• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, January 11, 2016

ပထမဦးဆုံးအကြိမ် မိဘပူဇော်ပွဲကျင်းပခြင်း

သားငယ်လေးနှစ်ဦးမှ မိဘနှစ်ပါးကို ကန်တော့နေစဉ်

ပထမဦးဆုံးအကြိမ် မိဘပူဇော်ပွဲကျင်းပခြင်း

January 11, 2016
Monday

By မင်းစိုးစံ

ကရင့်နှစ် ၂၇၅၅ခုနှစ်မှာ မိတ်ဆွေသင်္ဂဟများအားလုံး ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံနိုင်ကြပါစေ။
အမျိုးဘာသာ သာသနာကို လေးစားတန်ဘိုးထားလိုစိတ် ယုံကြည်မြတ်နိုးတတ်တဲ့စိတ် မိဘဆရာသမားများ
နဲ့တကွ လူကြီးသူမများအပေါ် ရိုသေလေးစားတတ်တဲ့စိတ်တွေ ပေါ်ပေါက်လာစေဘို့အတွက် မျိုးဆက်သစ်
လေးတွေကို မိဘကန်တော့ပွဲလေး တပွဲ January 10, 2016 တနင်္ဂနွေနေ့မှာ ဆရာတော် ဦးကုဝေရ က ဦး
ဆောင်ဦးရွက်ပြုပြီး ကိုချစ်ဆွေတို့ မိသားစုရဲ့အိမ်မှာ မိဘအုပ်ထိန်းသူများနဲ့အတူ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဒီလိုသီးသန့်ပွဲမျိုးကို ဒီအကြိမ်ကတော့ဖြင့် ပထမဦးဆုံးကျင်းပခြင်းဖြစ်ပေမယ့် သက်ကြီးပူဇော်ပွဲကိုတော့ အ ကြိမ်အတော်များများကျင်းပ ဖြစ်ခဲ့ပြီးဖြစ်ပါတယ်။
မျိုးဆက်သစ်လေးတွေကို အခုလိုသီးခြားအစီအစဉ်အနေနဲ့ ကျင်းပပြုလုပ်ပေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်
ကတော့ ဘာသာတရားအပေါ်မှာ စိတ်ဝင်စားမှုရှိလာစေဘို့နဲ့ဘာ သာတရားနဲ့ ကင်းကွာသွားမယ့်အရေးက
နေ ကာကွယ်ဘို့ဖြစ်ပါတယ်။

ကလေးသူငယ်လေးတွေကို ဒီအရွယ်ကလေးကနေ စပြီး ဘာသာတရားကိုင်းရှိုင်းဘို့ သွန်သင်လမ်းပြပေး
ထားပါမှ သူတို့လေးတွေရဲ့ ရှေ့ဆက်ရမယ့်ခရီးတလျှောက် စိတ်ပိုင်းဆိုင်ရာတွေမှာ ဖွံ့ဖြိုးတိုးတက်ဘို့ အ
ထောက်အကူ ပြုနိုင်ဘို့ လမ်းစဖေါ်ပေးလိုက်ရာလည်း ရောက်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

ဘုန်းတော်ကြီးကျောင်းမှာ မိဘဘိုးဘွားတွေက ဘာသာရေးကိစ္စတွေ ဆောင်ရွက်နေချိန်မှာ ကလေးငယ်အ
များစုက သူတို့နဲ့မဆိုင်သလို ဆော့ချင်သလိုဆော့ ကစားချင်ရာကစား ခုန်ပေါက်ပြေးလွှားတဲ့သူက ပြေးလွှား
နေကြသလို တချို့ကလေးတွေကျပြန်တော့ I pad, Tablet, စတာတွေနဲ့ သီးခြားဖြစ်နေရာကနေ ဘာသာ
ရေးနဲ့ ကင်း လွတ်နေတာမျိုး ဖြစ်သွားမယ့် အန္တရာယ်က ကြောက်ခမန်းလိလိ စိုးရိမ်စရာဖြစ်နေတာ သတိပြု
မိတဲ့အတွက် အခုလို အစပျိုးပေးလိုက်တာဖြစ်ပါတယ်။

ဒီကနေတဆင့် ဘုန်းတော်ကြီးကျောင်းနဲ့ မစိမ်းအောင် ထဲထဲဝင်ဝင်ဖြစ်အောင် အစီအစဉ်လေးတွေလုပ်ပြီး
မျိုးဆက်သစ်လေးတွေကို ဘာသာရေးမှာ စိတ်ပါဝင်စားမှုတိုးတက်ခိုင်မာဖွံ့ဖြိုးလာဘို့ ဆောင်ရွက်ပျိုးထောင်
ပေးရမှာက ကလေးတွေရဲ့မိဘဖြစ်ကြတဲ့ ကျုပ်တို့အယောက်စီတိုင်းရဲ့ တာဝန်ပဲမဟုတ်ပါလားခင်ဗျား။


ဒါကြောင့် မျိုးဆက်သစ်လူငယ်လေးတွေအတွက် ဘာသာတရားနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို ဆရာ
တော် သံဃာတော်များထံ ချဉ်းကပ်လျှောက်ထားမေးမြန်းပြီး အစဉ်မပြတ်ပူးပေါင်းဆောင်ရွက်ဘို့ လိုအပ်နေ
ပါတယ်ဆိုတာ တိုက်တွန်းရေးသားလိုက်ရပါတယ်။
ဗုဒ္ဓဘာသာ သာသနာ ရောင်ဝါနေသို့ ထွန်းစေသောဝ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)