• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, May 5, 2010

ရဲချုပ်ခင်ရီက သတင်းစာရှင်းလင်းပွဲလုပ်မယ်တဲ့ဗျို့

Photo by www.irrawaddy.org

ဗုံးပေါက်ကွဲမှု သတင်းစာရှင်းလင်းပွဲလုပ်မည်

မျိုးသိဏ်း | အင်္ဂါနေ့၊ မေလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၁၈ မိနစ်


ရန်ကုန် (မဇ္ဈိမ)။ ။ သင်္ကြန်အကြတ်နေ့ ရန်ကုန်ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတရပ်ကို မေလ (၆)ရက်နေ့တွင် နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရဲချုပ်ခင်ရီ ဦးဆောင်မည့် အဆိုပါ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ရန် ပြည်တွင်းမီဒီယာများနှင့် ပြည်ပသတင်းဌာနများမှ ကိုယ်စားလှယ်များကို ယနေ့ မေလ (၄)ရက်နေ့တွင် စာပေစိစစ်ရေးမှ အကြောင်းကြားခဲ့သည်။

"ဂျာနယ်တိုက်တတိုက်ကို အယ်ဒီတာချုပ်နဲ့ နောက်တဦးတက်ခွင့်ရပါတယ်။ တက်မယ့်လူစာရင်းကို တခါတည်းပေးလိုက်ရတယ်။ ရန်ကုန်က မီဒီယာအားလုံးကို စိစစ်ရေးက ကားနဲ့ အကြိုအပို့လုပ်ပေးမယ်လို့ ပြောတယ်။" ဟု ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ အယ်ဒီတာချုပ်ဖြစ်သူက ဆိုသည်။
Photo by www.irrawaddy.org
ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့မှုကြောင့် တာဝန်ကျလုံခြုံရေးအများစု ပါဝင်သော လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့သည်။