• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, January 6, 2016

ကျေးဇူးတင်ပါတယ် Brakey

ဟန်ဆောင်မှုကင်းပြီး ချစ်ခြင်းမေတ္တာအပြည့်နဲ့ သီချင်းဆိုနေတဲ့ Brakey
ကျေးဇူးတင်ပါတယ်  Brakey

January 06, 2015
By မင်းစိုးစံ

အားလုံးမင်္ဂလာပါ။
ပထမဦးဆုံးအနေနဲ့ ကရင်တေးသံရှင် နှစ်ဦး ကျုပ်အိမ်ကို အလည်ရောက်လာလို့ အင်မတန်မှ ပီတိဖြစ်ရပါ
တယ်ဆိုတာ ပြောလိုပါတယ်။
သူတို့ကတော့ ဆိင့်ဖါန်(ဆိမ့်ဖေါင်)နဲ့ ဘရိတ်ကီး(Brakey) တို့ဖြစ်ကြပါတယ်။

သူတို့တတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အခြေခံထားတဲ့ နွေးထွေးလှတဲ့ တေးသီချင်းတွေကို ကြားလိုက်ရတဲ့အ
ခါ ကျုပ်အသက် ၃၀လောက် ပြန်ငယ်သွားသလို ခံစားရပါတယ်။
နာမည်ရ အဆိုတော်တွေ ကိုယ့်အိမ်ကို လာလည်တဲ့အတွက်ကြောင့်လည်း ၀မ်းသာဂုဏ်ယူမိပါတယ်။

သူတို့ ကျုပ်အိမ်ကိုလာလည်တဲ့အတွက် ကျုပ်ရင်ထဲမှာ ဘယ်လိုခံစားရသလဲ လို့ ဆိင့်ဖါန်နဲ့ ဘရိတ်ကီးတို့က
သာ မေးလာခဲ့မယ်ဆိုရင် ကျုပ်ပြန်ပြောချင်တာကတော့ ရှေ့တန်းစစ်မြေပြင်ရဲ့ တပ်စခန်းတခုက တပ်ဖွဲ့ဝင်
တွေကို တေးသံရှင်တွေ ရုပ်ရှင်သရုပ်ဆောင်တွေ နှုတ်ဆက်ကြတဲ့ ပွဲလေးတပွဲလို ခံစားရပါတယ်။

ဒါကြောင့် တေးသံရှင်ဘရိတ်ကီး ကျုပ်တို့မိသားစုကို စေတနာမေတ္တာအပြည့်အ၀နဲ့ သီဆိုပေးထားတဲ့ တေး
တွေကို မိတ်ဆွေတွေအတွက် မျှဝေပေးလိုက်ပါတယ်။


ကရင်တေးသံရှင်များဖြစ်ကြတဲ့ ဘရိတ်ကီးနဲ့ ဆိင့်ဖါန်တို့ကို ဘုရားသခင်ကောင်းကြီးပေးပါစေ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)