• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, May 3, 2010

စစ်အာဏာရူးများအတွက်


စစ်အာဏာရူးများအတွက်
(မင်းစိုးစံ)

အခုတလော မြန်မာစစ်အစိုးရအုပ်ချုပ်တဲ့မြန်မာပြည်မှာ ဗုံးပေါက်တဲ့သတင်းတွေက နေ့စဉ်ရက်ဆက် ကြားနေရပေမယ့် တရားခံအခုထက်ထိမပေါ်သေးတာကတော့ ထူးခြားသလိုလိုရှိပေမယ့် မထူးခြားဘူး လို့ပြောရင်လည်း ရတာပါပဲ၊ ဘာကြောင့်လည်းဆို တရားခံကိုမိမှမမိတဲ့ဥစ္စာ။

သင်္ကြန်ရက်ကတည်းက ပေါက်လိုက်တဲ့ဗုံး ပြည်နယ်နဲ့တိုင်း(၁၄)ခုရှိတဲ့အထဲက တဝက်လောက်ရှိမ လားမသိဘူး။
မြန်မာစစ်အစိုးရက တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေကို မြွေဟောက်ဘဝကနေ ရေမြွေဖြစ်အောင် ရေမြွေဘဝကနေ တီ ကောင်ဘဝရောက်အောင် ကြံရင်းဖန်ရင်းကနေ အခုတော့ သူတို့တွက်ထားသလို ဖြစ်မလာပဲ တိုင်းရင်း သားအပစ်ရပ်အဖွဲ့တွေဟာ မြွေဟောက်ဘဝကနေ နဂါးဘဝရောက်တော့မှာကို စိုးရိမ်စိတ်တွေပိုနေမှာကတော့ အသေအခြာပါပဲ။

အမျိုးသမီးအဆိုရှင်တယောက်ဆိုထားတဲ့ သီချင်းတပုဒ်ကို သွားပြီးသတိရမိတယ်“ကော်လံပေါ်မှာ နီနီ ရဲ တရားခံဘယ်သူလဲဟေ့” ဆိုသလိုပေါ့၊ ဒီဖြစ်ရပ်တွေအားလုံးရဲ့တရားခံကို ကာယကံရှင်အသိဆုံးပါ။ မြန်မာစကားပုံလည်း ရှိသားပဲ ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုတာလေ။ တရားခံကိုသိပေမယ့် ဖမ်းရတာ သိပ်ခက်နေမယ်ဆိုတာ ပြောဘို့လိုမယ်မထင်ပါဘူး။


ရွေးကောက်ပွဲကိစ္စကလည်း မပြီးနိုင်သေး၊ အင်န်အယ်လ်ဒီကလည်း ရွေးကောက်ပွဲမဝင်ဘို့ဆုံးဖြတ် လိုက်တော့ နဂိုလ်ကတည်းကမှ မအီမလည်ဖြစ်နေရတဲ့အထဲ ဗုံးတွေကလည်းဆက်တိုက်ကွဲ၊ အပစ်ရပ် အဖွဲ့တွေကလည်း ခေါင်းမာ၊ အဲဒါပဲစစ်အစိုးရရေ လူဆိုတာဘယ်တော့မှ အမြဲတမ်းကံမကောင်းနိုင်ဘူးဆိုတာ အဲဒါသာဓကပဲဗျ။

ဗမာစစ်အုပ်စုရဲ့ ၂၀၀၇ခုနှစ်တုန်းက အကောင်အထည်ဖေါ်လိုက်တဲ့ အရာတွေဟာအခုတော့ အသေအ ခြာကိုလက်တွေ့လုပ်ပြလိုက်တာလို့ ပြောနိုင်တာပေါ့၊ နေရာအနှံ့ဗုံးပေါက်တာကိုပြောတာပါ။

နအဖရဲ့လျှို့ဝှက်မှတ်တမ်းတွေကို သွားဖတ်ကြည့်တော့ နအဖစစ်တပ်ရဲ့ ၂၀၀၇ခုနှစ်တတိယလေးလ ပတ်ပြည်တွင်းတင်ပြချက်မှာ ဘာတွေတင်ပြထားသလဲဆိုတော့ မိုင်းဖြစ်စဉ်များကြောင့်အရာရှိ(၁)ဦးနှင့် အခြားအဆင့်(၁၅)ဦး စုစုပေါင်း (၁၆)ဦးကျဆုံးခဲ့ပြီး အရာရှိ(၉) ဦးနှင့်အခြားအဆင့်(၁၈၇)ဦး၊ စုစုပေါင်း(၁၉၆)ဦးဒဏ်ရာရရှိခဲ့ပါသည်၊ ထိတွေ့မိုင်းနှင့်ဖြစ်စဉ်များမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင်း၌ အများဆုံးဖြစ်ပွါးခဲ့ပြီး ကျဆုံး၊ ဒါဏ်ရာရရှိမှုမှာလည်း အ များဆုံးဖြစ်ကြောင်းသိရှိရပါသည်။
အဲဒီလိုတင်ထားတာဗျို့၊

နောက်ဆက်တွဲဘာတွေလုပ်သင့်တယ်ဆိုတာကိုတော့အခုလို တင်ပြပြန်ပါတယ်။
မိုင်းထိဖြစ်စဉ်များလျော့နည်းစေရေးအတွက် မိုင်းသင်္ခန်းစာများပို့ချပေးခြင်းအားဖြင့် မိုင်းကြွမ်းကျင်မှုရှိ လာပြီး စစ်သည်အဆင့်အတန်းအားလုံး မိုင်းအသိ မိုင်းသတိရှိလာကာ သမားရိုးကျလမ်းကြောင်းများ အတိုင်းအသုံးမပြုပဲ ရန်သူမမျှော်လင့်သည့်လမ်းကြောင်းများမှ စစ်နည်းဗျူဟာမြောက်ချီတက်၍ ရန်သူ မိုင်းထောင်အဖွဲ့များအား လက်ဦးမှုရယူချေမှုန်းခြင်း၊ တန်ပြန်မိုင်းစစ်ဆင်ခြင်းများပြုလုပ်နိုင်ရေးတို့အ တွက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။

အဲဒီတော့ဗျာ သမားရိုးကျလမ်းကြောင်းအတိုင်းအသုံးမပြုပဲ မမျှော်လင့်တဲ့လမ်းကြောင်းတွေကနေ လက်ဦးမှုယူပြီး တန်ပြန်ချေမှူန်းနိုင်ဘို့အတွက် ကြပ်မတ်ထားတဲ့ စစ်သည်တော်အဆင့်အားလုံးဟာ နေရာမရွေး အချိန်မရွေး လုပ်နိုင်ကိုင်နိုင်မှတော့ ဗုံးမပေါက်ပဲနေမလားဗျာ။

အဲဒီတော့ ရန်ကုန်၊ ကေါ့ကရိတ်၊ ပဲခူး၊ ကျိုက်မရော၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် ဧရာဝတီတိုင်း စတဲ့နေရာတွေမှာပေါက်ကွဲကုန်တာပေါ့။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ယတြာခြေတယ်ဆိုလား ဘာတဲ့ သူတို့စီးတဲ့လေယာဉ်ကို ဆင်ဖြူ တော်လို့ခေါ်ပြီးစီးတာလေ၊ တော်လိုက်ပါတော့ အတွင်းရေးမှူး(၁)ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဆင်ဖြူတော်ကိုပဲ တက်စီးလိုက်ပါတော့လား။

ဘာတဲ့ ဆရာစံဏီဘိုက ဒီနှစ်သင်္ကြန်မှာ တာစားတာက သောကြ်ာသားသမီးဆိုလား ကုသိုလ်ကောင်း မှုပြုနိုင်ရင်ကောင်းမယ်၊ မပြုနိုင်လို့ကတော့ ဘေးဒုက္ခတွေ့မယ်ဆိုလား ဟောသွားလေရဲ့ သနားစရာ သောကြ်ာသား တယောက်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ ၉ပါးသီလ ယူတယ်ဆိုပါလား ကုသိုလ်တပဲ ငရဲဆယ်ပိဿာမကတဲ့လူက အဖေါ်ထပ်ခေါ်လိုက်သေးတယ် သိန်းစိန်ကို ကြံ့ဖွံ့ပါတီ ဖွဲ့စေပြီး ရွေးကောက်ပွဲဝင်ခိုင်းတယ်လေ။

အဲဒါပဲဗျ လူဆိုတာ ပြဿနာဖြစ်လာပြီဆိုရင် အုံနဲ့ကျင်းနဲ့ကိုကြုံရဆုံရတာ နောက်တခုက အမှားတွေ ကိုပဲ ဆက်လုပ်နေမိလျက်သားဖြစ်နေတတ်တယ်။ မကောင်းမှုအထုံပါနေတာဆိုတော့ မျက်နှာတိမျက် နှာထားကိုကြည့်လိုက်တာနဲ့ သိသာပါတယ်။



တခုတော့ရှိတာပေါ့ဗျာ ကိုယ်ကမကောင်းတာတွေလုပ်ထားတော့ ကိုယ့်လူကိုလည်းဘယ်ယုံရဲမလဲ၊ ကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရေ အကြံကောင်းဥာဏ်ကောင်းလေးထွက်လာလေမလား ဆိုပြီးစဉ်းစားနေပြီ
လားဗျ၊

မကောင်းတာတွေနေ့စဉ်ရက်ဆက်ကြံနေမှတော့ ခင်ဗျားကြီးရဲ့ခေါင်းထဲမှာ ကောင်းတဲ့အကြံအစီမျိုး ထွက်လာမှာမဟုတ်ဘူးဆိုတာ ဗေဒင်မေးနေစရာမလိုပါဘူး၊ ဆန်ကုန်တယ်။
တခုသေခြာတာကတော့ သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံပြန်လာမည် ဆိုသလိုပေါ့ အလှည့်ကျရင် မနွဲ့နဲ့ပေါ့ ဟုတ်ပြီလား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး