• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, May 1, 2010

မှတ်ကျောက်


မှတ်ကျောက်
(မင်းစိုးစံ)

ဗိုလ်ချုပ်ထိန်မောင်
ကြောင်နေပြီလား
မေးစမ်းပါရစေ။ ။

ငြိမ်းချမ်းရေးကောင်စီ
ခပ်တည်တည်ပဲ
တီဗွီထဲမှာ
ဘာညာကွိကွ
ယုဂ်ပြကောင်းခဲ့။ ။

ဒေါနတောင်ရဲ့အနောက်ခြမ်း
ထို့ကိုကိုးမှာစခန်းဆောက်
ဘာပြေးပေါက်မှမရှိ
ချောင်ပိတ်မိနေပြီလား?



အမျိုးသားရေးအတွက်
ငြိမ်းချမ်းရေးအဖွဲ့ဖွဲ့ပြီး
အကြံကကြီးကြီးကျယ်ကျယ်
လယ်ဝါသနာပါတယ်တဲ့လား?

ဗိုလ်ချုပ်ရယ်
လယ်လုပ်ချင်တာတခုတည်းနဲ့
ကေအင်န်ယူထဲက
ခွဲထွက်ခဲ့ရသလားဗျာ။ ။


စစ်လည်းမတိုက်ချင်
အေးအေးပဲနေချင်ယုံမက
လယ်လုပ်ချင်သပါ့ဆိုရင်လည်း
လယ်စောင့်တဲလောက်တော့
လွတ်မြောက်နယ်မြေမှာ
ဆောက်လို့ရပါတယ်။ ။


အခုတော့ဗိုလ်ချုပ်အကြံ
သူငယ်ပျံတယ်ပြောမလား
လယ်ခြံလုပ်ရင်း
သေခြင်းတရားကို
လယ်သမားဘဝနဲ့
အရိုးထုတ်ခဲ့ချင်တယ်ပေါ့။ ။

ဗိုလ်ချုပ်ကြောင်သွားတာ
ဘာမှမဟုတ်ပေမယ့်
သမိုင်းကိုစစ်တမ်းထုတ်ရင်
လယ်လုပ်ချင်ရှာတဲ့
တော်လှန်ရေးသမားကောင်းတယောက်
လူထုကိုသစ္စာဖေါက်သွားတယ်ဆိုတာ
မှတ်ကျောက်တင်ထားပါပြီကော။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး