• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, June 11, 2010

ကန့်လန့်ကာဖွင့်ကြည့်


ကန့်လန့်ကာဖွင့်ကြည့်
(ရောင်ခြည်ဦး)

ငါ့အစင်း ငါ့အချင်းသာ
အကောင်းဆုံးရယ်လို့
ပီတိတွေဖြာ
အရောင်မတူရင် ငါမလှည့်
ညို မည်းကိုငါမကြိုက်
ငါ့မာနက မိုးပေါ်မှာ
တစ်ဖြေးဖြေး ငါ့ခန္ဓာ
ကန့်လန့်ကာအဖွင့်မှာတော့
အို ဒီတစ်ရောင်တည်းပေမို့
အပြင်အဖြူ အမည်းတွေက
အခွန်နွှာပါကလားရယ်ပေါ့
ညစ်ပေနေတဲ့ ငါ့နှလုံးသားကိုလ
နောင်တ တရားတွေနဲ့
ဖွတ်လျှော် ဆေးကြောကာ
တိုးတက်လာသည့်
သက္ကရာဇ်တွေနဲ့
ဖြောင့်မတ် မှန်ကန်သော
လမ်းကိုလျှောက်ရင်း
အသိ ပညာ အလိမ္မာ
ရနံ့တွေနဲ့သင်းပျံ့စေခဲ့။

(ရောင်ခြည်ဦး)



ကျမတို့လူသေ (သို့) လူနာတွေကိုခွဲစိတ်ရတဲ့အခါ လူရဲ့အခွံနဲ့တူတဲ့အပြင်အသားအရောင်ပေါ်ကစခွဲပြီး တစ်ဖြေးဖြေးအတွင်းအသားထဲထိခွဲရပါတယ်။ အထဲမှာအရေးကြီးတဲ့ လူ့ခန္ဓာကိုယ်ကိုဖွဲ့စည်းထားတဲ့ ဦးနှောက်၊ နှလုံး၊ အသည်း၊ အစာအိမ်၊ အရိုး စသည်တို့ဟာ လူမျိုးတိုင်းမှာအရောင်တူကြပါတယ်။

ဒီနေရာမှာကျမ high light ပေးချင်တာက အပြင်အသားအရောင်ဆိုတာ လူတွေရဲ့အခွံတစ်ခုပါ။ အဓိကအချက်ကတော့ စိတ်နှလုံးပိုင်းဆိုင်ရာပဲဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ လူ အချင်းချင်းခွဲခြားနေရင် စည်းလုံးညီညွတ်မှုဆိုတာ မဖြစ်လာနိုင်ပါဘူး။

ဒါကြောင့် စစ်မှန်တဲ့ဒီမိုကရေစီကိုလည်းဘယ်လိုလို့ရနိုင်မှာလဲရှင်။


(ဒေါက်တာယဉ်ယဉ်)