• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, May 5, 2010

ကမ္ဘာ့လူငယ်ခေါင်းဆောင် Zoya Phan နှင့် VOA Burmese Section တို့ တွေ့ဆုံမေးမြန်းခန်း


ကမ္ဘာ့လူငယ်ခေါင်းဆောင် Zoya Phan နှင့် VOA Burmese Section တို့ တွေ့ဆုံမေးမြန်းခန်း
(မင်းစိုးစံ)

Tanzania နိုင်ငံမှာကျင်းပနေတဲ့ နိုင်ငံတကာလူငယ်ခေါင်းဆောင်များ ထိပ်သီးညီလာခံနဲ့ဆိုင်တဲ့သတင်းကို ပြော ပြချင်ပါတယ်၊ အာဖရိကဆိုင်ရာ ကမ္ဘာ့စီးပွါးရေးညီလာခံနဲ့တွဲဖက်ပြီးတော့ သတ္တမအကြိမ် မြောက် နိုင်ငံတကာ လူငယ်ခေါင်းဆောင်များ ထိပ်သီးညီလာခံကို မေလ ၂ရက်နေ့ကနေ ၇ရက်နေ့အထိ Tanzania နိုင်ငံ Dar es Salaam မြို့တော်မှာ ကျင်းပနေရာမှာ တိုင်းရင်းသူလေး Zoya Phanလည်းတက်ရောက်နေပါတယ်။

ဒီနှစ်အစောပိုင်းက နိုင်ငံတကာလူငယ်ခေါင်းဆောင်တဦးအဖြစ် ရွေးချယ်ခံရသူ Zoya Phan ကိုဒေါ်လှ လှသန်း က ဆက်သွယ်မေးမြန်းရာမှာတော့ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးနဲ့ပတ်သက်လို့ နိုးကြားမှုရှိရေးကို သူ့အနေနဲ့ညီ လာခံမှာ အလေးပေးဆောင်ရွက်သွားမယ်လို့ Zoya Phan ကအခုလိုစ,ပြောပါတယ်။

“ကျမအခု Tanzania မှာကျင်းပတဲ့ ကမ္ဘာ့လူငယ်ခေါင်းဆောင်အစည်းအဝေးမှာတော့ ယခုလက်ရှိမြန် မာပြည်ရဲ့ အခြေအနေပေါ့နော် တက်ရောက်နေတဲ့ကမ္ဘာ့လူငယ်ခေါင်းဆောင်တွေဆီကို ကျမကတင်ပြပါတယ် ဒီမှာ အဓိ က,က တော့ မြန်မာနိုင်ငံရေးအခြေအနေ စီးပွါးရေးအခြေအနေပေါ့နော် နောက်ပြီးတော့ လူမှုရေးကိုပြန်ကြည့် တဲ့အချိန်မှာ ခုလောလောဆယ် စစ်အာဏာရှင်က တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အချိန်မှာ စစ်အာဏာရှင်ကပဲ တိုင်းပြည်ကို အတင်းအဓမ္မအုပ်ချုပ်နေပြီးတော့ စစ်အာဏာကိုပဲသုံးပြီးတော့ လူထုတွေကို နှိပ်စက်နေတာကို ကျမ အဲဒီမှာတင်ပြပါတယ်၊ တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်လူငယ်တွေဘက်ကလည်း စိတ်ဝင်စားမှု တွေ တော်တော်များများရှိလာပါတယ်”

ဒေါ်လှလှသန်း။ ။ “လူငယ်တွေအနေနဲ့ ဘယ်လိုအကူအညီပေးနိုင်မလဲရှင့်၊ အထူးသဖြင့် မြန်မာ့အရေးနဲ့ပတ် သက်လို့ပေါ့နော်”

Zoya Phan။ ။ “သူတို့လုပ်နိုင်တာကတော့ ပထမအပိုင်းမှာတော့ မြန်မာပြည်အကြောင်းကို လူတွေက ဒီထက် ပိုသိလာအောင် လုပ်မယ်လို့သူတို့ပြောပါတယ်၊ မြန်မာပြည်သူပြည်သားတွေအတွက် Human material aid ကို ပိုပြီးတော့ရအောင် ကျမတို့က Camping လုပ်ဘို့တွေရှိပါတယ်၊ တတ်နိုင်သလောက်သူတို့အစိုးရဆီကို ပြန်ပြီး တော့ တောင်းဆိုနိုင်ပါတယ်”
“ဒုတိယအချက်ကျတော့ သူတို့အစိုးရကနေတဆင့် မြန်မာစစ်အစိုးရအပေါ်မှာ သူတို့ပိုပြီးတော့ တင်းမာတဲ့နိုင်ငံ ခြားရေးပေါ်လစီကို ထူထောင်နိုင်ဘို့ သူတို့ဘက်ကလည်း ကူညီပေးနိုင်ပါတယ်”

ဒေါ်လှလှသန်း။ ။ “ဆိုတော့ ခုလို Zoya တင်ပြတော့ နိုင်ငံတကာ လူငယ်တွေဘက်ကကော ဘယ်လိုတုံ့ပြန်မှု တွေ ထွက်ပေါ်လာသလဲရှင့်”

Zoya Phan။ ။ “ဒီ၂ရက်အတွင်းမှာပေါ့နော် သူတို့ဘက်ကတော့စိတ်ဝင်စားမှုတွေ အများကြီးရှိလာပါတယ်၊ ဒီ နေ့မှာပေါ့နော် ကျမတို့ဆွေးနွေးခန်းတွေ လုပ်တဲ့အချိန်မှာ သူတို့ဘက်ကတော့ မြန်မာပြည်အကြောင်းကို ပိုပြီး တော့မေးလာပါတယ်၊ အခုဆိုရင် သူတို့မြန်မာပြည်အကြောင်းကြားရပြီး ပိုပြီးတော့နားလည်လာပြီဆိုတော့ သူ တို့ဘက်ကနောက်ထပ်တဆင့် ဘယ်နည်းလမ်းကမြန်မာပြည်အရေးကို ကူညီပေးနိုင်ရင်အကောင်းဆုံးဖြစ်မလဲ ဆိုတာကို သူတို့မေးလာပါတယ်၊ အဲဒါကြောင့်နိုင်ငံတကာဘက်က ဒီ နိုင်ငံရေးဖိအာပေးမှုတွေရော စီးပွါးရေးဖိ အားပေးမှုတွေရောပေါ့နော် အတူတူပေါင်းပြီးတော့ စစ်အာဏာရှင်အပေါ်မှာ ဒီထက်ပိုပြီးတော့ထိရောက်တဲ့ Pressure တွေပေးဘို့ ကျမတို့လိုအပ်နေတယ်လို့ အဲဒီမှာတင်ပြပါတယ်”

ဒေါ်လှလှသန်း။ ။“အထူးသဖြင့် ဒီရွေးကောက်ပွဲတွေနီးကပ်လာတဲ့အချိန်မျိုးမှာ ဖိအားပေးတာနဲ့ အပြောင်းအ လွဲကိုဖေါ်ဆောင်ဘို့ လုံလောက်မယ်လို့ Zoya ထင်ပါသလားရှင့်”

Zoya Phan။ ။ “ခုအချိန်မှာ ကြည့်ရမယ်ဆိုရင်တော့ နိုင်ငံတကာရဲ့ Pressure တွေက နောက်မကျသေးပါဘူး လို့ ကျမမြင်ပါတယ်၊ ဘာဖြစ်လဲဆိုတော့ ကျမတို့ပြီးခဲ့တဲ့နှစ်၂၀ ကို ပြန်ပြီးတော့ကြည့်ရတဲ့အချိန်မှာ ဒီ နိုင်ငံတ ကာရဲ့ Pressure တွေက ထိရောက်စွာမရှိသေးလို့ပေါ့နော် အဲဒါကြောင့်စစ်အာဏာရှင်က သူတို့ဘာသာ သူတို့ လုပ်ချင်တိုင်းလုပ်နေတာပဲ ဖြစ်ပါသေးတယ်၊ ဒီထက်ပိုပြီးတော့ Pressure တွေလိုအပ်နေပါတယ်”

ဥပမာဆိုရင်နော် နိုင်ငံတကာရဲ့လက်နက်ရောင်းချရေးပေါ့နော် အဲဒါ Global arm ကိုအခုထက်ထိ မြန်မာပြည် မှာမရှိသေးဘူး ပြီးတော့ထိရောက်တဲ့စီးပွါးရေးပိတ်ဆို့မှုတွေလည်း ကျမတို့မတွေ့ရသေးဘူး၊ ပြီးတော့ UN Security Conceal ကနေ တဆင့်ပေါ့နော် မြန်မာပြည်အရေးကို ထိရောက်စွာအရေးမယူသေးဘူး၊ International Crime Court နိုင်ငံတကာရဲ့ နအဖ စစ်အာဏာရှင်ခေါင်းဆောင်တွေကို အရေးယူဘို့ အဲဒါ ကျ မတို့မမြင်ရသေးပါဘူး၊ အဲဒါကြောင့် ဒီ Pressure တွေရှိနိုင်ဘို့အတွက် ကျမတို့ဘက်ကပေါ့နော် အဲဒါလှုပ်ရှားမှု တွေ အမြဲတမ်းရှိနေမယ်လို့ ကျမပြောချင်ပါတယ်”

ဒေါ်လှလှသန်း။ ။ “Zoya က နိုင်ငံတကာလူငယ်ခေါင်းဆောင်တဦးဆိုတော့ မြန်မာပြည်အနာဂါတ်အရေးမှာ လူ ငယ်တွေရဲ့အခန်းကဏ္ဍ ဘယ်လောက်အရေးကြီးပါသလဲရှင့်”

Zoya Phan။ ။ “အဲဒါကတော့ ကျမအမြင်မှာတော့ တကယ့်ကိုအရေးကြီးပါတယ် အဲဒါ ကျမတို့တိုင်းပြည်တခု လုံးရဲ့ အနာဂါတ်အတွက်ပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ အခုလူငယ်တွေက အနာဂါတ်မှာဆိုရင် သူတို့ကခေါင်း ဆောင်တွေဖြစ်လာမယ့် လူငယ်တွေဖြစ်ပါတယ်၊ အဲဒါကြောင့် ကျမတို့အခုကတည်းက အဆင်သင့်ဖြစ်အောင် ကျမတို့ကြိုးစားရမယ်၊ အဲ ဒီအချိန်မှာ ပညာရေးကအရေးကြီးပါတယ် ပညာရေးနဲ့ရည်မှန်းချက်ပေါ့နော် လူငယ် တွေတိုင်းမှာရှိသင့်တယ်လို့ ကျမမြင်ပါတယ်၊ အခုပြန်ကြည့်ရမယ်ဆိုရင် ကျမ ကမ္ဘာ့လူငယ်ခေါင်းဆောင်ညီလာ ခံပေါ့နော် တက်ရောက်တဲ့အချိန်မှာ မြန်မာပြည်ကလာတဲ့လူတွေဆိုရင် ကျမ တယောက်တည်းပဲရှိတယ်၊ ကျမ ကမြန်မာပြည်ကလူငယ်ခေါင်းဆောင်တွေ ဒီထက်ပါဝင်စေချင်တယ်လေ၊ အဲဒါကြောင့်မြန်မာပြည်မှာရှိတဲ့လူငယ် တွေကို ကျမက ကြိုးစားစေချင်ပါတယ်”

ဒေါ်လှလှသန်း။ ။ “ကျေးဇူးအများကြီးတင်ပါတယ် Zoya ရေ၊ အခုလို စိတ်ရှည်ရှည်နဲ့ ရှင်းပြတဲ့အတွက်ပေါ့နော်”

ဒီအကြောင်းအရာတွေကတော့ www.voanews.com/Burmese ကထုတ်လွှင့်သွားတာကို နားထောင်ပြီး ပြန် ရေးထားတာဖြစ်တဲ့အတွက် စာလုံးပေါင်းမှားရင်ပဲဖြစ်ဖြစ် တစုံတရာချို့ယွင်းအားနည်းမှုရှိတယ်ဆိုရင် အဲဒါကျုပ်ရဲ့ အမှတ်သညာမှားယွင်းလျော့ရဲမှုသာဖြစ်တဲ့အတွက် ကျုပ်မှာသာတာဝန်ရှိပါတယ်ခင်ဗျား။

အစဉ်လေးစားတန်ဘိုးထားလျှက်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး