• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, February 15, 2011

Eye Defender


Tuesday, 15 February 2011
The Voice Journal
ကွန်ပျူတာရှေ့မှာ နာရီပေါင်းများစွာ အလုပ်လုပ်ရသူတွေဟာ မျက်စိ မှုန်တာ၊ ၀ါးတာ၊ မျက်ရည်ပူကျတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက် နောက်ကြောထိုးတာ စတဲ့ရောဂါလက္ခဏာတွေကို အနည်းနဲ့အများ ခံစားရ တတ်ပါတယ်။
ဒါကြောင့် လုပ်ငန်းခွင်မှာ နာရီပေါင်းများစွာ ကွန်ပျူတာအသုံးပြုရသူတွေအတွက် အဲဒီလိုရောဂါဝေဒနာတွေကို သက်သာလျော့နည်းစေပြီး သင့်တင့်မျှတတဲ့ ကွန်ပျူတာသုံးချိန်ဖြစ်အောင် ကူညီပေးမယ့် Software လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါ။
Eye Defender ဟာ ကွန်ပျူတာရှေ့မှာ နာရီပေါင်းများစွာ အလုပ်လုပ်ရသူတွေအတွက် အမြင်အာရုံမထိခိုက် စေဖို့ မျက်စိအနားရအောင်သတိပေး မယ့် Software လေးတစ်ခုပါ။
ကွန်ပျူတာအသုံးပြုသူတစ်ယောက်ကို သတ်မှတ်ထားတဲ့အချိန်တိုင်းမှာ ခဏတာအနားယူဖို့ သတိပေးမယ့်သူ့ရဲ့ လုပ်ဆောင်ချက်က ရိုးရှင်းပြီး အသုံးတည့်လှပါ တယ်။

Eye Defender ကို Install လုပ်ပြီး Run လိုက်တာနှဲ့System tray ထဲမှာ နေရာယူလိုက်ပြီး သတ်မှတ်ထားတဲ့ နားချိန်ရောက်တာနဲ့ ကြိုတင်ထည့်သွင်းထားတဲ့ ဓာတ်ပုံတွေနဲ့ Slide Show ပြသပေးခြင်း၊ မျက်စိကို အနားရ စေမယ့် လေ့ကျင့်ခန်းစတင်ပေးခြင်း၊ ကိုယ့်စက်ရှဲ့Screensaver ကို ပြသပေးခြင်း၊ ဒါမှမဟုတ် System tray နေရာကနေ သတိပေးစာတန်းလေးနဲ့ သတိပေးခြင်း စတာမျိုးတွေကို လုပ်ဆောင်ပေးမှာပါ။
ဒါဆိုရင် Eye Defender ကိုသုံးပြီး ဘယ်လောက်ကြာကြာ အလုပ်လုပ်မယ်၊ ပြီးရင် ဘယ်နှမိနစ်လောက် အနားယူမယ်ဆိုတာကို စိတ်ကြိုက် ချိန်ညှိထားနိုင်ပါပြီ။
Eye Defender ကို အခမဲ့ရယူနိုင်ပြီး ဖိုင်ပမာဏကလည်း သေးငယ်လှတာမို့ www.eterlab.com ကနေ အလွယ်တကူ ဆွဲချရယူနိုင်ပါလိမ့်မယ်။

Tuesday, 15 February 2011
The Voice Journal