• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 26, 2010

ဆန္ဒမွန်



ဆန္ဒမွန်
(မင်းစိုးစံ)

ငါဟာ
ကဗျာကို
ယမကာလိုချစ်ခဲ့။ ။

ယမကာကို
ညကလပ်လိုနေရာမှာသောက်
တဖျောက်ဖျောက်မီးရောင်က,တနည်း
ခေတ်ပေါ်တီးလုံးတွေက,တသွယ်
မြူဆွယ်တဲ့မင်းရဲ့
ဆေးဆိုးပန်းရိုက်နဲ့မျက်နှာ။ ။

အဲဒီအချိန်မှာ
ခြေတစုံကိုဒူးထောက်နမ်းရင်း
ကြောင်အမ်းအမ်းနဲ့
ငါ…..ကဗျာတပုဒ်ရေးခဲ့မိတယ်။ ။


ငါ့အတွက်
သစ်ရွက်တွေကြွေကြ
ဖူးသစ်ကြ
စိမ်းနုခဲ့ကြတာ
ရာစုနှစ်တဝက်ကျိုး
ဆယ်စုနှစ်တဆက်တိုးခဲ့တာကို
မေ့သွားသလိုဖြစ်ခဲ့လေတော့
ခြေတစုံပေါ်မှာရေးခဲ့တဲ့ကဗျာဟာ
ရယ်(ရီ)စရာဖြစ်သွားတာသေခြာတယ်။ ။

ဘယ်လိုပဲဖြစ်ဖြစ်
ငါငုံ့နမ်းဖြစ်ခဲ့တဲ့ခြေတစုံဟာ
ငါ့ရင်ခုံသံကြောင့်
ခြေစုံရပ်နေရာကနေ
ဖဝါးတချပ်စာရှေ့တိုးလိုက်နိုင်တယ်ဆိုရင်
ရယ်(ရီ)စရာဖြစ်ချင်ဖြစ်ပါစေ
ငါကြေနပ်တယ်။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး