• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, March 26, 2010

သက်ဆိုင်သူသာ သိပါစေ



သက်ဆိုင်သူသာသိပါစေ
(မင်းစိုးစံ)

ရိုမီယိုနဲ့ ဂျူးလိယက်
မဟုတ်တဲ့ တို့နှစ်ယောက်
အချစ်လမ်းပေါ်လျှောက်မိတော့
အနမ်းမိုးတွေတဖျောက်ဖျောက်ရွာ
သမုဒ္ဒရာတွေလျှံသွားမတတ်
ချစ်ခဲ့ကြတဲ့အဖြစ်
ရင်ထဲမှာအမြဲသစ်နေတယ်။ ။

ရှင်မွှေးလွန်းနဲ့မင်းနန္ဒာ
လွမ်းစရာဇာတ်လမ်း
အိပ်ခန်းလေးထဲယူမလာခဲ့နဲ့နော်
ဘာမှမသိရှာတဲ့ခေါင်းအုံးလေး
မနွေးနိုင်မှာစိုးလို့ပါတဲ့။ ။


သန္တာရောင်မင်းနှုတ်ခမ်းကို
သွေးခြေဥအောင်နမ်းလိုက်မိတဲ့အတွက်
အပြင်ထွက်ရမှာရှက်တဲ့သူရယ်……
ခေါင်းအုံးအောက်က စွယ်တော်ရွက်ခြောက်
သူ့အကိုင်းအခက်ပေါ်ရောက်အောင်
ပြန်ဆက်လို့မရ,သလိုပါပဲ
အချစ်ဆိုတဲ့ကမ်းပါး
လှည့်စားတဲ့ကံကြမ္မာကြောင့်
ပြိုကျသွားခဲ့တာမို့
အချစ်မြစ်ရဲ့တနေရာမှာ
ကြင်နာတဲ့မေတ္တာကျွန်း
ထွန်းလောက်ပါတယ်လေ။ ။

ထွန်းလာတဲ့အကြင်နာကျွန်းမှာ
ကွန်းခိုပါအချစ်ရယ်
ကိုယ့်အဖြစ်ကတော့
အချစ်ကြီးသလို အမျက်သိုတတ်တဲ့
မင်းလေးရဲ့အမုန်းမြစ်ထဲ
တကျော့ပြန်လက်ပစ်ကူးရင်း
ဘဝ,အတွက် ဆန်တက်နေဆဲပါ။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး