• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, December 30, 2015

ဆုတောင်းပြည့်ဘို့အတွက် ဘာလိုသလဲ


December 29. 2015
Monday

ဆုတောင်းပြည့်ဘို့အတွက် ဘာလိုသလဲ

By မင်းစိုးစံ

ယခု စာဘတ်နေသည့်မိတ်ဆွေကို မေးကြည့်ချင်ပါသည်။
ဆုတောင်းဘူးပါ၏လော။
ဆုတောင်းဘူးခြင်း မရှိပါက မည်သို့မျှ မပြောလိုသော်လည်း ဆုတောင်းခြင်းအမှုကို ဗမာ့သမ္မကြီး ဦးသိန်း
စိန်လည်း ပြုလုပ်ခဲ့သည်ဟု ဆိုပါလျှင် မိတ်ဆွေယုံပါမည်လော။
ဆုတောင်းဘူးသည်ဆိုပါက မိတ်ဆွေအနေဖြင့် မည်သည့်အတွက်ကြောင့် ဆုတောင်းခြင်းအမှုကိုပြုရပါသ
နည်း။
မိတ်ဆွေတောင်းလိုက်သည့် ဆုလဒ်များကို အမှန်တကယ် ရရှိခံစားခဲ့ဘူးပါ၏လော။
အကျွန်ုပ်ထင်ပါသည် မိတ်ဆွေသည် အကြောင်းအချင်းအရာ တစုံတခုအတွက် ဆုတောင်းမိမည်သာ ဖြစ်၏
သို့သော် တောင်းသည့်ဆုတိုင်း ပြည့်နိုင်မည်မဟုတ်သည်ကို အခါအားလျှော်စွာ ကြုံရမည်မှာဖြစ်၏။
ဆုတောင်းပြည့်ရန် လိုအပ်သည်များကို ပြည့်ပြည့်၀၀စွမ်းဆောင်နိုင်ခြင်းမရှိမှုကြောင့် ဆုလဒ်များလွဲကြရခြင်း
ဖြစ်လိမ့်မည်ဟု ထင်ပါသည်။

ဆုတောင်းခြင်းအမှု ပြုခြင်းအပေါ်ပညာရှင်များက အမျိုးမျိုးအဖုံဖုံကောက်ချက်ချကြသည်များအနက် စာရေးသူ
တဦးရေးသားထားသည်မှာ
ဟိုးရှေးရှေးတုန်းက လူသားတွေဟာ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာရင်း တောမှာနေတဲ့လူက
တောထဲကသားရဲအန္တရာယ်၊ တောမီးလောင်တဲ့အန္တရာယ်။
တောင်ပေါ်မှာနေတဲ့လူကလဲ တောင်ပြိုတဲ့အန္တရာယ်။
မြစ်ချောင်း၊ အင်းအိုင်အနားမှာနေတဲ့လူကလဲ ရေကြီးတဲ့အန္တရာယ် စတဲ့ ကိုယ့်နေရာ ပတ်ဝန်းကျင်အလိုက်
တွေ့ရလေ့ရှိတဲ့အန္တရယ်တွေကို အကြောင်းပြုပြီးတော့ လူသားတွေရဲ့စိတ်ထဲမှာ အကြောက်တရားဟာ တ
ဖြည်းဖြည်းနဲ့ နေရာယူလာတယ်။
လူသားတွေရဲ့သန္တာန်မှာ အကြောက်တရားကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ဓလေ့တစ်မျိုးလို့ ယူဆရတယ်။
အဲဒီအကြောက်တရားနေရာဝင်ယူလိုက်တာနဲ့ အကြောက်တရားကိုတော်လှန်တဲ့စိတ်ဟာလဲ ဆန့်ကျင်ဘက်
သဘောတရားတစ်မျိုးအဖြစ်နဲ့ တွဲပြီးပါလာတယ်။

စာရေးသူ၏ဆိုလိုချက်ကို အကျွန်ုပ်နားလည်သည်မှာ ဆုတောင်းခြင်းအမှုသည် ဘေးအန္တရာယ်မှကင်းလွတ်
လိုသည့်စိတ်ကို အခြေခံသည် ဟု ဆိုလိုဟန်တူပါသည်။
ထိုအချက်ကို အခြေခံလျှက် ဆုတောင်းကြသူအချို့၏ ဆုတောင်းချက်များကို ဘတ်ရှုလေ့လာပြီးနောက် ထို
ပုဂ္ဂိုလ်တို့တောင်းကြသော ဆုတောင်းများသည် မည်သည်ကို ရည်စူးသည်ကို သုံးသပ်ကြည့်စေလိုပါသည်။

ယမမင်းကြီး၏ ဆုတောင်း ငါးမျိုး။
(၁) လူဖြစ်ရင် ကောင်းမှာပဲဟု တောင့်တသည်။
(၂) လူဖြစ်လျင်လည်း ဘုရားရှင်နှင့် တွေ့ရပါစေဟု တောင့်တသည်။
(၃) ဘုရားနဲ့တွေ့လျင်လည်း ဘုရားရှင်နား၌အလုပ်အကျွေးပြုလျှက် နီးကပ်စွာချဉ်းကပ်နိုင်ရပါစေဟု တောင့်
တသည်။
(၄) ဘုရားရှင်၏ တရားကို နာကြားရပါစေဟု တောင့်တသည်။
(၅) တရားနာပြီးနောက် တရားသိရပါစေဟု တောင့်တသည်။

ယမမင်းသည် သူတော်ကောင်းကြီးဖြစ်သည်။
ငရဲပြည်သို့ ရောက်လာသူများကို လူ့ဘ၀တလျှောက်လုံး မည်သည့် ကောင်းမှုကုသိုလ်မျှမပြုပဲ မေ့လျှော့နေ
သူများအား တွေ့မြင်ရသောအခါ သံဝေဂ ရသဖြင့်အထက်ဖေါ်ပြပါ ဆုငါးမျိုးကို တောင်းခြင်းဖြစ်သည်။

သံဝေဂ ရသဖြင့်တောင်းသည့်ဆု ရှိသည့်နည်းတူ အမုန်းတရားဖြင့်တောင်းသည့် ဆုများလည်း ရှိ၏။
ထင်ရှားသည်မှာ ဆဒ္ဒန်ဆင်မင်းဇာတ်တော်တွင် စူဠသုဘဒ္ဒါ တောင်းသောဆုသည် အမှန်တကယ်ပင်ပြည့်စုံ
ခဲ့သည်ဖြစ်၏။
ဦးစွာပထမ စူဠသုဘဒ္ဒါ ဆုတောင်းအား ဘတ်ရှုလေ့လာပြီးနောက် မည်သည့်အတွက်ကြောင့်ပြည့်ဝရသည်
ကို လေ့လာပြီး သုံးသပ်စေချင်ပါသည်။

၁။ အရှင်မြတ်တို့ဘုရား ...ဤဆင်ဘ၀မှ စုတေခဲ့သော် မဒ္ဒရာဇ်မင်းမျိုး၌ ဖြစ်ရပါလို၏။
၂။ ထိုမင်းမျိုး၌ သုဘဒ္ဒါ အမည်ရှိသော မင်းသမီး ဖြစ်ရပါလို၏။
၃။ အရွယ်ရောက်လတ်သော် ဗာရာဏသိဘုရင်မင်းကြီး၏ အဂ္ဂမဟေသီမိဖုရားအဖြစ်သို့ ရောက်ရှိရပါလို၏။
၎။ ထိုဗာရာဏသိဘုရင်မင်း၏ ချစ်မြတ်နိုးအပ်သည့် မိဖုရားဖြစ်ရပါလို၏။
၅။ ထိုဗာရာဏသိဘုရင်ကို မိမိ၏ အလိုအကြိုက်သို့ လိုက်ပါနိုင်အောင် ဆွဲဆောင်နိုင်စွမ်းရှိသူ ဖြစ်ရပါလို၏။
၆။ ထိုဗာရာဏသဘိရှင်ဘုရင်အားပြောကြား၍ မဆိုးတစ်ယောက်ကိုစေခိုင်း၍ ဤဆဒ္ဒန်ဆင်မင်းကို ဆိပ်
လူးမြားဖြင့် ပစ်ခွင်းစေ၍အသက်ကုန်အောင်သတ်နိုင်ရပါလို၏။
၇။ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူးစမ္ပယ်လျက်ရှိသော ဆင်စွယ်အစုံတို့ကို ဆောင်ယူစေခြင်းငှာ စွမ်း
နိုင်သူ ဖြစ်ရပါလို၏။
ဤသည်တို့ကား စူဠသုဘဒ္ဒါ၏ ဆုတောင်းခန်းများပင်ဖြစ်ကြ၏။

ဆူဠသုဘဒ္ဒါ၏ ဆုတောင်းပြည့်စုံရခြင်းမှာ အင်္ဂါ (၅)ရပ်နှင့် ပြည့်စုံနေခြင်းကြောင့်ဖြစ်၏။
၁။ သစ်သီးဝလံတို့ကိုလှူသော ဆူဠသုဘဒ္ဒါသည် သီလရှိသူဖြစ်ခြင်း။
၂။ တရားသော နည်းလမ်းဖြင့် ရှာဖွေရရှိသော လှူဖွယ်ဝတ္ထု ဖြစ်ခြင်း။
၃။ ကြည်လင်သော စိတ်ထားရှိခြင်း။
၎။ ပြန့်ပြောကြီးကျယ် မြင့်မြတ်သော ကံ-ကံ၏အကျိုးကို ယုံကြည်သောသဒ္ဓါတရား ထင်ရှားရှိခြင်း။
၅။ အလှူခံပုဂ္ဂိုလ်တို့၌လည်း အဖြူစင်ဆုံးသော သီလရှိနေခြင်း။

ထိုအချက်များနှင့်ပြည့်စုံပါလျှင် မိမိ၏ဆုတောင်းများ ဧကန်ပြည့်စုံမည်ကို ဖေါ်ညွှန်းနေသောကြောင့် အကျွန်ုပ်တို့ တောင်းသမျှဆု မပြည့်ဝပဲ လွဲချော်နေခြင်းဖြစ်နေရသည်ဟု ထင်ပါ၏။
မိမိတောင်းသောဆု အမှန်တကယ်ပြည့်စုံစေကာမူ စူဠသုဘဒ္ဒါသည် ဆဒ္ဒန်ဆင်မင်း၏အစွယ်ကို ရင်ခွင်တွင်
ပိုက်ထွေးကာ နောင်တတရားတို့ဖြင့်ငိုကြွေးရရှာ၏။
နောင်တတရားနှင့် သံဝေဂတရားသည် မသိလျှင် ဆင်တူရိုးမှားဖြစ်နိုင်ခြေရှိသော်လည်း လွန်စွာခြားနား
သည်ကို အထင်အရှားတွေ့နိုင်၏။
သံဝေဂ ဟူသည် သူတပါးကြုံတွေ့ခံစားနေရသည့် အဖြစ်အပျက်အပေါ် သတိပြုမိခြင်း ဖြစ်ပြီး နောင်တ ဟူသည်ကား မိမိကိုယ်တိုင်ကြုံဆုံရင်ဆိုင်ရမှ ရရှိသော အသိတရားဖြစ်၏။ ဟု နားလည်မိပါ၏။
သံဝေဂ ရသဖြင့် ဆုတောင်းကြသည့်ပုဂ္ဂိုလ်များ၏ ဆုတောင်းခြင်းများအနက်အချို့ကို ဖေါ်ပြလိုပါသည်။

ကဏှရသေ့ကြီး၏ ဆုတောင်း ၆မျိုး။
(၁) ငါသည် ဘ၀ဆက်တိုင်း ဒေါသမရှိသူ ဖြစ်ပါရစေ။
(၂) ငါသည် ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ။
(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ။
(၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ။
(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ။
(၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ။

အကိတ္တိရှင်ရသေ့၏ ဆုတောင်း ၁၈မျိုး။
(၁) လောဘမရှိသူ ဖြစ်ရပါလို၏။
(၂) ဒေါသမရှိသူ ဖြစ်ရပါလို၏။
(၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်။
(၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်။
(၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်။
(၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်။
(၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်။
(၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ။
(၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ။
(၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ။
(၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ။
(၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ။
(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ။
(၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ။
(၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ။
(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ။
(၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ။
(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်။

“ဘဒ္ဒ န္တဥာဏ၀ရ” ဒီပဲယင်းဆရာတော်ကြီး၏ ဆုတောင်း(၁၀)မျိုး။
(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ။
(၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ။
(၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရစေ။
(၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်။
(၅) ငါသည် အခြားသတ္တ၀ါများကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်။
(၆) ငါ့အားလည်း အခြားသတ္တ၀ါတို့က မညှင်းဆဲကြပါစေနှင့်။
(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်။
(၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်။
(၉) သတ္တ၀ါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ။
(၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ။

သံဝေဂ တရားများကို အခြေခံလျှက် ဆုတောင်းကြသောပုဂ္ဂိုလ်များ၏ ဆုတောင်းများကို ဖေါ်ပြပေးပြီးသည့်
နောက် နောက်ဆုံးအနေဖြင့် ဗမာ့သမ္မတကြီး ဦးသိန်းစိန်၏ ဆုတောင်းအား ဆက်လက်ဘတ်ရှုစေလိုပါ၏။
ညောင်တုန်းမြို့ ဧရာဝတီတံတားဖွင့်ပွဲတွင် ဗမာ့သမ္မတကြီး ဦးသိန်းစိန် တောင်းသည့်ဆုကား အောက်ပါအ
တိုင်းဖြစ်ပါလေ၏။

ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုင်းပြည်၏ရတနာတပါးဖြစ်သည့် ဆင်ဖြူတော်တစ်စီး ရှားပါးစွာပေါ်ပေါက်
လာခဲ့ပြီဖြစ်သဖြင့် ဧရာဝတီတိုင်းသားများ ဆင်ဖြူတော်ကြီးကယ့်သို့ မွန်မြတ်သည့်စိတ်ထားများ ထားနိုင်ကြ
ပါစေ၊ ဆင်ဖြူတော်ကြီးကယ့်သို့ ခွန်အားဗလနှင့်ပြည့်စုံပြီး ဒေသအကျိုး တိုင်းပြည်အကျိုးအတွက် စွမ်းစွမ်းတ
မံ သယ်ပိုးနိုင်ကြသူများ ဖြစ်ကြပါစေ ဟူ၏။

အထက်တွင် ဖေါ်ပြပြီးသကယ့်သို့ ဗမာ့သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ဧရာဝတီတိုင်းသားများအပေါ် ဆု
တောင်းပေးလိုက်ခြင်းများသည် သံဝေဂ တရားကို အခြေခံပြီးဆုတောင်းသည်လော၊ နောင်တ တရားကို အ
ခြေခံသည်လော၊ အမုန်းတရားကို အခြေခံသည်လော၊ ထမင်းမြိန်ရေးအတွက်လော ဆိုသည်ကို ကာယကံ
ရှင်သာလျှင် သိနိုင်သည်ဖြစ်ပါသောကြောင့် မည်သို့သောတရားအပေါ် အကြောင်းအချက်အပေါ် အခြေခံ၍
ဆုတောင်းသည်ဖြစ်စေ အထက်တွင်ဖေါ်ပြခဲ့သည့် အင်္ဂါ ၅ရပ်နှင့်ပြည့်စုံခြင်းရှိမှု မရှိမှုအပေါ်တွင်သာ မူတည်
သည်ကို အောက်တွင်ဖေါ်ပြထားသည့် အဆိုက ထောက်ပြနေသယောင်ယောင် ရှိနေပါကြောင်း။

Praying is like a rocking chair- it'll give you something to do, but it won't get you anywhere.
ဆုတောင်းတယ်ဆိုတာ ကျောက်ကုလားထိုင်တစ်လုံးလိုပါပဲ။
သင့်အတွက် လုပ်စရာတစ်ခုခုတော့ ပေးလိမ့်မယ်။
ဒါပေမယ့် ဘယ်ဆီမှတော့ ပို့ပေးမှာမဟုတ်ဘူး။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက်
အောက်ပါ စာစုများကို ဘတ်ပြီးရေးသားခြင်းဖြစ်ပါသည်။

http://kominhtet.blogspot.com/2008/10/blog-post_4868.html
http://moegokeyeikthakhayan.blogspot.com/2014/09/blog-post_67.html
http://myatnoehome.blogspot.com/2013/05/blog-post_1508.html
http://www.demowaiyan.org/2011/11/blog-post_1665.html