• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Saturday, June 12, 2010

တရုတ်ပေသီး



တရုတ်ပေသီး
(မင်းစိုးစံ)

သစ်ရွက်တွေလှုပ်ခါ
လေပြေလာတဲ့ဒီတောင်ထိပ်
မှောင်မဲပြီးဆိတ်ငြိမ်နေ။

လေပြေဆိုပေမယ့်
ငါ့တဲရဲ့အမိုးဟာ
ကဗျာလွတ်က,နေတဲ့
ယိမ်းသမ,လိုတဖြတ်ဖြတ်။

လေက အနောက်လေ
ယမ်းနံ့တွေနဲ့သွေးနံ့ရောသလို
ဘဝမောသံတွေနဲ့
အမေတွေရဲ့မျက်ရည်စ,
ငါ့အိမ်ခေါင်မိုးပေါ်ကျလာတယ်။

မကြာခဏ
ငါ့တဲနားမှာ
မနုဿအချင်းချင်း
ရောင်းကြဝယ်ကြ
လောဘမုန်တိုင်းတွေထန်နေကြ။

အရှေ့လေကိုငါမျှော်လိုက်တော့
ခပ်ပျော့ပျော့ခပ်နွဲ့နွဲ့
သဲ့သဲ့လေးလှုပ်ရုံ
ကတုံကယင်တိုးတိတ်
ငါ့အတွက်စိုးရိမ်စိတ်ဝင်တယ်ဆိုလား။



စားနေကြကြောင်ဖါးတွေကျတော့
အလုပ်ကြီးအကိုင်ကြီးများကြား
တရုတ်ကြီးဝင်စားသလို
ပေသီးတွေနဲ့ဇယားရှုတ်နေတုန်းပါပဲ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး