• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, January 8, 2016

တရားနာခြင်းဖြင့် စိတ်ဧချမ်းမှုကို ရယူပါ

နော်မြင့်ဝင်း နှင့် ကျော်လတူ ပရိတ်တရားအလှူ အမှတ်တရ

တရားနာခြင်းဖြင့် စိတ်ဧချမ်းမှုကို ရယူပါ

January 07, 2015
By မင်းစိုးစံ

မင်္ဂလာအပေါင်းနဲ့ ပြည့်ဝကြပါစေ။
လွန်ခဲ့တဲ့ ၂ရက်လောက်က ညနေပိုင်းမှာ နော်မြင့်ဝင်းနဲ့ ကျော်လတူ တို့က သူတို့အိမ်မှာ အန္တရာယ်ကင်း ပ
ရိတ်တရားနာဘို့ ခေါ်လို့လိုက်သွားခဲ့ပါတယ်။

ဆရာတော် ဦးပဏ္ဍိတ ရဲ့ ပဌာန်းရွတ်ဖတ်သရဇ္ဈယ်တာကို ရုပ်သံဖိုင်လေး တင်ပေးချင်တဲ့အတွက် VIDEO
recording အညံ့စားလေးနဲ့ သွားပြီးမှတ်တမ်းယူခဲ့ပါတယ်။
ကံဆိုးချင်တော့ ဆရာတော်ရဲ့ တရားတ၀က်လောက်မှာ ခလုတ်မှားပြီး နှိပ်မိတဲ့အတွက် အသံရော အရုပ်ပါ
မပြည့်မစုံဖြစ်သွားပါတယ်။
ဒါကြောင့် ရှေ့ပိုင်းနဲ့ နောက်ပိုင်းကိုပဲ အဆင်ပြေအောင် ပြုပြင်ပြီး တင်ပေးလိုက်ပါတယ်။

အသံအတိုးအကျယ် ဖြစ်တာမျိုး ကြုံရကြားရမှာမို့ ကျုပ်ရဲ့အားနည်းချက်အတွက် သည်းခံပေးစေလိုပါကြောင်း
အနူးအညွှတ်မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်။
တရားနာခြင်းဖြင့် စိတ်ဧချမ်းမှုကို ရယူနိုင်ကြပါစေ။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)