(ပြည်ထောင်စုသမ္မတ မြမ္မာနိုင်ငံတော်) နေရာဒေသအချို့မှာ ရွှေမိုးငွေ
မိုး ကျောက်သံပတ္တမြားမိုးတွေ ရွာနေတယ်ဆိုတာ Face book တွေမှာတွေ့ရတော့ ယုံရအခက် မယုံရအ
ခက်နဲ့ ယုံဘို့ဆုံးဖြတ်ရတာ အင်မတန်ခက်ပါတယ်။
ကာင်းတဲ့အတိတ်နမိတ်လို့ ပြောနိုင်သလို အကောင်းကို မျှော်လင့်ထားတဲ့အတိုင်း အဆိုးတွေအတွက်လည်း ကြိုတင် ပြင်ဆင်ထားဘို့ လိုမယ်လို့ထင်ပါတယ်။

အခါတပါးမှာတုန်းက သူတော်စင်ရသေ့တပါးကို အထင်မှားအမြင်မှားတွေနဲ့ ပြည့်တန်ဆာမ က စ,ပြီး စစ်
သူကြီးနဲ့ ဘုရင်အထိ တံတွေးနဲ့ထွေး ရိုက်ပုတ်၊ ကန်ကျောက်လုပ်လို့ ရာထူးတွေတက် စစ်တိုက်တိုင်းနိုင်တဲ့
အပြင် သူတို့တိုင်းပြည်မှာ ရွှေမိုးငွေမိုးပတ္တမြားမိုးတွေရွာချလိုက်တာ ပျော်မဆုံးမော်မဆုံး တပြုံးပြုံးရှိနေရာက
နောက်ဆုံး သူတော်ကောင်းကို ပြစ်မှားမိတဲ့အတွက် လက်နက်မိုးတွေရွာ၊ မီးကျည်မိုးတွေရွာလို့ အသက်ဆုံး
ရတယ် ဆိုတဲ့တရားကို နာခဲ့ရဘူးပါတယ်။

ဘာကြောင့်လဲဆိုတော့ ပြည်ထောင်စုသမ္မတ ဗမာနိုင်ငံတော်(ပြည်ထောင်စုသမ္မတ မြမ္မာနိုင်ငံတော်) ကို
အုပ်ချုပ် မင်းလုပ်တဲ့ ဗမာစစ်အစိုးရလက်ထက်မှာ သံဃာတော်တွေ လူတွေကို မထင်လျင်မထင်သလို ဘမ်း
ဆီးနှိပ်စက်မှုတွေ ပြုလုပ်တဲ့အတွက် အဲဒီလိုခံရတဲ့ သံဃာတော်တွေ လူပုဂ္ဂိုလ်တွေထဲမှာ သူတော်စင်မပါဘူး
လို့ မပြောနိုင်ပါဘူး။
ဒါကြောင့် အဆိုးဆုံးအတွက်လည်း ပြင်ထားဘို့လိုတယ်လို့ ပြောတာပါ။

ဒါကတော့ တဆင့်ကြားနာရတာဆိုတော့ အရေးမကြီးပါဘူး။
ဘုရားရှင်ကလည်း ပြောထားပြီးသား။
ငါပြောလို့ ဆိုပြီးမယုံပါနဲ့။
ကျမ်းဂန်တွေထဲမှာရှိလို့ ဆိုပြီးတော့လည်း မယုံပါနဲ့။
ကိုယ့်အသိဉာဏ်လေးနဲ့ ချင့်ချိန်ပြီး ယုံကြပါ တဲ့။

ဒါတွေအသာထားပြီး Blog မရေးဖြစ်တဲ့ အကြောင်းလေး ရေးပြချင်ပါတယ်။
Blog မှာ ရုပ်သံဖိုင်ကို တိုက်ရိုက်တင်လို့မရပါဘူး။
You tube ကနေတဆင့် တင်ရပါတယ်။
You tube ကလည်း သူပေးထားတဲ့ မိနစ်ထက်ပိုတဲ့ ရုပ်သံဖိုင်ဆိုရင် အတော်စကားများပါတယ်။

Face book ကျတော့ တိုက်ရိုက် တင်လို့ရသလို မိနစ်အကန့်အသတ်လည်း မရှိပါဘူး။
ဒီတော့ Face book မှာပဲ ရေးဖြစ်တင်ဖြစ်ပါတယ်။
Face book မှာ စိတ်ပျက်စရာကောင်းတာက လူအနည်းစုလောက်ပဲ စာရှည်ရှည်ဘတ်ရတာကို စိတ်ဝင်စား
ကြပြီး အများစုကတော့ ဓါတ်ပုံတွေနဲ့ ရုပ်သံဖိုင်အပိုင်းအစလေးတွေကိုသာ သဘောကျကြတာ တွေ့ရပါ
တယ်။
အခု ရေခဲမိုးတွေရွာတဲ့ ရုပ်သံဖိုင်လေး တင်ပေးလိုက်ပါတယ်။
အလိမ်အညာတွေမပါပါဘူး။
ဒါပေမယ့် မလိုအပ်တဲ့အသံတွေကိုတော့ ဖျက်ထားပါတယ်။
စိန်မိုးမဟုတ်သလို ငါးမိုး ဖါးမိုးလည်း မဟုတ်ပါဘူး။


ကျန်းမာချမ်းသာကြပါစေ

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)