• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, June 10, 2010

သွပ်ဆူးကြိုးကြားက ဘဝများ




သွပ်ဆူးကြိုးကြားက ဘဝများ
(မင်းစိုးစံ)

ငါ…စဉ်းစားနေတာလား
ဒါမှမဟုတ်
ငါ….ကြောင်နေတာလား။

နောက်တမျိုး
ငါ့ဦးဏှောက်ထဲ
ပိုးဝင်နေတာလား
ပိုးထဲကို
ငါ့ဦးဏှောက်တွေ
ရောက်သွားတာလား။

ဦးဏှောက်ထဲကို
ပိုးတွေပဲဝင်ဝင်
ပိုးတွေထဲကို
ဦးဏှောက်ပဲရောက်နေနေ
ကြောင်နေတာနဲ့တွေးနေတာ
ဘာမျှမကွာဘူး။


ငါ့ ဘဝကို
သွပ်ဆူးကြိုးတွေက
ထိန်းချုပ်ထားတာလား
သွပ်ဆူးကြိုးကြား
ငါ့ဘဝကို
ပုံအပ်လိုက်တာလား

ငါ့ဘဝကို
သွပ်ဆူးကြိုးက
ကိုက်ဖြတ်စားသောက်နေတာလား
သွပ်ဆူးကြိုးကို
ငါ့ဘဝက
ကိုက်ဖြတ်စားသောက်နေတာလား

ဘဝကိုသွပ်ဆူးကြိုးကြား
ဘယ်လိုပဲပုံပုံ
သွပ်ဆူးကြိုးကဘဝကို
ဘယ်လိုပဲထိန်းချုပ်ထိန်းချုပ်

သွပ်ဆူးကြိုးတွေကို
ဘဝတွေကကိုက်စားကြသလို
ဘဝတွေကိုသွပ်ဆူးကြိုးတွေက
ကိုက်စားနေကြပြန်တယ်။



ဘဝတွေနဲ့သွပ်ဆူးကြိုးတွေကြား
ရိုက်စားလုပ်နေသူတွေကတော့
စည်းရိုးခပ်သူနဲ့
သံဆူးကြိုးထုတ်တဲ့သူတွေပါ။

သြော်….
၁၉၈၄ ခုနှစ်ကနေ ၂၀၁၀ အထိဆိုတော့ဗျာ
စေတနာရှင်တွေ
သဘောပေါက်နေကြပါပြီ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး